brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး နဲ့ပတ်သက်ပြီး သိချင်နေလောက်မယ့် မေးခွန်းတွေ

ကိုဗစ် ကာကွယ်ဆေးတွေကို အမျိုးမျိုးသော အစီအစဉ်တွေနဲ့ ထိုးနှံနေကြရာမှာ အခုဆိုရင် တော်တော်များက ကာကွယ်ဆေးတွေ ထိုးပြီးကြပြီပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထိုးတာ တော်တော်များများ ထိုးပြီးချိန်မှာ Omicron မျိုးစိတ်သစ်က ထွက်ပေါ်လာတာကြောင့် ဒီ မျိုးစိတ်ကို ကာကွယ်ဖို့အတွက် ထပ်ဆောင်းကာကွယ်ဆေး (Booster) ထပ်ထိုးဖို့က လိုလာပါတယ်။

ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး နဲ့ပတ်သက်ပြီး သိချင်နေလောက်မယ့် မေးခွန်းတွေ

အကြောင်းကတော့ Omicron ကို ကာကွယ်ဖို့ဆိုရင် booster ထပ်ထိုးထားမှ ဖြစ်မယ်၊ ဒါမှ ကောင်းကောင်း ကာကွယ်နိုင်မယ်ဆိုတဲ့ လေ့လာချက်တွေ ထွက်ပေါ်လာတာကိုး။ ဒီတော့ Omicron ကို ကာကွယ်ဖို့ မဖြစ်မနေ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့ စဉ်းစားရပြီလေ။ ဒီလို စဉ်းစားလိုက်ချိန်မှာ ​ခေါင်းထဲမှာ ဒီလိုဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး ထိုးလို့ဖြစ်ပါ့မလား။ ဒါဆိုရင်ရော ထိုးလို့ ဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း အဖြေထွက်သွားအောင် ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။

ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး နဲ့ပတ်သက်ပြီး သိချင်နေလောက်မယ့် မေးခွန်းတွေ

ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး နဲ့ပတ်သက်ပြီး သိချင်နေလောက်မယ့် မေးခွန်းတွေ

ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သိချင်နေလောက်မယ့် မေးခွန်းလေးတွေရဲ့ အဖြေတွေကို အတူတူ ကြည့်လိုက်ရအောင်လား။

ဘာကြောင့် ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့ လိုတာလဲ။

ကိုဗစ် ကာကွယ်ဆေးကလည်း အခြားသော ကာကွယ်ဆေးတွေလိုပါပဲ။ အချိန်ကြာလာတဲ့အခါ ကာကွယ်နိုင်စွမ်းက ကျလာပါတယ်။ ဒီလို ကာကွယ်နိုင်စွမ်းကျလာချိန်မှာ မတော်တဆ ကူးစက်တာမျိုး မဖြစ်စေဖို့နဲ့ ကိုယ်ခံအားကို ကိုဗစ်ရန်ကို ကောင်းကောင်း ကာကွယ်တုံ့ပြန်နိုင်စေဖို့အတွက် ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးကို ထိုးဖို့ လိုအပ်တာပါ။

ကာကွယ်နိုင်စွမ်းကို တိုးမြှင့်စေဖို့နဲ့ ထပ်ထပ်ထွက်ပေါ်လာမယ့် မျိုးစိတ်သစ်တွေကို ကာကွယ်နိုင်စေဖို့အတွက် ထပ်ဆောင်း ကာကွယ်ဆေး ထိုးရတာပါ။

ဘယ်အချိန်မှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးရမလဲ။

ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးတဲ့နောက် အနည်းဆုံး ၃ လကနေ အများဆုံး ၅ လကြာအပြီးမှာ ထပ်ဆောင်း ကာကွယ်ဆေးကို ထိုးနှံရပါမယ်။ အသက်အရွယ်ကိုလိုက်ပြီးတော့ ဖြစ်စေ၊ ရောဂါအခံ ရှိနေတဲ့အပေါ် မူတည်ပြီး ဖြစ်စေ ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့ အချိန်ကာလ ကွာခြားနိုင်ပါတယ်။

ဘယ်သူတွေ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့ မလိုဘူးလဲ။

ထပ်ဆောင်း ကာကွယ်ဆေး မထိုးသင့်တဲ့သူဆိုတာ မရှိသလောက် ရှားပါတယ်။ တကယ်လို့ ကာကွယ်ဆေး ထိုးတုန်းက ပြင်ပြင်းထန်ထန် တုံ့ပြန်မှု ခံဖူးသူတွေဆိုရင်တော့ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့ ဆရာဝန်နဲ့ သေချာ တိုင်ပင်သင့်ပါတယ်။

ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီးရင် ကိုဗစ်ဗိုင်းရပ်စ် မကူးတော့ဘူးလား။

ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီးရင် ကိုဗစ်ဗိုင်းရပ်စ် မကူးတော့ဘူးလို့ တထစ်ချ ပြောလို့ မရပါဘူး။ ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီး ရက်အနည်းငယ် ကြာမှ ကိုယ်ခံအားက အပြည့်အဝ ဖွံ့ဖြိုးမှာ ဖြစ်တာကြောင့် ကိုယ်ခံအား မပြည့်ဝချင် အချိန်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပါတယ်။

ဒါပေမယ့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးထားတာကြောင့် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရရင်ဆောင် ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေ နည်းသွားမှာပါ။

ကာကွယ်ဆေး မထိုးထားရင်ရော ထပ်ဆောင်းကာကွယ်ဆေး ထိုးလို့ ရမလား။

အစောပိုင်း ကာကွယ်ဆေး ၂ ကြိမ် မထိုးရသေးဘူးဆိုရင်တော့ မြန်နိုင်သမျှ မြန်မြန် ကာကွယ်ဆေး ၂ ကြိမ်ကို အရင်ထိုးနှံရပါမယ်။ ကာကွယ်ဆေး ၂ ကြိမ်ပြည့်ပြီးမှသာ ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံလို့ ရမှာပါ။

ကိုဗစ် ကူးစက်ခံရပြီးရင်ရော ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ လိုဦးမလား။

ကိုဗစ် ကာကွယ်ဆေး ထိုးထားတာ ၂ ကြိမ် ပြည့်အောင် ထိုးလိုက်တယ်။ ဒါပေမယ့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့ စောင့်နေတဲ့ ကာလအတွင်းမှာ မတော်တဆ ကိုဗစ် ကူးစက်ခံလိုက်ရတယ်။ ဒါဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး ထပ်ထိုးဖို့ မလိုတော့ဘူးထင်တယ်။ ထပ်ထိုးလို့ ဖြစ်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့သူတွေများ ရှိလား။

ဒါဆိုရင်တော့ ထပ်ဆောင်းကာကွယ်ဆေးကို ထိုးဖြစ်အောင် ထပ်ထိုးလိုက်ပါလို့ ပြောပါရစေ။ ကိုဗစ်ကနေ သေချာသက်သာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနိုင်ပါတယ်။

ဘယ်သူတွေ ထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ လိုမလဲ။

အသက် ၁၆ နှစ် ပြည့်ပြီးပြီ။ ကိုဗစ် ကာကွယ်ဆေးလည်း ၂ ကြိမ် ထိုးပြီးပြီ။ ကာကွယ်ဆေး ထိုးပြီးတာလည်း ၅ လ (တရုတ်ကာကွယ်ဆေးတွေမှာ ၃လ)ကျော်နေပြီဆိုသူတိုင်း ထပ်ဆောင်း ကာကွယ်ဆေးထိုးဖို့ လိုပါမယ်။ အထူးသဖြင့်

ကိုယ်ခံအား အရမ်းနည်းတဲ့သူတွေဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီး ၃ လအကြာမှာ နောက်ထပ် ထပ်ဆောင်းကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/01/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။