လူမှန်ရင် ကျန်းမာရေးပြဿနာနဲ့ မကင်းဝေးနိုင်ကြသလို အမျိုးသားများသည်လည်း ထိုနည်းတူပါပဲ။ အမျိုးသမီးတွေနဲ့ ကွာသွားတဲ့အချက်က အမျိုးသားတွေဟာ သူတို့ ဖြစ်နေတဲ့ ပြဿနာတွေ၊ ခံစားနေရတဲ့ ဝေဒနာတွေကို သိပ်ပြီး ဖွင့်ထုတ်ပြသလေ့မရှိဘဲ ရေငုံနှုတ်ပိတ် နေတတ်ကြတဲ့ ကိစ္စပါ။ ဒီအချက်ကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးများထက် တကယ်တမ်း ကျန်းမာရေးပြဿနာ ကြုံလာရတဲ့အခါ ပိုကုသရခက်ပြီး အသက်ဆုံးရှုံးနိုင်ခြေ ပိုများတတ်ပါတယ်။