WHOကျတော့ ထပ်ဆောင်းကာကွယ်ဆေးထိုးတာထက် ကာကွယ်ဆေး လွှမ်းခြုံမှုကို ပိုပြီး အာရုံစိုက်ပါတယ်။ သူတို့ပြောလေ့ရှိတာာက No one is safe until everyone is safe ပါ။ လက်ရှိ ဒေတာတွေအရလည်း ကာကွယ်ဆေး လွှမ်းခြုံမှုက တော်တော်လေး အားနည်းနေပါသေးတယ်။ ဒါက Omicronလိုမျိုး နောက်ထပ် ဗီဇပြောင်းမျိုးကွဲတွေ ထပ်ထွက်လာစေပြီး နောက်ထပ်လှိုင်းတွေကို ထပ်ဖြစ်စေနိုင်ပါတယ်။
အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ လူဦးရေက အင်မတန်နည်းနေပါသေးတယ်။ ဒါကြောင့် အရင်ကတော့ WHOက နှစ်ကြိမ်အပြည့်ထိုးထားတာတောင် ခုခံအား တုံ့ပြန်မှု မကောင်းတဲ့သူတွေမှာပဲ တတိယအကြိမ် ထပ်ထိုးဖို့ ပြောထားပါတယ်။

လက်ရှိမှာ ဘယ်သူတွေ ထပ်ဆောင်း ထိုးသင့်သလဲ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ရက်နေ့က WHOရဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Strategic Advisory Group of Experts (SAGE) က ခုခံအားတုံ့ပြန်မှု မကောင်းတဲ့သူတွေအပါအဝင် ပိုးအသေကနေ လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ထပ်ဆောင်းကာကွယ်ဆေးထိုးသင့်တယ်လို့ အကြံပြုလာပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။