မြန်မာလူမျိုး တော်တော်များများက အစားစားရင် ခပ်စပ်စပ်လေးမှ အရသာတွေ့တတ်ကြပါတယ်။ နေထိုင်မကောင်းတဲ့အခါ မုန့်ဟင်းခါးကို ငရုတ်သီး နိုင်ချင်းလေးထည့်ပြီး ခပ်စပ်စပ်လေး စားလိုက်တာ ဒါမှမဟုတ် ချဉ်ငန်စပ် မုန့်တီလေးများ သောက်လိုက်ရင် ချွေးလေးတွေ စို့လာပြီး ပေါ့ပါးသွားတတ်ကြပါတယ်။
ခံတွင်း မတွေ့တာတွေတောင် ပျောက်လို့ ခံတွင်းလိုက်လာပြီး နေကောင်းဖို့ အတော်လေး နီးစပ်လာပြီပေါ့။ ဒီလိုဆို ငရုတ်သီးက နေကောင်းစေဖို့ ထောက်ကူပေးနိုင်တယ်ပေါ့။ ဒါဆို ကိုဗစ်ကိုရော ကာကွယ်ပေးနိုင်မလား………..
ငရုတ်သီး စပ်စပ်လေး နဲ့ ကျန်းမာရေး
ငရုတ်သီးက ခံတွင်းတွေ့စေတာအပြင် သူ့မှာ ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့
ငရုတ်သီးက ကိုဗစ်ကို ကာကွယ်သတဲ့လား………………..
ငရုတ်သီးမှာ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းစေတယ် ဆိုပေမယ့် သာမန် ဖျားနာတာနဲ့ ရာသီတုပ်ကွေးလောက်ကိုပဲ သက်သာစေနိုင်တာပါ။ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ရောဂါ တော်တော်များများရဲ့ ဒဏ်ကနေ ကာကွယ်ပေးနိုင်ပေမယ့် ကိုဗစ်ကိုတော့ ကာကွယ်ပေးနိုင်တယ်လို့ မတွေ့ရှိရသေးပါဘူး။
အစားအသောက်တွေထဲမှာ ငရုတ်သီး ထည့်စားတာက အရသာတိုးစေတယ် ခံတွင်းတွေ့စေတယ် ဆိုပေမယ့် ကိုဗစ်ကို မကာကွယ်နိုင်သလို ကုသမှုလည်း မပေးနိုင်ပါဘူး။ ငရုတ်သီးကို အလွန်အကျွံ စားသုံးမိတဲ့အခါ အစာအိမ် ပူတာ၊ နာတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အဆိုးဆုံး အနေနဲ့ကတော့ မှိုတက်နေတာတွေ စားမိရင် ကင်ဆာ ဖြစ်စေနိုင်တာပါ။
ငရုတ်သီးက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်ပေမယ့် တန်ဆေး လွန်ဘေးပါ။ ကိုဗစ်ကိုလည်း မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် ကိုဗစ်ကို ကာကွယ်ချင်တယ် ဆိုရင်တော့ ငရုတ်သီး မစားပါနဲ့။ ကိုဗစ်ကို ထိရောက်စွာ ကာကွယ်နည်းဖြစ်တဲ့