နွေရာသီမှာ ဘယ်လိုရောဂါတွေအဖြစ်များသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 3 mins read
Share now

နွေရာသီမှာ အဖြစ်များတဲ့ရောဂါများ

နွေရာသီက ပုံမှန်အားဖြင့်တော့ခြောက်သွေ့၊ပူနွေးပြီး အိုက်စပ်စပ်နိုင်လှပါတယ်။နွေရာသီဟာလည်းအခြားရာသီတွေလိုပဲရောဂါတွေနဲ့ အတူရောက်လာတတ်ပါ။ ကြိုတင်ကာကွယ်မှုတွေသာမလုပ်ဆောင်ဘူးဆိုရင်နွေရာသီရဲ့ ပူပြင်းမှုနဲ့ခြောက်သွေ့မှုတွေကရောဂါ တော်တော်များများကိုဖြစ်ပေါ်ခံစားရစေပါတယ်။ ကြိုတင်သတိပြုကာကွယ်စေနိုင်ဖို့ နွေရာသီမှာ အဖြစ်များတဲ့ရောဂါအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

အပူရှပ်ခြင်း – ပူပြင်းလှတဲ့ အပူဒဏ်ကိုအချိန်ကြာမြင့်စွာထိတွေ့မှုကြောင့် ခန္ဓါကိုယ်အပူချိန်မြင့်တက်လာတဲ့အခါ အပူရှပ်တာကိုခံစားရနိုင် ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခန္ဓါကိုယ်အပူချိန်မြင့်တက်မှုဖြစ်ပေါ်တဲ့အခါခေါင်းကိုက်တာ၊မအီမသာဖြစ်တာ၊ ညီးစီစီဖြစ်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာ နဲ့ အဖျားတက်တာမျိုးတွေခံစားရနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်း –အစာအဆိပ်သင့်တာကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းက မသန့်ရှင်းတဲ့အစားအစာတွေနဲ့ရေတွေကို စားသုံးမိ တာပဲဖြစ်ပါတယ်။ ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေ၊အဆိပ်သင့်စေတဲ့အရာတွေနဲ့ဓါတုဗေဒပစ္စည်းတွေ ခန္ဓါကိုယ်ထဲဝင်ရောက်တာကြောင့်ဖြစ်ပါတယ်။ အစာအဆိပ်သင့်စေနိုင်တဲ့အရာတွေ ခန္ဓါကိုယ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်နာတာ၊ မအီမသာဖြစ်တာ၊ဝမ်းလျှောတာနဲ့အော့အန်တာတွေခံစားရနိုင်ပါတယ်။ အသားစိမ်းတွေ၊ လမ်းဘေးမှာရောင်းချနေတဲ့ ဖုံးအုပ်မထားတဲ့အစားအသောက်တွေ နဲ့ မသန့်ရှင်းတဲ့သောက်သုံးရေတွေက အစာအဆိပ်သင့်တာကိုဖြစ်စေတဲ့ရောဂါပိုးတွေကိုအဓိကသယ်ဆောင်တဲ့ အရာတွေဖြစ်ပါတယ်။

မျက်စိနာခြင်း –မျက်စိနာတာ (သို့) မျက်မြှေးရောင်တာက ဘက်တီးရီးယားကူးစက်တာ (သို့) ဓါတ်မတည့်မှုတွေကြောင့်ဖြစ်ပေါ်ခံစားရတာဖြစ်ပါတယ်။ ၄ ရက် ကနေ ၇ ရက်အထိကြာမြင့်နိုင်ပါတယ်။

နွေရာသီ စိတ်ဓါတ်ကျရောဂါ –ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တာဖြစ်ပါတယ်။ အပူချိန်မြင့်တက်လာတာက လူအချို့မှာ စိတ်ခံစားမှုအပြောင်းအလဲကိုဖြစ်ပေါ်စေပါတယ်။

ရေဓါတ်ဆုံးရှုံးခြင်း –နွေရာသီမှာ အဖြစ်အများဆုံးသောရောဂါတစ်မျိုးဖြစ်ပါတယ်။ ခန္ဓါကိုယ်ကဆုံးရှုံးသွားတဲ့ရေဓါတ်ပမာဏကို လုံလောက်အောင်ပြန်လည်မဖြည့်တင်းနိုင်တဲ့အခါရေဓါတ်ဆုံးရှုံမှုဖြစ်ပေါ်ခံစားလာရပါတယ်။နွေရာသီမှာချွေးထွက်တာကြောင့်ခန္ဓါကိုယ်ရဲ့ ရေဓါတ်နဲ့ဆားဓါတ်တွေကို ဆုံးရှုံးနေရပါတယ်။ ခန္ဓါကိုယ်ရဲ့ပုံမှန်လည်ပတ်နေတဲ့လုပ်ငန်းစဉ်တွေအတွက် ဒီဓါတ်တွေကိုပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ်။

နေလောင်ခြင်း –နေလောင်တာကပြင်းထန်တဲ့အရေပြားကင်ဆာရောဂါကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။နေရောင်နဲ့အချိန်ကြာမြင့်စွာထိတွေ့မှုက လူတွေရော တိရစ္ဆာန်တွေအတွက်ပါမကောင်းပါဘူး။ လူတွေကနေရောင်နဲ့အချိန်ကြာမြင့်စွာထိတွေ့တဲ့အခါ အရေပြားက အနီရောင်ပြောင်းသွားပြီး ယားယံတာနဲ့ပူစပ်ပူလောင်ဖြစ်တာတွေခံစားရနိုင်ပါတယ်။နေရောင်ကျလို့အေးသွားတဲ့အခါ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ အဖျားတက်တာ၊မအီမသာဖြစ်တာ၊အော့အန်တာနဲ့ တုပ်ကွေးမိသလိုမျိုးရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။ အချို့မှာတော့ ပူစပ်ပူလောင်ဖြစ်တာကိုဆက်လက်ခံစားနေရနိုင်သလိုနောက်ပိုင်းမှာနေရောင်ကြောင့်ခြောက်သွေ့နေတဲ့အရေပြားတွေကွာကျသွားတာမျိုးဖြစ်ပေါ် ခံစားရနိုင်ပါတယ်။

အရေပြားပေါ်မှာအဖုအပိမ့်တွေထွက်ခြင်း –အရေပြားပေါ်မှာ မိတ်တို့ အင်ပြင်တို့လိုမျိုး အနီရောင်အဖုအပိမ့်တွေထွက်တာက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာနွေရာသီမှာဖြစ်နေကျလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။နွေရာသီမှာ ရာသီဥတုပူတာနဲ့ချွေးထွက်တာတွေက ကလေးတွေမှာ အရေပြားပေါ်မှာ အနီရောင်အဖုအပိမ့်တွေပိုမိုထွက်စေပါတယ်။

ပါးချိတ်ရောင်နာ – ပါးချိတ်ရောင်နာကနွေရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အပြင်းထန်ဆုံးသောရောဂါတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ကူးစက်တတ်တဲ့ရောဂါမျိုးပါ။ ဒီရောဂါပိုးဟာရောဂါဖြစ်နေတဲ့သူဆီကနေ ကျန်းမာနေတဲ့သူဆီကို ကူးစက်နိုင်တာကြောင့်ရောဂါကူးစက်ခံထားရသူ ကရောဂါမပျောက်ကင်းမချင်း တိုက်ရိုက်ထိတွေ့မိတာမျိုးမရှိအောင်ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

ခေါင်းကိုက်ခြင်း –တနေကုန်နေရောင်အောက်မှာ မနားမနေအလုပ်လုပ်ခဲ့ရတာကြောင့်လည်းခေါင်းကိုက်ဝေဒနာကိုခံစားရနိုင်ပါတယ်။နွေရာသီမှာနေရောင်အောက်မှာ မနားမနေအလုပ်လုပ်တာမျိုးမဖြစ်အောင် ဆင်ခြင်ပါ။

တုပ်ကွေး –တုပ်ကွေးကနွေရာသီမှာအဖြစ်များတဲ့နောက်ထပ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆီများတဲ့အစားအစာတွေနဲ့ အအေးခံထား တဲ့အချိုရည်တွေ အလွန်အကျွံ စားသုံးတာမျိုးကိုရှောင်ပါ။

ချောင်းဆိုးခြင်း –ချောင်းဆိုးတာကဆောင်းရာသီမှာပဲဖြစ်တာမျိုးမဟုတ်ပါဘူး။နွေရာသီမှာလည်းဖြစ်တတ်ပါတယ်။ အရမ်းအေးတဲ့ရေတွေသောက်သုံးတာကိုရှောင်ကြဉ်တာကချောင်းမဆိုးအောင်ထိန်းသိမ်းနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။

ပန်းနာရင်ကျပ် – နွေရာသီမှာလေထုထဲမှာပါဝင်တဲ့ ဝတ်မှုန်တွေကြောင့် ပန်းနာရင်ကျပ်ဝေဒနာကိုခံစားရတာဖြစ်ပါတယ်။

အသားဝါခြင်း –အသားဝါတာက မသန့်ရှင်းတဲ့သောက်သုံးရေနဲ့ အစားအစာတွေကို စားသုံးမိတာကြောင့်ဖြစ်ပါတယ်။နွေရာသီမှာ အသားဝါမဖြစ်စေဖို့အတွက် ရေကိုကျိုချက်သောက်သုံးသင့်သလို အဆီပါဝင်မှုနည်းတဲ့အစားအစာမျိုးတွေကိုပဲ စားသုံးပေးသင့်ပါတယ်။

တိုက်ဖွိုက် –တိုက်ဖွိုက်က Salmonella typhi လို့ခေါ်တဲ့ရောဂါပိုးတစ်မျိုးကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ တိုက်ဖွိုက်ရောဂါခံစားရတဲ့အခါ ဗိုက်ထဲကအောင့်တာ၊ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန်ကျဆင်းတာ နဲ့ ကိုယ်ထဲမှာ အားမရှိသလိုမျိုးခံစားရတာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ရေကျောက်ပေါက်ခြင်း –ရေကျောက်ကVaricella zoster လို့ခေါ်တဲ့ရောဂါပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါပိုးက စိုစွတ်တဲ့နေရာတွေမှာပေါက်ဖွားနိုင်တာကြောင့်ရေတိုင်ကီတွေနဲ့ ဥယျဉ်ပန်းခြံတွေထဲမှာ ပိုးမွှားတွေကိုသေစေနိုင်တဲ့ဆေးတွေဖျန်းထားဖို့လိုအပ်ပါတယ်။

ဝက်သက် –ဝက်သက်က ကလေးတွေမှာဖြစ်ပေါ်လေ့ရှိတဲ့ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဝက်သက်ကparamyxo ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်ပါတယ်။ လည်ချောင်းတလျှောက်မှာပြင်းထန်စွာကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကလေးတွေကို ဝက်သက်ကာကွယ်ဆေးထိုးပေးထားပါ။

နောက်ကျောအောင့်ခြင်း -နောက်ကျောအောင့်တာက တစ်နေကုန် အိမ်အလုပ်တွေကိုမနားမနေလုပ်ဆောင်နေတဲ့ အိမ်ရှင်တွေမှာအဖြစ်များပါတယ်။ ကိုယ်အလေးချိန်အရမ်းများနေတာနဲ့လေးလံလှတဲ့ အိမ်သုံးပစ္စည်းတွေကြောင့်နောက်ကျောအောင့်တာ အဖြစ်များပါတယ်။

အထက်မှာဖော်ပြထားတဲ့ရောဂါလက္ခဏာတွေကိုသိရှိပြီးနွေရာသီမှာရောဂါမဖြစ်အောင်ကာကွယ်နိုင်စေဖို့ ရည်ရွယ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်သူတွေအတွက် အသားအရေကို အထိရောက်ဆုံး ထိန်းပေးနိုင်မယ့် သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့...........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လိင်တံ ဘာလို့ယားယံနေရတာလဲ

လူကြားသူကြားထဲမှာ လိင်တံယားကျိကျိဖြစ်နေရင် အတော်လေးနေရထိုင်ရခက်မှာ အသေချာပါပဲ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read
အစားအသောက်တွေကနေ သင့်ဆီကို ဘာရောဂါပိုးတွေ ရောက်လာနိုင်သလဲ။

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 4 mins read
ကလေးထိန်းပြီး ဝိတ်ချမလား

ကလေးထိန်း ပြီး ဝိတ်ချမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read