backup og meta

ကိုဗစ်ကာလမှာ ဘာတွေ မစားသင့်ဘူးလဲ.......

COVID – 19 ဗိုင်းရပ်စ်က ကိုယ်ခံအားစနစ် တစ်ခုလုံးကို ထိခိုက်စေသလို ကိုယ်အလေးချိန် ကျတာ၊ အားနည်းတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ကိုဗစ် ကူးစက်ခံရတဲ့အခါ ဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန် တိုက်ထုတ်ဖို့အတွက် ဆေးဝါး အကူအညီ လိုအပ်သလို အစားအစာကိုလည်း အာဟာရပြည့်ဝအောင် မှန်မှန်ကန်ကန် စားသုံးမိဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကာလမှာ ဘာတွေ မစားသင့်ဘူးလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

ကိုဗစ်ကာလမှာ ဘာတွေ မစားသင့်ဘူးလဲ.......

ကိုဗစ်ကာလမှာ မေ့မထားသင့်တဲ့ အချက်တစ်ခု

ကိုဗစ်ကာလမှာ မေ့မထားသင့်တဲ့ အချက် တစ်ခုက အာဟာရ ပြည့်ဝမျှတအောင် စားဖို့ပါ။ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာက ကိုဗစ်ကို ကာကွယ်နိုင်သလို ကိုဗစ် ကူးစက်ခံရရင်လည်း ခံနိုင်ရည် ရှိအောင် ထောက်ကူပေးပါတယ်။

ကိုဗစ်ကာလမှာ ကျန်းမာစေဖို့ အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုတယ်ဆိုပေမယ့် အစားအစာတိုင်းက အာဟာရ ပြည့်ဝစွာ ရရှိစေမယ်လို့ မဆိုသာပါဘူး။ အချို့သော အစားအစာတွေက စားလို့ ကောင်းပေမယ့် ကျန်းမာရေးအတွက် အကျိုးမပြုဘဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ကိုဗစ်ကာလ ကျန်းမာနေစေဖို့ ဘာတွေကို ရှောင်ကြဉ်စားသုံးရမလဲ။

ကိုဗစ်ကာလမှာ ဘာတွေ မစားသင့်ဘူးလဲ…….

ဒီတော့ ကိုဗစ်ကာလမှာ ကျန်းမာရေးကို မထိခိုက်စေဖို့ ဒါတွေကို ရှောင်ကြဉ်စားသုံးပါ။

အသင့်စား စည်သွပ်ဗူး စားစရာတွေ

စည်သွပ်ဗူးထဲထည့်ထားတဲ့ အသင့်စား စားစရာတွေက စားရတာ အရသာရှိသလို ပြင်ဆင်ချက်ပြုတ်ရတာလည်း လွယ်ကူတယ် ဆိုပေမယ့် ကိုဗစ်ကာလမှာတော့ မစားတာ ကောင်းပါတယ်။

အကြောင်းကတော့ အသင့်စား စည်သွပ်ဗူး စားစရာတွေမှာ ဆား ပါဝင်မှု များသလို တာရှည်ခံပစ္စည်းတွေ များစွာ ပါဝင်နေပါတယ်။ ဒီစားစရာတွေက ရောင်ရမ်းမှုကို ဖြစ်စေသလို ကိုယ်ခံအားကို အားနည်းစေပြီး နာလန်ထချိန်ကို ကြာစေပါတယ်။

စပ်တဲ့ စားစရာတွေ

နေမကောင်းချိန်၊ စိတ်ဖိစီးချိန်တွေမှာ စပ်စပ်ကလေးကို ခံတွင်းတောင်းနိုင်ပေမယ့် ကိုဗစ်ကာလမှာတော့ စပ်တာတွေကို မစားတာက အကောင်းဆုံးပါ။ ငရုတ်သီး ခပ်စပ်စပ် စားစရာတွေက လည်ချောင်းကို ယားယံစေနိုင်သလို ချောင်းဆိုးနေရင် ပိုဆိုးစေနိုင်ပါတယ်။ အစာအိမ်ကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကိုဗစ်ကာလမှာ ငရုတ်သီးအစား ငရုတ်ကောင်းကို စားပေးဖို့ အကြံပြု ပါရစေ။

ဆီကြော်စာတွေ

ဆီကြော်စာတွေက ခံတွင်းလိုက်စေပေမယ့် ကိုဗစ်ကာလမှာ အများကြီး မစားတာက အကောင်းဆုံးပါ။ အဆီများတဲ့ အစားအစာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အစာခြေရတာလည်း ခက်ခဲစေပါတယ်။

အူအတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေကို ထိခိုက်စေပြီး အူနံရံတွေရဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကိုလည်း တက်စေနိုင်ပါတယ်။

အချိုရည်တွေ

ကိုဗစ်ကာလမှာ အချိုရည်တွေ၊ သကြား လွန်ကဲစွာ ပါဝင်နေတဲ့ စားစရာ သောက်စရာတွေကို ရှောင်တာက အကောင်းဆုံးပါ။ အချိုရည်တွေနဲ့ အချိုကဲတဲ့ သောက်စရာတွေက ကျန်းမာရေးကို ထိခိုက်စေသလို နာလန်ထချိန်ကိုလည်း တာရှည်စေပါတယ်။ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။

ဒါကြောင့် ဒီကာလမှာ အချိုရည် သောက်ချင်လာရင် သဘာဝ သစ်သီးတွေကို ဖျော်ထားတဲ့ အသီးဖျော်ရည်တွေကို သကြား၊ နို့ဆီတို့ မထည့်ဘဲ သောက်သုံးပေးပါ။

ကဲ…… ကိုဗစ်ကို အကောင်းဆုံး ကာကွယ်တုံ့ပြန်နိုင်စေဖို့ ခုကာလမှာ အပေါ်က ပြောပြခဲ့တဲ့ စားစရာလေးတွေကို မစားဘဲ နေကြရအောင်လား……………

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foods to avoid during COVID19 infection and recovery period https://timesofindia.indiatimes.com/life-style/food-news/foods-to-avoid-during-covid19-infection-and-recovery-period/photostory/82373568.cms Accessed Date 10 August 2021

Easy, affordable and healthy eating tips during COVID-19 https://www.unicef.org/coronavirus/easy-affordable-and-healthy-eating-tips-during-coronavirus-disease-covid-19-outbreak Accessed Date 10 August 2021

ယခုပုံစံ

10/09/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ဖြစ်ပြီး ထပ်ဖြစ်နိုင်သေးသလား

စပ်မိစပ်ရာ Covid – 19 ရေးရာ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/09/2021 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ