brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းက ကိုဗစ်ကို ကာကွယ်ပေးနိုင်

ကိုဗစ် ဖြစ်ပွားမှုက ၃ နှစ်တာလောက် ကြာမြင့်လာပြီးတဲ့နောက်မှာတော့ သုတေသီတွေက ကိုဗစ်ကို ကာကွယ်ကုသနိုင်မယ့် နည်းလမ်းမျိုးစုံကို ရှာဖွေလာကြပါတယ်။ ကိုဗစ်အတွက် ကာကွယ်ဆေးတွေကို ကြိုးပမ်းနေသလို ကုသနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေနေကြပါတယ်။ ဒီရှာဖွေ ကြိုးပမ်းမှုရဲ့ ရလဒ်အနေနဲ့ မ​ကြာသေးခင်က ကိုဗစ်ကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတစ်ရပ်ကို တွေ့ရှိခဲ့ပါတယ်။

ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းက ကိုဗစ်ကို ကာကွယ်ပေးနိုင်

ဒါက ဘာများဖြစ်မလဲ။ ဒီနည်းလမ်းက ဘယ်လောက်ထိ ထိရောက်မှု ရှိမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား …….

ဆေးခြောက်က ကိုဗစ်ကို ကာကွယ်ပေးနိုင်တော့မလား ………

ဆေးခြောက် သောက်သုံးမှုက သောက်သုံးသူကို novel coronavirus ကနေ မကာကွယ်ပေးနိုင်လောက်ပေမယ့် ဆေးခြောက်ကို ဆေးဝါးအသုံးပြုမှုအနေနဲ့ အသုံးပြုတာက ကိုဗစ်ကို ကာကွယ်ပေးကောင်း ကာကွယ်ပေးနိုင်တော့မယ့် အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအနေအထားကို အတည်ဖြစ်လာစေဖို့ မျှော်လင့်နေသူတွေကလည်း အများကြီးပါ။

ဆေးခြောက်ကို မှန်ကန်တဲ့ ပမာဏ၊ မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုတာက ကိုဗစ်ဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခြေ ရှိပါတယ်။ ဆေးခြောက်မှာပါတဲ့ CBD ဒြပ်ပေါင်းက Covid-19 ကူးစက်ခံရတဲ့အခါ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလို ဗိုင်းရပ်စ် ပြန့်ပွားမှုကိုတောင် တားဆီးပေးနိုင်စွမ်း ရှိတယ်လို့ အခုအပတ်အတွင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းက ကိုဗစ်ကို ကာကွယ်ပေးနိုင်

https://www.shutterstock.com/image-photo/doctor-hands-marijuana-symbol-medical-concept-660308902

ဆေးခြောက်မှာပါတဲ့ အချို့သော ဒြပ်ပေါင်းတွေက ကျန်းမာတဲ့ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲကို ကိုရိုနာဗိုင်းရပ်စ် မဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်၊ လို့ Journal of Nature Productsမှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။

ဒီလေ့လာမှုကို Oregon ပြည်နယ် တက္ကသိုလ်က ဦးဆောင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်း ၂ မျိုးဖြစ်တဲ့ cannabigerolic acid (CBGA)နဲ့ cannabidiolic acid (CBDA) တို့က ကိုရိုနာဗိုင်းရပ်စ်တွေကို ဆဲလ်တွေထဲ ဝင်ရောက်မှု မရှိအောင် တားဆီးပေးနိုင်ပါတယ်။

လေ့လာမှုအရ ဒီအက်ဆစ်တွေက SARS-CoV-2 spike protein ကို တားဆီးပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကာကွယ်ဆေးတွေလိုပဲ ကိုဗစ် ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိနေပြီဆိုရင်လည်း ဆဲလ်တွေထဲ ဝင်ရောက်မှုကို နည်းနိုင်သမျှ နည်းအောင် တားဆီးပေးပါတယ်။

သဘောကတော့ ကျန်းမာတဲ့ဆဲလ်တွေထဲကို ရောဂါပိုး မရောက်အောင် တားဆီးပေးသလို ဗိုင်းရပ်စ် အမှုန်တွေ ဆဲလ်တွေဆီ ကူးစက်မှု မရှိအောင် တားဆီးပေးပြီး ရောဂါပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို လျှော့ချပေးသလို ရောဂါဖြစ်ပွားမှုကာလကိုလည်း တိုစေနိုင်ပါတယ်။ အဆုတ်တွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဆေးခြောက်မှာပါတဲ့ ဒြပ်ပေါင်းတွေက ကိုဗစ်မျိုးစိတ်တွေဖြစ်တဲ့ alpha မျိုးစိတ်ကိုရော beta မျိုးစိတ်ကိုပါ ထိထိရောက်ရောက် တားဆီးပေးနိုင်တာပါ။ ဆေးခြောက်ကို ယခင်ကတည်းကလည်း ဆေးဝါးအတွက် အသုံးပြုမှုတွေ ရှိခဲ့ပါတယ်။

ဒီဒြပ်ပေါင်းတွေကို လက်ရှိ ကိုရိုနာမျိုးစိတ်တွေအပေါ်မှာရော နောက်ထပ် ထွက်ပေါ်လာမယ့် ကိုရိုနာမျိုးစိတ်တွေအပေါ်မှာပါ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ သုတေသီတွေက မျှော်လင့်နေကြပါတယ်။

အခုလေ့လာတွေ့ရှိမှုအရ ဆေးခြောက်ကို မှန်ကန်တဲ့ပမာဏကို နည်းလမ်းမှန်မှန်နဲ့ အသုံးပြုမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မှာပါ။ ဆေးခြောက်ကို အလွဲသုံးတာ၊ သောက်သုံးတာမျိုးတွေကတော့ ကိုဗစ်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထပ်ဆောင်း သတိပေးပါရစေ။

ဆေးဝါးအနေနဲ့ ထုတ်လုပ်ပြုပြင်ထားတဲ့ အနေအထားကို နည်းလမ်းမှန်မှန်နဲ့ သုံးစွဲမှုကပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ကုသနိုင်မှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/01/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။