backup og meta

အဆစ်တွေ ချိုးတဲ့အကျင့် နဲ့ပတ်သက်လို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆစ်တွေ ချိုးတဲ့အကျင့် နဲ့ပတ်သက်လို့

    လူ့ခန္ဓာကိုယ်မှာ လက်ချောင်း၊ခြေချောင်းလေးတွေကနေစလို့ ဒူးလည်ပင်းနဲ့ အစိတ်အပိုင်းတွေကိုကောင်းစွာလှုပ်ရှားနိုင်စေဖို့ အဆစ်တွေနဲ့ဖွဲ့စည်းထားတာပါ။ ဒီအဆစ်တွေကို ညောင်းတဲ့အခါမှာ ဂျွတ်ခနဲ မြည်အောင်ချိုးတတ်ကြတယ်နော်။ ဒီအလေ့အထကို လူတော်တော်များများ ၁၀၀ မှာဆိုရင် ၄၅ ရာခိုင်နှုန်းလောက် အလေ့အထတစ်ခုလိုကို လုပ်နေတတ်ကြပါတယ်။ ဒီလိုအဆစ်တွေကို အညောင်းပြေအောင်ဆိုပြီး အဆစ်တွေ ချိုးတဲ့အကျင့် က အဆစ်ရောင်ဝေဒနာကိုဖြစ်စေနိုင်တယ်ဆိုတဲ့ ပြောစကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါက ယုံတမ်းစကားလား၊ တကယ်လား ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။

    အဆစ်တွေက ဒီလိုဖွဲ့စည်းထားတာပါ

    အဆစ်တွေ တော်တော်များများထဲမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အကောင်းဆုံး လှုပ်ရှားနိုင်စေဖို့အတွက် လုပ်ဆောင်ပေးတဲ့ ချောဆီတွေ ဖြည့်ထားတဲ့ အိတ်ငယ်လေးတွေ ရှိနေပါတယ်။ စက်ပစ္စည်းတွေ လည်ပတ်မှုကောင်းအောင် အမဲဆီ၊ချောဆီတွေက လုပ်ဆောင်ပေးသလိုမျိုးပေါ့။ ဒီအရည်တွေက အဆစ်တွေလှုပ်ရှားတိုင်းမှာ အဆင်ပြေပြေ လှုပ်ရှားနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။

    အဆစ်တွေကိုဆွဲလိုက်တဲ့အခါမှာဖြစ်ဖြစ် ချိုးလိုက်တဲ့အခါမှာဖြစ်ဖြစ် အရိုးတွေတစ်ခုနဲ့ တစ်ခုကြားမှာရှိတဲ့နေရာလွတ်လေးက ဟသွားပြီး အသံတွေထွက်လာတာပါ။ ဒါက တကယ်တော့အဆစ်တွေအပေါ်မှာ မကောင်းတဲ့ဖိအားတွေသက်ရောက်စေတာပါ။ အဆစ်တွေချိုးတာက တကယ်တော့ကောင်းတာထက် ဆိုးတာကပိုများစေတယ်လို့ပြောရပါမယ်။ အဆစ်တွေချိုးတာကို နေ့စဉ်အလေ့အထတစ်ခုလို လုပ်နေမယ်ဆိုရင်တော့ အာရုံကြောတွေထိခိုက်စေနိုင်ပါတယ်။ အချို့ကတော့ ဒီလိုချိုးလိုက်မှာနေသာထိုင်သာရှိသွားတယ်လို့ဆိုပါတယ်။

    အဆစ်တွေ ချိုးတဲ့အကျင့် နဲ့ပတ်သက်လို့

    အဆစ်တွေ ချိုးတဲ့အကျင့် နဲ့ပတ်သက်လို့ ဒါလေးတွေ သိပြီးပြီလား ! မသိသေးဘူးဆိုရင်တော့ ဒါလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။ အဆစ်တွေကိုချိုးတဲ့အခါ

    အဆစ်တစ်ခုနဲ့တစ်ခုကြားမှာနေရာလပ်တိုးသွားနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်မှုက အဆစ်တွေကြားက ချောဆီအဖြစ်လုပ်ဆောင်ပေးတဲ့ အရည်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီအနေအထားက ဘာနဲ့တူသလဲဆိုရင်လေပူဖောင်းတစ်ခုကို လေတင်းနေအောင်ဖြည့်ပြီး မပေါက်မချင်းနံရံနဲ့ဖိပြီးဖောက်သလိုဖြစ်သွားနိုင်ပါတယ်။

    အဆစ်တွေချိုးတာက ကြီးကြီးမားမားပြဿနာမရှိပေမယ့် အခန့်မသင့်တဲ့အခါ အဆစ်လွဲသွားတာအရွတ်တွေထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအဆစ်ချိုးတာက အချိန်ကြာလာတာနဲ့အမျှ အဆစ်တွေမှာ ထိခိုက်မှုတွေများလာပြီး အဆစ်တွေအားနည်းလာတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အဆစ်တွေချိုးတာက တစ်ရှူးပျော့တွေကိုရောင်ရမ်းထိခိုက်စေနိုင်ပါတယ်။

    အဆစ်ချိုးတဲ့အခါ ထွက်လာတဲ့အသံက အရွတ်တွေတင်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတလေအရမ်းတောင့်တင်းနေချိန်မှာ အဆစ်တွေကို ချိုးလိုက်မိမယ်ဆိုရင် အရွတ်ရောင်သွားတာ၊ အဆစ်လွဲသွားတာ၊အကြောညပ်သွားတာလိုမျိုး အရိုးအကြောဆိုင်ရာပြဿနာတွေဖြစ်နိုင်ပါတယ်။

    အဆစ်တွေ ချိုးတာက တကယ်ပဲနေလို့ကောင်းသွားစေသလား

    အဆစ်တွေ ချိုးလိုက်တဲ့အခါ အခုမှပဲပေါ့သွားတယ်လို့ပြောတတ်ကြတယ်နော်။ တကယ်ပဲ အရမ်းကို သက်သောင့်သက်သာဖြစ်သွားစေတာလား။ အမှန်ကတော့ အဆစ်တွေကို ချိုးတာက နေလို့ကောင်းတယ်ဆိုတာထက် အခန့်မသင့်ရင် ဖြစ်သွားနိုင်တာတွေက တော်တော်လေး များပါတယ်။ အဆစ်တွေချိုးလိုက်တဲ့အခါ အရိုးတစ်ခုနဲ့တစ်ခု ထိခိုက်တာမျိုးမဖြစ်စေဖို့ ကြားထဲက ကာထားပေးတဲ့ အရွတ်တွေနဲ့ အရိုးနုတွေ၊ အကြောတွေ အပေါ်မှာ ဖိအား သက်ရောက်တာမျိုး ဖြစ်စေပြီး မတော်တဆ ထိခိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
    ခြေထောက်တွေကို လှုပ်ရှားတိုင်းမှာလည်း ဒူးဆစ်ထဲကနေ အသံတွေ ထွက်လာနိုင်ပါတယ်။ ဒါက လှုပ်ရှားမှုတိုင်းကို အဆင်ပြေပြေ လှုပ်ရှားနိုင်စေဖို့အတွက် အရွတ်တွေက အလိုက်သင့် လှုပ်ရှားပေးပါတယ်။ အဆစ်တွေကို အရှေ့အနောက်နဲ့ လိုအပ်တဲ့ဘက်ကို လိုသလို လှုပ်ရှားနိုင်စေဖို့ အဆစ်တွေနားမှာ ရှိနေတဲ့ အရွတ်တွေ၊အကြောတွေက လုပ်ဆောင်ပေးတာပါ။
    အဆစ်တွေကို ချိုးလိုက်တဲ့အခါ အဆစ်တွေကြားထဲက ချောဆီအဖြစ် လုပ်ဆောင်ပေးနေတဲ့ အရည်တွေကို ထိခိုက်စေနိုင်သလို အရွတ်တွေ၊ တစ်ရှူးပျော့တွေ နဲ့ အကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အဆစ်တွေကိုရေရှည်ကျန်းမာနေစေဖို့အတွက် အပျင်းပြေသဘောနဲ့ဖြစ်ဖြစ် အလေ့အထတစ်ခုအနေနဲ့ဖြစ်ဖြစ် ချိုးတာမျိုး မလုပ်ပါနဲ့။ ခဏတာနေလို့ ကောင်းသွားရင်တောင် ရေရှည်မှာ ထိခိုက်လာနိုင်တာတွေ ရှိနေပါတယ်။ ဒါကြောင့် အကောင်းဆုံးအကြံပေးချင်တာက အကြောတွေ တင်းနေမယ်ဆိုရင် အဆစ်ချိုးတာထက် နေ့စဉ်ပုံမှန် အကြောလျော့ လေ့ကျင့်ခန်းလေး လုပ်ပေးပါ။
    နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အဆစ်တွေချိုးတာကြောင့် အဆစ်ရောင်ဝေဒနာ မဖြစ်စေနိုင်ပေမယ့် အဆစ်တဝိုက်မှာရှိတဲ့ အရွတ်၊ တစ်ရှူးပျော့တွေနဲ့ အကြောတွေကို ရောင်ရမ်းနာကျင်စေနိုင်သလို အရမ်းပြင်းထန်မယ်ဆိုရင် အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement