မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Sleep Apnea ဆိုတာကတော့ အိပ်ပျော်နေစဉ်မှာ အသက်ရှူခြင်းကို ကြိန်ဖန်များစွာ အနှောက်အယှက်ဖြစ်စေတဲ့ အိပ်စက်ခြင်းဆိုင်ရာ မူမမှန်တဲ့ ရောဂါတစ်ခုပါ။ ရလဒ်အနေနဲ့ကတော့ ဒီအခြေအနေရှိသူတစ်ယောက်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အထူးသဖြင့် ဦးနှောက်ဟာ အောက်စီဂျင်မလုံလောက်တော့ဘဲ အိပ်ရေးမဝတာကြောင့် နေ့ဘက်တွေမှာပါ တစ်နေကုန်လုံး ပင်ပန်းနေတတ်တာပါ။ Sleep Apneaမှာ အဓိက ပုံစံ ၂မျိုးရှိပါတယ်။
Obstructive sleep apnea: လေပြွန်ပိတ်ခြင်းကြောင့်ဖြစ်ရတဲ့ အဖြစ်များတဲ့ ပုံစံ။
Central Sleep apnea: ဒါကတော့ လေပြွန်ပိတ်လို့ဖြစ်ရတာမဟုတ်ပါဘဲ အသက်ရှူစနစ်ထိန်းချုပ်တဲ့နေရာက မတည်ငြိမ်မှုကြောင့်ဖြစ်ရတာပါ။ ဦးနှောက်က ကြွက်သားတွေကို အသက်ရှူဖို့ သတင်းမပို့နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ယှဉ်ကြည့်ရမယ်ဆိုရင်တော့ အမျိုးသမီးတစ်ယောက်မှာ ဒီရောဂါရှိရင် အမျိုးသား ၂ယောက်ကနေ ၃ယောက်အတွင်းမှာ ဒီရောဂါရှိနေနိုင်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သက်လတ်ပိုင်းတွေမှာ တွေ့ရများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Sleep Apnea ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
ကျယ်လောင်စွာဟောက်ခြင်း
အသက်ရှူကြပ်တာကို ဘေးလူတစ်ယောက်မျက်မြင်တွေ့ခြင်း
အသက်ရှူမဝခြင်းကြောင့် မကြာမကြာလန့်နိုးခြင်း
ခံတွင်းခြောက်ခြင်း သို့မဟုတ် လည်ချောင်းနာခြင်းကြောင့် နိုးခြင်း
နံနက်ပိုင်း ခေါင်းကိုက်ခြင်း
အိပ်ပျော်နိုင်ခဲခြင်း (Insomnia)
နေ့ဘက်တွင် အလွန်အမင်းအိပ်ချင်ခြင်း (Hypersomnia)
အာရုံစူးစိုက်မှု ပြဿနာများ
စိတ်ရှုပ်လွယ်ခြင်းစတာတွေဖြစ်တတ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
အခြားသူတွေ သို့မဟုတ် သင့်ကိုယ်သင်တောင် အနှောက်အယှက်ဖြစ်စေလောက်သည်ထိ အကျယ်ကြီး ဟောက်ခဲ့ရင်
Obstructive sleep apnea နဲ့ Central sleep apnea တို့ကတော့ အောက်ပါအတိုင်း ကွာခြားကြပါတယ်။
Obstructive sleep apnea မှာတော့ လည်ချောင်းနောက်က ကြွက်သားတွေနားလိုက်တဲ့အချိန်မှာ လေပြွန်ကျဉ်းသွားပြီး အသက်ရှူတဲ့အချိန်မှာ ပိတ်သွားပါတယ်။ ဒါဟာ လူနာရဲ့ ခန္ဓါကိုယ်ထဲက အောက်စီဂျင်ကို လျော့နည်းစေပါတယ်။ အသက်မရှူနိုင်ခြင်းဟာ အချက်ပြနေပြီး အသက်ပြန်လည်ရှူနိုင်ဖို့ လူနာကို အိပ်ပျော်ရာက ဦးနှောက်က နှိုးပါတော့တယ်။ ဒီလို နိုးလာခြင်းကတော့ သာမန်လူတွေမှာလည်း အဖြစ်များပြီး မမှတ်မိတတ်ကြပါဘူး။
Central sleep apnea ကတော့ လူနာရဲ့ဦးနှောက်ဟာ အသက်ရှူမယ့်ကြွက်သားတွေဆီ အချက်လှမ်းမပြနိုင်တာပါ။ ဒါဟာ ကြွက်သားတွေကို ခေတ္တအသက်မရှူအောင် တားမြစ်လိုက်ပါတယ်။ လူနာဟာ အသက်ရှူမဝခြင်းကြောင့် နိုးလာနိုင်တာမျိုးတွေ ဒါမှမဟုတ် အိပ်ပျော်ဖို့ ခဲယဉ်းတာတွေ ၊ တောက်လျှောက်အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။
Sleep Apnea ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
Obstructive sleep apnea အတွက်ဆိုရင်
အမျိုးသားဖြစ်နေခြင်း၊ ကိုယ်အလေးချိန်ပိုနေခြင်း၊ အသက်၄၀ကျော်နေခြင်း၊ neck circumference များနေခြင်း (အမျိုးသားတွေမှာတော့ ၁၇လက်မနဲ့အထက်ရှိနိုင်ပြီး အမျိုးသမီးတွေမှာ ၁၆လက်မနဲ့အထက် ရှိနိုင်ပါတယ်) tonsils ကြီးခြင်း၊ လျှာကြီးခြင်း သို့မဟုတ် မေးရိုးသေးခြင်း၊ sleep apnea မျိုးရိုးရှိခြင်း၊ Gastroesophageal reflux သို့မဟုတ် GERD ၊ အရက်သောက်ခြင်း၊ စွဲခြင်း ၊ ဆေးသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ နှာခေါင်းပိတ်ခြင်း စတာတွေဖြစ်ပြီး
Central sleep apnea အတွက်ဆိုရင်တော့
သက်လတ်ပိုင်း သို့မဟုတ် သက်ကြီးပိုင်းဖြစ်နေခြင်း၊ နှလုံးမူမမှန်ခြင်း၊ methadone ကဲ့သို့သော ဆေးမျိုး သုံးစွဲရခြင်း၊ လေဖြတ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Sleep Apnea အတွက် စမ်းသပ်ချက်တွေမှာတော့
Nocturnal polysomnography
Home sleep tests : သင့်ရဲ့ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်စီဂျင်လယ်ဗယ်၊ လေစီးဆင်းမှုနဲ့ အသက်ရှူလမ်းကြောင်း၊ စနစ်စတာတွေကို လေ့လာမှုတွေ ပါဝင်ပါတယ်။
Obstructive sleep apnea ကို ကုသမှုတွေမှာတော့
Continuous positive airway pressure (CPAP ): လူနာအိပ်ပျော်နေချိန်အတွင်း နှာခေါင်းပေါ်အုပ်ထားတဲ့ mask မှတ်ဆင့် လေဖိအားပို့တဲ့ ပစ္စည်းကို အသုံးပြုခြင်း။
Bilevel positive airway pressure (BiPAP) : CPAP နဲ့ဆင်တူတဲ့ ကိရိယာကို အသုံးပြုတာဖြစ်ပေမယ့် အသက်ရှူသွင်းလိုက်တဲ့အခါ ဖိအားများများပေးပြီး ပြန်ရှူထုတ်တဲ့အခါ ဖိအားနည်းနည်းသာပေးတဲ့ ကိရိယာကို အသုံးပြုခြင်း
Expiratory positive airway pressure (EPAP) : အိပ်မပျော်သေးခင်မှာ သေးငယ်တဲ့ တစ်ခါသုံးပစ္စည်းလေးတွေကိုသုံးပီး လေကို လွတ်လွတ်လပ်လပ်ရှူသွင်းနိုင်စေဖို့နဲ့ ရှူထုတ်တဲ့အချိန်မှာတော့ လေကို ထည့်ထားတဲ့ ကိရိယာရဲ့ အပေါက်သေးသေးတွေကနေ ထွက်သွားစေခြင်း
Oral apliances: လည်ချောင်းပွင့်နေစေဖို့ oral appliance တွေကို အသုံးပြုရပါတယ်။ ဒါကတော့ CAPA ထက် ပိုပြီးလွယ်ကူပါတယ်။
ခွဲစိတ်ခြင်း : အထက်ပါ ကုသမှုတွေအားလုံး အလုပ်မဖြစ်တဲ့အချိန်မှာတော့
Central Sleep apnea အတွက် ကုသခြင်းမှာတော့
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Sleep Apnea ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Sleep Apnea ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။