backup og meta

ဆင်တုပ်ကွေးဖြစ်နေပြီလား

ဆင်တုပ်ကွေးဖြစ်နေပြီလား

မိုးလေးဆက်တိုက်ရွာလို့ ရာသီဥတု အေးတာနဲ့အတူ မဖိတ်ခေါ်ဘဲ အလည်ရောက်နေတာက ရာသီတုပ်ကွေးအပြင် ဆင်တုပ်ကွေးလည်း ပါတယ်နော်။ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးထားတာပဲ တုပ်ကွေးမဖြစ်တော့ဘူး ဒီတစ်နှစ်တော့လို့ ခပ်အေးအေးမနေလိုက်နဲ့နော်။ ဆင်တုပ်ကွေးက သတိထားဖို့လိုနေပါသေးတယ်။ ဆင်တုပ်ကွေးက တုပ်ကွေးကာကွယ်ဆေးထိုးထားရုံနဲ့ မကာကွယ်နိုင်ပါဘူး။

ဆင်တုပ်ကွေး ကူးစက်နေတယ်လို့ ဘယ်လိုသိနိုင်မလဲ….

ဆင်တုပ်ကွေးက လူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးက ကာကွယ်ဆေးမရှိပါဘူး။ ဒါပေမယ့် ဆင်တုပ်ကွေးက ရာသီတုပ်ကွေးနဲ့မတူတာက လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးစက်နိုင်ပါဘူး။ ဆင်တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရမှုကနေတဆင့်ဘဲရောဂါကူးစက်ခံရနိုင်ပါတယ်။

ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက်အတွင်းမှာရောဂါလက္ခဏာ တွေပြနိုင်ပါတယ်။ ဆင်တုပ်ကွေးကူးစက်ခံရမှုက သာမန်တုပ်ကွေးဖျားနာမှုနဲ့ ခပ်ဆင်ဆင်တူပေမယ့်ရောဂါလက္ခဏာတွေမှာတော့ ကွာခြားချက်ရှိနေပါတယ်။

ဆင်တုပ်ကွေးရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ……

ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ

  • အဖျားတက်မယ်
  • ကြွက်သားတွေနဲ့ အဆစ်တွေကိုက်ခဲမယ်
  • ချမ်းတုန်မယ်
  • ခေါင်းကိုက်မယ်
  • အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်မယ်
  • ခါးနာမယ်
  • နုံးချိနေမယ်
  • အော့အန်မယ်
  • မအီမသာဖြစ်မယ်စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ဆင်တုပ်ကွေးကရောဂါလက္ခဏာတွေကိုပြင်းပြင်းထန်ထန်ခံစားရနိုင်ပေမယ့်သေဆုံးတာမျိုးတော့ မရှိပါဘူး။

ဘယ်လိုကုသမလဲ…..

ဆင်တုပ်ကွေးအတွက် ကာကွယ်ဆေးကမရှိပါဘူး။ဖြစ်လာတဲ့အခါမှသာ ကုသမှုခံယူရတာပါ။ဆင်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ အဖျား က ၃ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူဖို့လိုသလို ဒီအချက်တွေကိုလည်း ဂရုစိုက်ဖို့လိုပါမယ်။

ကာကွယ်လို့ရလား…..

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့စကားက ဆင်တုပ်ကွေးမှာလည်း အကျုံးဝင်ပါတယ်နော်။

  • ခြင်ကိုက်ခံရနိုင်မှုကနေကာကွယ်ပေးပါ
  • လုံခြုံအောင်ဝတ်ဆင်ပါ
  • လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာနေပါ
  • ခြင်ဆေးထွန်းပါ
  • ရေဝပ်နိုင်တဲ့နေရာတွေကိုသေချာရှင်းလင်းပါ
  • အိပ်တဲ့အခါခြင်ထောင်နဲ့ အိပ်ပါ
  • နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းနေအောင်ထားပေးပါ
  • ဗီတာမင် C နဲ့ ဗီတာမင် Eပြည့်ဝတဲ့ အစားအစာတွေကို စားပေးပါ။

ဘယ်သူတွေမှာပိုပြင်းထန်နိုင်လဲ………

ဆင်တုပ်ကွေးက ဒီလိုအခြေအနေတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

11/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ)

ဆင်တုပ်ကွေးနဲ့ပတ်သက်ပြီး ဒါတွေသိထားပြီးပြီလား.........



Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement