ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
Share now

ကင်ဆာ အခုနောက်ပိုင်း အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ အသက်ကြီးမှ အဖြစ်များတယ်ဆိုပေမယ့် အရွယ်မရွေး ခံစားရနိုင်ပါတယ်။ ကင်ဆာ ခံစားရတာက နေထိုင်စားသောက်မှုပုံစံကြောင့်လည်း အများကြီး ပါပါတယ်။

ဒီတစ်ခေါက်တော့ ဘယ်လို အမူအကျင့်တွေက ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်အချို့

နေ့စဉ် လုပ်မိနေတဲ့ အမူအကျင့်တွေထဲမှာ ဒါတွေပါနေလား ဆန်းစစ်ပါ။

သကြား အများကြီးစားမိတယ်

ချိုချိုလေးမှ ကြိုက်တယ်ဆိုပြိး သကြားတွေ အများကြီး စားမိနေပြီလား။ ဒါဆိုရင်တော့ အခုကစပြီး သကြား လျှော့စားပါ။ သကြား အများကြီး စားတာက အဝလွန်တာနဲ့ ရောင်ရမ်းမှုကို ဖြစ်စေတာလိုမျိုး ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေတဲ့ အရာတေါကို ဖြစ်ပေါ်စေနိုင်ပါတယ်။

သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ သကြားကို လက်ဖက်ရည်ဇွန်း ၁၂ ဇွန်းစာထက် ပိုမစားသင့်ပါဘူး။ ဒီပမာဏထက် ပိုစားမိနေမယ် ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေက အတော်လေး များနေပါပြီ။

ပြုပြင်ထားတဲ့ အသားတွေ စားတယ်

ပြုပြင်ထားတဲ့ အသားတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက အူမကြီး နဲ့ အစာဟောင်းအိမ်ကဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ တစ်နေ့တာမှာ ပြုပြင်ထားတဲ့ အသား ၁.၈ အောင်စ စားသုံးတာက အူမကြီး ကင်ဆာ ခံစားရနိုင်ခြေကို ၁၈ ရာခိုင်နှုန်းအထိ တိုးစေနိုင်ပါတယ်။

ဒါကြောင့် ဟော့ဒေါ့တွေကစလို့ ပြုပြင်ထားတဲ့ အသားအမျိုးမျိုးကို တတ်နိုင်သမျှ လျှော့စားပါ။

အထိုင်များတယ်

ကင်ဆာ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်း တစ်ရပ်က အထိုင်များတာပါ။ ခန္ဓာကိုယ်က လှုပ်ရှားဖို့ လိုပါတယ်။ မလှုပ်ရှားဘဲ ထိုင်ပဲထိုင်နေတာက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေကို စုမိစေပြီး ကင်ဆာဖြစ်စေဖို့ တွန်းအားပေးပါတယ်။

တစ်​နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်ကနေ ၁ နာရီလောက် လှုပ်ရှားမှု ရှိဖို့ ဂရုပြုပါ။ ဒါမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။

အသီးအနှံတွေ မစားမိဘူး

တစ်နေ့တာ စားသုံးမှုမှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ သင့်တင့်မျှတစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘဲ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို မစားသုံးတာက လုံလော်ကဲ့ အမျှင်ဓာတ် ရရှိမှုကို အဟန့်အတားဖြစ်စေပြီး ဦးခေါင်းနဲ့ လည်ပင်း ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာတွေ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အဆိပ်အတောက်ဖြေပေးတဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် ကင်ဆာ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ပလပ်စတစ် အသုံးပြုတယ်

အချို့သော ပလပ်စတစ်တွေမှာ BPA လို့ခေါ်တဲ့ synthetic hormone ပါဝင်နေပါတယ်။ ဒီဟော်မုန်းက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကို ထိခိုက်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

ဒီအချက်တွေအပြင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

လူတိုင်း စမတ်ခ်ဖုန်းသုံးနေကြတဲ့ ခေတ်ထဲမှာ ဖုန်းမကြည့်နဲ့ဆိုလို့ပြောလိုက်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားမယ်ထင်ပါရဲ့။ ဒါပေမယ့် အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

သီဟိုဠ်စေ့မှာ အရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့ copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ် ကြွယ်ဝတဲ့ သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေရဲ့ အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 1 min read
တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများအားနည်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read