ထန်းရည်ကြိုက်တတ်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဆက်သာသောက်လို့ပြောပါရစေလား။ ထန်းရည်က ကျန်းမာရေးအကျိုးကျေးဇူးတွေပေးစွမ်းနိုင်ပါတယ်။ ဘယ်လိုများကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲသိချင်ရင်တော့ တူတူဆက်ဆွေးနွေးရအောင်လား။
ထန်းရည်
ထန်းရည်ဆိုတာက ထန်းသီးကနေရတဲ့အရည်မဟုတ်ပါဘူး။ ထန်ဖူးကနေရတဲ့အရည်ပါ။ ထန်းရည်ကိုသောက်စရာတစ်ခုအနေနဲ့သောက်လာခဲ့တာ အရင်ကတည်းကပါ။ ထန်းရည်မှာ အချိုနဲ့အခါးဆိုပြီး ရှိပါတယ်။ ဒီထန်းရည်က သဘာဝဆေးတစ်ခုအနေနဲ့ ခန္ဓါကိုယ်ကို အကျိုးပြုပေးနိုင်ပါတယ်။ ထန်းရည်က pH ၈ ကနေ ၉ ရှိပါတယ်။ ထန်းရည်က ကျန်းမာရေးအကျိုးကျေးဇူးများတဲ့သောက်စရာတစ်ခုလို့ပြောပါရစေနော်။
ထန်းရည်ကနေ ဒီလိုအာဟာရဓါတ်တွေရနိုင်ပါတယ်
ထန်းရည်မှာ အာဟာရဓါတ်အနေနဲ့
- ဆူးခရို့စ်
- ပရိုတင်း
- Ascorbicacid
- အမျှင်ဓါတ်
- အမိုင်နိုအက်ဆစ်
- ဗီတာမင် C နဲ့
- ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်ပါတယ်။
ထန်းရည်က သဘာဝလက်ဆောင်တစ်မျိုးပါ
ထန်းရည်က ချိုပြီး အရသာရှိသလို အာဟာရနဲ့ဗီတာမင်တွေလည်းပါဝင်နေတဲ့ သဘာဝရဲ့လက်ဆောင်သောက်စရာတစ်မျိုးပေါ့။
ကင်ဆာတိုက်ဖျက်ပေးနိုင်ပါတယ်
ထန်းရည်မှာ ဗီတာမင် B2 လို့သိကြတဲ့riboflavin ပါဝင်နေပါတယ်။riboflavin ကဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ free radicalsတွေကိုတိုက်ထုတ်ပေးပါတယ်။ ဒါကြောင့် ကင်ဆာအန္တရာယ်ကနေကာကွယ်ဖို့ ထန်းရည်သောက်ပေးလို့ရပါတယ်။
အမြင်အာရုံေကာင်းစေတယ်
ထန်းရည်မှာ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ ဗီတာမင် C ပါဝင်တာကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ထန်းရည်မှာ ဗီတာမင် B1 (သီရာမင်း) ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။
အရေပြား၊ ဆံသားနဲ့ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တယ်
ထန်းရည်မှာ အရေပြား၊ ဆံသားနဲ့ခြေသည်းလက်သည်းတွေကျန်းမာစေဖို့အတွက် လိုအပ်တဲ့ သံဓါတ်နဲ့ဗီတာမင် B တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်က ဆဲလ်တွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေဖို့အထောက်အကူပြုပေးပါတယ်။ ခန္ဓါကိုယ်ကဆဲလ်တွေကာင်းမွန်စွာလုပ်ဆောင်နိုင်ဖို့လုပ်ဆောင်ပေးသလို တစ်ရှုးတွေကိုပြုပြင်ပေးပြီး အနာကျက်စေနိုင်စွမ်းလည်းရှိပါတယ်။ လှပကျန်းမာတဲ့ ဆံသား၊ အရေပြား နဲ့ခြေသည်းလက်သည်းတွေပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ထန်းရည်လေးက စဉ်းစားသင့်တဲ့ သဘာဝဆေးတစ်မျိုးပေါ့။
နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးတယ်
ထန်းရည်ကိုနေ့တိုင်း တစ်ခွက်စီလောက်သောက်ပေးမယ်ဆိုရင် နှလုံးကျန်းမာစေတာအမှန်ပါ။ ထန်းရည်မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပြီးသွေးတိုးကျစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်တစ်ခုက ထန်းရည်အများကြီးသောက်တာက အသည်းထိခိုက်နိုင်တယ်ဆိုတာပါ။
နို့ထွက်များစေနိုင်တယ်
နိုပထွက်နည်းတဲ့မိခင်တွေအတွက်သောက်ပေးလိုပရတဲ့ သဘာဝနို့ရွှင်ဆေးတစ်လက်ပေါ့။ ဒါကြောင့်နို့တိုက်မိခင်တွေ နို့ထွက်များစေဖို့သောက်ပေးလို့ရပါတယ်။ နော်။
ဒါတွေတင်မကပါဘူး။ ထန်းရည်က ကိုယ်အလေးချိန်ချချင်သူတွေအတွက်လည်း စဉ်းစားသင့်တဲ့အချက်တစ်ခုဖြစ်သလို မှတ်ဉာဏ်ကောင်းလိုသူတွေအတွက်လည်း သင့်တော်ပါတယ်။ ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ သွားဖုံးရောဂါတွေကို သက်သာစေနိုင်သလို ပင်ပန်းမှုကိုပြေလျော့စေနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး ဆီးလည်းရွှင်စေပါတယ်။
ပင်ကျရည်စစ်စစ်လေးသောက်ပြီး အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရယူလိုက်ပါနော်……..
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။