backup og meta

Covid-19 ကူးစက်ခံရသူမှာ ရောဂါလက္ခဏာလုံးဝမပြတာရော ဖြစ်နိုင်လား

Covid-19 ကပ်ဘေးဟာ မြန်မာနိုင်ငံကို ရောက်လာတာ အခုဆိုရင် ၆လတောင် ရှိနေပါပြီ။ လက်ရှိ Second Wave မှာဆိုရင် ကူးစက်သူဦးရေလည်း ထောင်ကျော်လာသလို သေဆုံးသူအရေအတွက်ဟာလည်း ပိုမိုများပြားလာပါပြီ။ ပုံမှန်အားဖြင့် Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၂ ရက်မှ ၁၄ ရက်အတွင်း ချောင်းခြောက်ဆိုးခြင်း၊ ဖျားနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ အနံ့ အရသာခံမရခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

Covid-19 နဲ့ ဆင်တူလက္ခဏာများကို တွေ့ရပြီဆိုတာနဲ့ မိမိအနေနဲ့ ကိုယ့်မှာ ရောဂါပိုးရှိမရှိကို Swab Test ဖြင့် စစ်ဆေးမှု ပြုဖို့ လိုအပ်ပါတယ်။ ရောဂါပိုးရှိတယ်ဆိုရင် ဆေးရုံတက်ရမှာ ဖြစ်ပြီး ရောဂါပိုးမရှိဘူးဆိုရင်တော့ သေချာအောင် စစ်ဆေးဖို့ ကွာရန်တင်းဝင်ရမှာပဲ ဖြစ်ပါတယ်။

ဒါဆို Covid-19 ကူးခံရပြီး ဘာရောဂါလက္ခဏာမှ မပြတာမျိုးရော မရှိဘူးလားလို့ မေးစရာပေါ်လာပါတယ်။ ဒီမေးခွန်းအတွက် အဖြေအတိအကျမရှိသေးပေမဲ့ ရှိနိုင်တယ်လို့ပဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခံအားကောင်းနေသူ၊ ကိုယ်တွင်းအင်္ဂါတွေ အထူးသဖြင့် အဆုတ်၊ နှလုံး အားကောင်းနေသူတွေမှာ ရောဂါလက္ခဏာ ပြတာမျိုးလည်း ရှိသလို လုံးဝမပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီလူတွေဟာ အန္တရာယ်များလား။

ယခုလက်ရှိအခြေအနေအရ သုံးသပ်ရမယ်ဆိုရင်တော့ ကာယကံရှင်အနေနဲ့ရော၊ ထိုသူနဲ့ ထိစပ်နေတဲ့ မိသားစုဝင်တွေအတွက်ပါ တော်တော်လေးကို အန္တရာယ်များပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့

၁။ ပိုးကူးစက်ခံရပေမယ့် လက္ခဏာ လုံးဝမပြသူတွေဟာ အချိန်တော်တော်ကြာမှ လက္ခဏာပြတတ်ပြီး ရောဂါအခြေအနေ ဆိုးရွားလာတာမျိုးလည်း ရှိနိုင်တယ်။ ရှိလို့ရှိမှန်း လုံးဝမသိ၊ ကုသမှုလည်း မခံယူဘဲ သူ့ဘာသာပျောက်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။

၂။ ရောဂါလက္ခဏာ မခံစားရတဲ့တိုင်အောင် ထိုသူရဲ့ ကိုယ်ခန္ဓာမှာ ရောဂါပိုးရှိတဲ့အတွက် တခြားသူတွေကိုပါ လည်ချောင်း၊ နှာခေါင်းကနေတစ်ဆင့် ထွက်တဲ့ တံတွေးအမှုန်အမွှားကနေ ကူးစက်ခံရနိုင်ပါတယ်။

၃။ ကာယကံရှင်က ကံကောင်းပြီး ရောဂါလက္ခဏာမပြဘူး၊ ဘာဝေဒနာမှလည်း မခံစားရဘူးဆိုရင်တောင် တစ်အိမ်တည်း အတူနေသူတွေအတွက် ဒီလိုဖြစ်ချင်မှ ဖြစ်မှာပါ။ အထူးသဖြင့် အသက်ကြီးပိုင်းတွေ၊ အဆုတ်၊ နှလုံးမကောင်းသူတွေမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။

၄။ မိမိကိုယ်ကို ရောဂါကင်းစင်တယ်အထင်နဲ့ မိသားစုဝင်တွေအပြင် တခြားသူစိမ်းတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာလည်း ကူးစက်နှုန်းကို မြင့်တက်စေပါတယ်။

ဒါဆို ဘယ်လိုလုပ်ကြမလဲ။

အမြဲတမ်း မှာခဲ့သလိုပါပဲ။ ဘယ်သူဘယ်ဝါမှာ ရောဂါပိုးရှိတယ်၊ မရှိဘူးဆိုတာ Swab Test နမူနာဖြင့် စစ်ဆေးမှုမပြုဘဲ မသိနိုင်တဲ့အတွက် ကိုယ့်ဘက်က ကာကွယ်မှုအမြဲ ယူထားဖို့ လိုအပ်ပါတယ်။

မဖြစ်မနေ လုပ်ပေးရမှာက

  • အပြင်သွားတိုင်း Mask တပ်ပေးပါ
  • လက်ကို အမြဲဆေးကြောပါ
  • အပြင်ကို အရေးတကြီး ကိစ္စမရှိဘဲ လုံးဝမထွက်ပါနဲ့
  • မိသားစုဝင်အပါအဝင် တခြားသူတွေနဲ့ စကားပြောတဲ့အခါ ခပ်ခွာခွာပြောပါ
  • တခြားသူရဲ့ အသုံးအဆောင်တွေကို မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့
  • သူစိမ်းတွေနဲ့ စုဆုံတွေ့တာမျိုး မလုပ်ပါနဲ့
  • ကပ်ရောဂါကို ပေါ့သေးသေး မမှတ်ပါနဲ့

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.who.int/news-room/commentaries/detail/immunity-passports-in-the-context-of-covid-19?gclid=EAIaIQobChMI_cH3kMz06wIVmE5gCh0GUAmzEAAYASAAEgK9KfD_BwE

ယခုပုံစံ

23/09/2020

Ye Myo Myat မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/09/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement