brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

  1. သဘာဝဆေးဖက်ဝင်ပစ္စည်းများ
  2. သဘာဝဆေးဖက်ဝင်

ထန်းရည် ကြိုက်တတ်သူတွေအတွက် သတင်းကောင်း

ထန်းရည် ကြိုက်တတ်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဆက်သာသောက်လို့ ပြောပါရစေလား။ ထန်းရည်က ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ ဘယ်လိုများ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်လဲသိချင်ရင်တော့ တူတူဆက်ဆွေးနွေးရအောင်လား။

ထန်းရည် ကြိုက်တတ်သူတွေအတွက် သတင်းကောင်း

ထန်းရည်

ထန်းရည်ဆိုတာက ထန်းသီးကနေရတဲ့ အရည်မဟုတ်ပါဘူး။ ထန်းဖူးကနေ ရတဲ့အရည်ပါ။ ထန်းရည်ကို သောက်စရာတစ်ခုအနေနဲ့ သောက်လာခဲ့တာ အရင်ကတည်းကပါ။ ထန်းရည်မှာ အချိုနဲ့ အခါးဆိုပြီး ရှိပါတယ်။ ဒီထန်းရည်က သဘာဝဆေးတစ်ခုအနေနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုပေးနိုင်ပါတယ်။ ထန်းရည်က pH ၈ ကနေ ၉ ရှိပါတယ်။ ထန်းရည်က ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သောက်စရာတစ်ခုလို့ ပြောပါရစေနော်။

ထန်းရည်ကနေ ဒီလိုအာဟာရဓာတ်တွေ ရနိုင်ပါတယ်

ထန်းရည်မှာ အာဟာရဓာတ်အနေနဲ့

  • ဆူးခရို့စ်
  • ပရိုတင်း
  • Ascorbic acid
  • အမျှင်ဓာတ်
  • အမိုင်နိုအက်ဆစ်
  • ဗီတာမင် C နဲ့
  • ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ထန်းရည် က သဘာဝလက်ဆောင်တစ်မျိုးပါ

ထန်းရည်က ချိုပြီး အရသာရှိသလို အာဟာရနဲ့ ဗီတာမင်တွေလည်း ပါဝင်နေတဲ့ သဘာဝရဲ့ လက်ဆောင် သောက်စရာ တစ်မျိုးပေါ့။

  • ကင်ဆာ တိုက်ဖျက်ပေးနိုင်ပါတယ်

ထန်းရည် မှာ ဗီတာမင် B2 လို့သိကြတဲ့ riboflavin ပါဝင်နေပါတယ်။ riboflavin က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ free radicalsတွေကို တိုက်ထုတ်ပေးပါတယ်။ ဒါကြောင့် ကင်ဆာအန္တရာယ်ကနေ ကာကွယ်ဖို့ ထန်းရည်သောက်ပေးလို့ရပါတယ်။

  • အမြင်အာရုံကောင်းစေတယ်

ထန်းရည်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ ဗီတာမင် C ပါဝင်တာကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ထန်းရည်မှာ ဗီတာမင် B1 (သီရာမင်း) ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။

ထန်းရည် ကြိုက်တတ်သူတွေအတွက် သတင်းကောင်း

  • အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တယ်

ထန်းရည်မှာ အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ သံဓာတ်နဲ့ ဗီတာမင် B တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေဖို့ အထောက်အကူပြုပေးပါတယ်။ ခန္ဓာကိုယ်က ဆဲလ်တွေ ကာင်းမွန်စွာလုပ်ဆောင်နိုင်ဖို့ လုပ်ဆောင်ပေးသလို တစ်ရှူးတွေကို ပြုပြင်ပေးပြီး အနာကျက်စေနိုင်စွမ်းလည်း ရှိပါတယ်။ လှပကျန်းမာတဲ့ ဆံသား၊ အရေပြားနဲ့ ခြေသည်းလက်သည်းတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ထန်းရည်လေးက စဉ်းစားသင့်တဲ့ သဘာဝဆေးတစ်မျိုးပေါ့။

  • နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးတယ်

ထန်းရည်ကိုနေ့တိုင်း တစ်ခွက်စီလောက် သောက်ပေးမယ်ဆိုရင် နှလုံးကျန်းမာစေတာအမှန်ပါ။ ထန်းရည်မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပြီး သွေးတိုးကျစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်တစ်ခုက ထန်းရည်အများကြီးသောက်တာက အသည်းထိခိုက်နိုင်တယ်ဆိုတာပါ။

  • နို့ထွက်များစေနိုင်တယ်

နို့ထွက်နည်းတဲ့ မိခင်တွေအတွက် သောက်ပေးလို့ရတဲ့ သဘာဝနို့ရွှင်ဆေးတစ်လက်ပေါ့။ ဒါကြောင့် နို့တိုက်မိခင်တွေ နို့ထွက်များစေဖို့ ထန်းရည်အချိုကို ပမာဏ အနည်းငယ် သောက်ပေးလို့ရပါတယ်နော်။

ထန်းရည် ကြိုက်တတ်သူတွေအတွက် သတင်းကောင်း

ဒါတွေတင်မကပါဘူး။ ထန်းရည် က ကိုယ်အလေးချိန် ချချင်သူတွေအတွက်လည်း စဉ်းစားသင့်တဲ့ အချက်တစ်ခုဖြစ်သလို မှတ်ဉာဏ်ကောင်းလိုသူတွေအတွက်လည်း သင့်တော်ပါတယ်။ ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ သွားဖုံးရောဂါတွေကို သက်သာစေနိုင်သလို ပင်ပန်းမှုကိုပြေလျော့စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး ဆီးလည်းရွှင်စေပါတယ်။

ပင်ကျရည်စစ်စစ်လေးသောက်ပြီး အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရယူလိုက်ပါနော်……..

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

hellobacsi white

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

FOLLOW US

  • ကျန်းမာရေး ဆောင်းပါးများ
  • ကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

  • ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ
  • ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ
  • တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ
  • ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

Hello Health

  • Hello Health အကြောင်း
  • ကျွန်ုပ်တို့အကြောင်း

  • HelloSehat
  • HelloKhunmor
  • HelloDoktor
  • HelloKrupet
  • HelloYishi
  • HelloSwasthya
  • HelloBacsi
  • HelloDoctor
  • HelloJiankang
  • https://www.dmca.com/ProtectionPro.aspx?r=m
©2025 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။