backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား

လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား

လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား …… အမျိုးသားတစ်ယောက်အတွက် လိင်တံ ပေါ်မှာ သွေးပြန်ကြောတွေ ထင်ထင်ရှားရှား မြင်နေရတဲ့ ဖြစ်စဉ်ဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ အထူးသဖြင့် လိင်တံ ကောင်းစွာ ထောင်မတ်နိုင်ဖို့အတွက် ဒီသွေးပြန်ကြောတွေထဲကို သွေးကောင်းစွာ စီးဆင်းသွားပြီး အဲ့ဒီသွေးတွေကို နှလုံးဆီသို့ ပြန်လည်ပို့ဆောင်ပေးတာကြောင့် ဒီအကြောတွေရှိနေဖို့ လိုအပ်ပါတယ်။

လိင်တံပေါ်မှာ အကြောတွေထောင်ထနေတာ စိုးရိမ်စရာရှိလား

တချို့အမျိုးသားတွေမှာ လိင်တံ သွေးကြောက မျှင်မျှင်လေးသာ မြင်တတ်ပြီး တချို့တွေမှာတော့ အပြင်ဘက်မှာ တော်တော်လေးကို ကြီးကြီးမားမား ထောင်ထွက်နေနိုင်ပါတယ်။ ဒီသွေးပြန်ကြောတွေနဲ့ ပုံစံအရွယ်အစား အချိန်နဲ့အမျှ ပြောင်းသွားတတ်ပြီး လိင်ဆက်ဆံေနစဉ်မှာ ထိခိုက်မိတာ၊ သွေးကြောပေါက်ပြဲတဲ့ အခြေအနေမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒီနေ့ဆောင်းပါးမှာတော့ လိင်တံ သွေးကြောတွေဟာ ဘာကြောင့် အမျိုးသားတွေရဲ့ လိင်မှုဘဝအတွက် အရေးပါလဲ၊ ဘယ်လိုအချိန်မှာ ပုံစံပြောင်းလဲသွားနိုင်လဲ၊ ဘယ်အခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

လိင်တံသွေးကြောတွေ ဘာလို့ ထောင်နေတာလဲ။

အရေပြားဟာ ထူထပ်မှု၊ သွေးကြောရဲ့ အရွယ်အစား၊ လတ်တလော ကိုယ့်ရဲ့ လိင်မှုကိစ္စ ဆက်ဆံခြင်း အခြေအနေပေါ်မှာ မူတည်ပြီး လိင်တံသွေးကြောတွေဟာ အပြင်ဘက်မှာ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။

လိင်တံထောင်မတ်ခြင်း စတင်ဖို့အတွက် နှလုံးကနေ အောက်စီဂျင်ပါဝင်တဲ့ သွေးတွေဟာ နှလုံးသွေးလွှတ်ကြောကနေတစ်ဆင့် လိင်တံဆီသို့ ရောက်ရှိပါတယ်။ လိင်တံကနေမှ ပတ်ပတ်လည် သွေးကြောတွေထဲကို သွေးဖြတ်သန်းစီးဆင်းသွားပြီး သွေးကြောက ပုံမှန်ထက် ပိုကြီးလာကာ လိင်တံထောင်မတ်လာပါတယ်။ လုံးဝမထောင်မတ်ဘဲ ပျော့ကျသွားတဲ့အချိန်အထိ သွေးတွေဟာ လိင်တံအတွင်းက သွေးကြောတွေထဲမှာ တည်ရှိနေပါတယ်။ ပျော့ကျသွားချိန်မှာတော့ သွေးစီးဆင်းမှုနည်းသွားတဲ့အတွက် လိင်တံသွေးကြောကို မမြင်ရတာမျိုး ရှိနိုင်ပါတယ်။

သွေးကြောအရွယ်အစားက လိင်တံထောင်မတ်ခြင်းနဲ့ သုက်လွှတ်နိုင်စွမ်းအပေါ် သက်ရောက်နေလား။

လိင်တံကို ကြာရှည်စွာ ထောင်မတ်ခြင်းဖြစ်စေဖို့ သွေးကြောအရွယ်အစားက သက်ဆိုင်မှု မရှိသလို သုက်လွှတ်ပမာဏ ပြင်းထန်ဖို့၊ သုက်ပိုးကောင်ရဲ့ ကျန်းမာရေးနဲ့လည်း မသက်ဆိုင်ပါဘူး။ တစ်ချို့အခြေအနေမှာတော့ သွေးကြောအတွင်း သွေးခဲပြီး ပိတ်ဆို့နေတဲ့အတွက် သွေးကြောက ကြီးလာတယ်လို့ ထင်ရပြီး လိင်တံေကာင်းစွာ မထောင်မတ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။

ခါတိုင်းထက်ပိုပြီး လိင်တံသွေးကြောတွေက ထောင်မတ်နေတာ ဘာကြောင့်လဲ။

၁။ လတ်တလော ဖြစ်ခဲ့တဲ့ လိင်မှုကိစ္စကြောင့်

လိင်တံ ထောင်မတ်နေချိန်မှာ ပျမ်းမျှအားဖြင့် သွေး ၁၃၀ မီလီလီတာလောက်က လိင်တံအတွင်း သွေးကြောတွေနဲ့ နူးညံ့တဲ့ တစ်သျှူးအလွှာတွေထဲမှာ စီးဆင်းနေပါတယ်။ သုက်ထွက်ပြီးသွားချိန်၊ လိင်တံ ပျော့သွားချိန်မှသာ ဒီသွေးတွေက နှလုံးသွေးလွှတ်ကြောဆီ ပြန်လည် စီးဆင်းသွားတာပါ။ ဒါကြောင့် လိင်တံအတွင်းမှာ ကျန်နေခဲ့တဲ့ တစ်သျှူးတွေနဲ့ သွေးကြောတွေဟာ ပုံမှန်ထက် အရွယ်အစား ပိုကြီးနေတယ်လို့ ထင်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၂။ ကပ္ပါယ်အိတ်ပေါ်က သွေးကြောတွေ

ဆယ်ကျော်သက်အရွယ် လူငယ်တချို့မှာ ကပ္ပါယ်အိတ်ပေါ်မှာ အရွယ်အစားကြီးမားနေတဲ့ သွေးကြောတွေ (Varicocele) တွေ ပေါ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အန္တရာယ်ဖြစ်စေတဲ့ ကိစ္စတစ်ခု မဟုတ်ပေမဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတွေ ခံစားရတာ၊ ကြာလာလေ ပိုပြီး ဝေဒနာဆိုးလာတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီး စူးပြီးအောင့်သလို ခံစားရတာ၊ ပက်လက်လှဲအိပ်တော့မှ နာကျင်မှု အနည်းငယ်သက်သာသွားတယ်လို့ ခံစားနေရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ ခွဲစိတ်ကုသမှုမခံယူဘဲ ပစ်ထားလိုက်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ သုက်ပိုးထုတ်လွှတ်နိုင်စွမ်းနည်းသွားတာအပြင် မျိုးမအောင်တာ၊ ဝှေးစေ့သေးပြီး ကျုံ့သွားတဲ့အခြေအနေထိပါ ဖြစ်လာနိုင်ပါတယ်။

၃။ သွေးကြောအတွင်း သွေးခဲနေခြင်း

လိင်တံ ကောင်းစွာ ထောင်မတ်နိုင်ဖို့ သွေးကြောအတွင်း သွေးကောင်းစွာ စီးဆင်းနိုင်ဖို့ လိုပါတယ်။ ဒီလိုမျိုးနေရာမှာ သွေးကခဲပြီး ပိတ်နေရင် သွေးဝင်ဖို့ အဟန့်အတားဖြစ်သွားပြီး လိင်တံ ကောင်းစွာ မထောင်မတ်နိုင်တော့ပါဘူး။ သွေးခဲနေတဲ့အခြေအနေမှာ သွေးကြောက ခါတိုင်းထက် ပိုကြီးနေတယ်လို့ ထင်ရနိုင်ပြီး ပျော့နေစဉ်မှာတောင် သွေးကြောက မာနေတာ၊ ပျော့အိအိဖြစ်နေသလို ခံစားရနိုင်ပါတယ်။ သွေးခဲစေနိုင်တဲ့ အကြောင်းရင်း အများကြီးရှိနိုင်တဲ့အတွက် လိင်တံထောင်မတ်နေစဉ် နာကျင်မှုဝေဒနာ ခံစားရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ပြဿနာအရင်းအမြစ်ကို ရှာသင့်ပါတယ်။

၄။ တချို့သော ခွဲစိတ်ကုသမှု အပြီး

လိင်တံ၊ ဝှေးစေ့၊ ကပ္ပါယ်အိတ်နဲ့ ခြေထောက်အတွင်းမှာ ရှိတဲ့ သွေးကြောတွေကို ခွဲစိတ်မှု အပြီးမှာ သွေးကြောက ပုံမှန်ထက်ပိုကြီးနေတတ်ပြီး သွေးစီးဆင်းမှုနှုန်းကို အနည်းဆုံး ပိတ်ဆို့နေနိုင်ပါတယ်။ အထူးသဖြင့် ကပ္ပါယ်အိတ်အတွင်း ကြီးနေတဲ့ သွေးပြန်ကြော (Varicocele) ကို ခွဲစိတ်ဖယ်ရှားခြင်း (Varicocelectomy) ၊ သွေးကြောအတွင်း နီရဲရောင်ရမ်းတာကို သက်သာစေဖို့ ခွဲစိတ်ကုသခြင်း (Vasculitis) ၊ သွေးပြန်ကြော ဖယ်ထုတ်ခြင်း (Vein Removal) လိုမျိုး ခွဲစိတ်ကုသမှုအပြီးမှာ သွေးကြောအရွယ်အစားက ပုံမှန်ထက် ကြီးနေနိုင်ပါတယ်။ ဒီလိုမျိုး အခြေအနေနဲ့ ကြုံလာပြီဆိုရင် ခွဲစိတ်ကုသခဲ့တဲ့ ဆရာဝန်နဲ့ ပြန်ပြီး တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုအပ်ပါတယ်။

လိင်တံသွေးကြော ကြီးနေတာကို ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လား။

ဒါကို ပုံမှန်ဖြစ်တတ်တဲ့ အခြေအနေလို့ သတ်မှတ်လို့ ရတဲ့အတွက် ဆရာဝန်နဲ့ ပြသရလောက်တဲ့အထိ စိုးရိမ်စရာမလိုပါဘူး။ ထောင်မတ်နေစဉ်နဲ့ သုက်လွှတ်နေစဉ် နာကျင်ခြင်း၊ လိင်အင်္ဂါ၊ ဝှေးစေ့ တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးက ရောင်နေတာ၊ သွေးကြောတွေက ထိမိစဉ် အရမ်းမာနေတာ၊ ပျော့အိအိဖြစ်နေတာ၊ လိင်တံနဲ့ ကပ္ပါယ်အိတ်မှာ အဖုအလုံးလေး ရှိနေတယ်လို့ ခံစားမိရင်တော့ ဆရာဝန်နဲ့ စောစော ပြသထားတာ ပိုကောင်းပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Veiny Penis –https://www.healthline.com/health/mens-health/veiny-penis (April 10, 2019)

Veins Developing On Penis –https://www.everydayhealth.com/specialists/urology/wessells/qa/veins-developing-on-penis/index.aspx (April 10, 2019)

ယခုပုံစံ

07/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement