backup og meta

ဆရာဝန်တစ်ယောက်အနေနဲ့ ကုသမှုတွေပေးနေရတယ်။ မိသားစုဆီကို ကိုယ့်ကြောင့် Coronavirus မကူးစက်ရလေအောင် ဘာတွေ လုပ်မလဲ………….

ဆရာဝန်တစ်ယောက်အနေနဲ့ ကုသမှုတွေပေးနေရတယ်။ မိသားစုဆီကို ကိုယ့်ကြောင့် Coronavirus မကူးစက်ရလေအောင် ဘာတွေ လုပ်မလဲ………….

ရောဂါပိုး အသစ်တိုင်းက ကြောက်စရာကောင်းပါတယ်။ ကာကွယ်နည်းရော ကုသနည်းကိုပါ ရှာဖွေဖို့က အချိန်နှစ်နဲ့ချီပြိး ပေးရနိုင်ပါတယ်။ ဒါပေမယ့် ကြောက်နေမှုတွေ ထိတ်လန့်စိုးရိမ်မှုတွေက ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ရောဂါတွေ ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းကတော့ စမ်းသပ်လေလာ့မှု အထောက်အထားခိုင်လုံစွာနဲ့ လုပ်ဆောင်ထားတဲ့ ဆေးဝါးတွေကို သောက်သုံးတာ၊ ကာကွယ်မှုနည်းလမ်းတွေကို လိုက်နာ ကျင့်သုံးတာပါပဲ။

အခုလက်ရှိ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ Coronavirus ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက လူထူတဲ့နေရာတွေကို မသွားတာပါပဲ။ ဒါမှ ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ Coronavirus အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။

ဒီလိုလုပ်ချင်ပေမယ့် ကိုယ်က ဆရာဝန်တစ်ယောက်ဖြစ်နေမယ် ဒီလိုအချိန်မှာ မဖြစ်မနေ လူနာတွေကို ကုသပေးဖို့ လိုအပ်နေမယ်။ လူထူတဲ့နေရာတွေကို ရှောင်ချင်ပေမယ့် မဖြစ်မနေဆေးရုံမှာ ကုသမှုပေးဖို့ လိုအပ်နေမယ်ဆိုရင်တော့ ကိုယ်ကြောင့် မိသားစုကို ရောဂါပိုး မကူစက်စေဖို့ ဘယ်လိုများ ကာကွယ်မလဲ…………

အခုလိုမျိုး ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားတဲ့COVID-19 ကူးစက်ခံရတာမျိုး မရှိစေဖို့ သင့်တော်တဲ့ ကာကွယ်နည်းကို မသိခင်မှာ မိသားစုကို ရောဂါကူးစက်တာမျိုးမရှိစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။

ဒီ COVID-19 ရဲ့ လက္ခဏာတွေက အအေးမိတာ၊ တုပ်ကွေးဖြစ်တာနဲ့ ခပ်ဆင်ဆင်လည်း တူတတ်ပါတယ်။ ဒီတော့ အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာတွေကြောင့် လက္ခဏာခပ်ဆင်ဆင်တူတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် COVID-19 ဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်မဖြစ်စေဖို့ဆိုရင်

(၁) ကိုယ်ခံအား ကောင်းအောင် နေပါ

ကိုယ်ခံအားကောင်းပြီး ကျန်းမာနေစေဖို့အတွက်

• အာဟာရ ပြည့်ပြည့်ဝဝ စားပါ။

အိပ်ရေးဝဝအိပ်ပါ။

• ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးထားပါ။

• သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ ကိုယ့်ကျန်းမာရေးကို အကောင်းဆုံး ဂရုစိုက်မှုက မိသားစု ကျန်းမာရေးကို စောင့်ရှောက်ရာ ရောက်ပါတယ်။

(၂) တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ

ရောဂါပိုးတွေ ကူးစက်ခံရမှုကို ကာကွယ်ဖို့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းက တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။

မကြာခဏ လက်ဆေးပါ။ လက်ဆေးတဲ့အခါ ရေနဲ့ဆပ်ပြာကိုသုံးပြီး စက္ကန့် ၂၀ အနည်းဆုံး သေချာလေးဆေးကြောပါ။ အပြင်က ပြန်လာတိုင်းမှာ သေချာဆေးကြောပြီးမှ မိသားစုဝင်တွေကို ကိုင်တွယ်ထိတွေ့ပါ။ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးတိုင်းမှာ လက်ဆေးပါ။

လက်ဘယ်လိုဆေးမလဲ……..

လက်ဆေးတဲ့အခါမှာလည်း ရောဂါပိုးတွေ သေစေဖို့ဆိုရင် လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်း၊လက်ထိပ်၊ လက်သည်း၊ လက်ချောင်းကြား၊ လက်မကိုပါမကျန် သေချာလေး ပွတ်တိုက်ဆေးကြောရပါမယ်။ ရေနွေးနွေးလေးနဲ့ ဆေးရင် ပိုအဆင်ပြေပါတယ်။

ရေအလွယ်တကူမရနိုင်တဲ့အခါမျိုးမှာ ရေမလို လက်သန့်ဆေးရည်ကို သုံးပြီးဆေးရပါမယ်။ အယ်လ်ကိုဟော နဲ့ ပိုးသတ်ဆေး ပါတဲ့ လက်သန့်ဆေးရည်တွေနဲ့ဆေးကြောပေးပါ။

(၃) နေအိမ်ကို သန့်ရှင်းအောင်ထားပါ

နေအိမ်တွင်းက မျက်နှာပြင်တွေပေါ်မှာ ရောဂါပိုးတွေ ကပ်နေတာမျိုး မဖြစ်စေဖို့ဆိုရင်နေအိမ်ကို ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာရည်တွေနဲ့ သေချာလေး သန့်စင်ဖို့လိုမှာပါ။ မျက်နှာကို လက်နဲ့ကိုင်တာ၊ မျက်လုံးပွတ်တာ၊ နှာခေါင်းနှိုက်တာမျိုး မလုပ်ပါနဲ့။

(၄) အလုပ်ခွင်မှာ သတိထားပါ

အလုပ်ခွင်ထဲမှာလည်း မျက်နှာကို လက်နဲ့ကိုင်တာ၊ မျက်လုံးပွတ်တာ၊ နှာခေါင်းနှိုက်တာမျိုး မလုပ်ပါနဲ့။ လူနာကို ကိုယ်တွယ်ကုသမှုပေးပြီးတိုင်းမှာ လက်ကို သေချာဆေးကြောပါ။ အဝတ်အစားတွေကို သေချာပိုးသတ်ဖို့လည်း မမေ့ပါနဲ့။

(၅) အရေးပေါ် အစီအစဉ် သေချာပြင်ထားပါ

COVID-19 က ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် မတော်တဆဆိုတဲ့ အခြေအနေမှာ တစ်ယောက်တည်း သီးသန့်ခွဲနေဖို့နဲ့ ကုသစောင့်ရှောက်မှုအတွက် လိုအပ်နိုင်မယ့် အရာတွေကို သေချာ ပြင်ဆင်ထားပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coronavirus Symptoms: Defining Mild, Moderate And Severe https://www.npr.org/sections/goatsandsoda/2020/03/13/814691018/coronavirus-symptoms-defining-mild-moderate-and-severe?fbclid=IwAR10CADRg53s0LdbSVUPlGLbpv6k7Bnrn4g1eCPuKF5ShjXbj6JIqwbkgZ0 Accessed Date 16 March 2020

Coronavirus https://www.who.int/health-topics/coronavirus Accessed Date 16 March 2020

SYMPTOMS OF CORONAVIRUS DISEASE 2019 https://www.cdc.gov/coronavirus/2019-ncov/downloads/COVID19-symptoms.pdf Accessed Date 16 March 2020

I’m a Mom and a Doctor: Here’s How I’m Dealing With the Coronavirus https://www.parents.com/health/im-a-mom-and-a-doctor-heres-how-im-dealing-with-the-coronavirus/?fbclid=IwAR1Yft3R9PTMybhl83zDOkiEilTjpVgkXNCq2_mbYV0Dm8YEdfHn9Q6rabY Accessed Date 15 March 2020

ယခုပုံစံ

22/10/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေ မှာဘာလို့ COVID-19 အဖြစ်နည်းတာလဲ

COVID-19 ကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်း (၂)ခု။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement