Tamarind (မန်ကျည်းသီး) က ကျန်းမာရေးကို ဘယ်လိုတွေများ ထောက်ကူပေးလဲ ဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။
Tamarind (မန်ကျည်းသီး) က ကျန်းမာရေးကို ဘယ်လိုတွေများ ထောက်ကူပေးလဲ ဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။
Tamarind (မန်ကျည်းသီး) က အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ မန်ကျည်းသီးကိုကမ္ဘာတလွှားက ဟင်းပွဲတွေမှာ အသုံးပြုကြသလို မန်ကျည်းသီးမှာဆေးဖက်ဝင်တဲ့ အာနိသင်တွေလည်းရှိပါတယ်။ မန်းကျည်းသီးက ကျန်းမာရေးအတွက် ဘယ်လောက်ထိအကျိုးပြုသလဲဆိုတာနဲ့ ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာတွေကို မျှဝေပေးလိုက်ပါတယ်။
မန်ကျည်းက သစ်မာပင်မျိုးဖြစ်ပါတယ်။
အာဖရိက မျိုးရင်းအပင်ဖြစ်ပြီး အိန္ဒိယ၊ပါကစ္စတန်၊မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်ပါတယ်။
မန်ကျည်းပင်မှာ ပဲတောင့်လိုမျိုး မန်ကျည်းတောင့်တွေသီးပါတယ်။ အသီးရဲ့အတွင်းပိုင်းမှာ အမျှင်ဓါတ်ပါဝင်တဲ့အသားတွေက အစေ့ကိုငုံထားပါတယ်။
မန်ကျည်းသီးစိမ်းရဲ့ အတွင်းသားက စိမ်းပြီး ချဉ်ပါတယ်။ မှည့်သွားတဲ့အခါမှာတော့ အရည်ရွှမ်းတဲ့အသားဖြစ်လာပြီး အနှစ်လိုမျိုးဖြစ်လာကာ ချိုချိုချဉ်ချဉ် အရသာရှိပါတယ်။
Tamarind (မန်ကျည်းသီး) က ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့
မန်ကျည်းသီးက အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် ဝမ်းမှန်စေပြီး အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ မန်ကျည်းသီးက အသည်း၊အူမကြီးနဲ့အခြားအစာခြေအင်္ဂါအစိတ်အပိုင်းတွေကို ကျန်းမာစေပါတယ်။
မန်ကျည်းသီးကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။
မန်ကျည်းသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်ပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။
မန်ကျည်းသီးကနေ့စဉ်စားသုံးနေတဲ့သံဓါတ် ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုထောက်ပံ့ပေးပါတယ်။ သံဓါတ်ကသွေးနီဥဆဲလ်တွေကို တိုးစေပါတယ်။ ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်ထောက်ပံ့ပေးမှုကိုလည်း အထောက်အကူပေးပါတယ်။
အသက်အရွယ်ရလာတာနဲ့အမျှ သိမြင်မှုလုပ်ငန်းစဉ်တွေကောင်းမွန်စေဖို့ သဘာဝအစားအစာတွေအပေါ်မှီခိုလာကြရပါတယ်။ အာရုံကြောစနစ်ကို တိုးမြှင့်ပေးတဲ့အစားအစာတွေထဲမှာမန်ကျည်းသီးလည်းပါဝင်ပါတယ်။
မန်ကျည်းသီးမှာ အာရုံကြောရဲ့လုပ်ငန်းစဉ်တွေနဲ့ မှတ်ဉာဏ်ကိုတိုးတက်စေတဲ့ သီရာမင် (ဗီတာမင် B6) ကြွယ်ဝစွာပါဝင်ပါတယ်။
အရသာရှိလှတဲ့ မန်ကျည်းသီးကသွေးတွင်း အချိုဓါတ်ကိုထိန်းညှိတာနဲ့စောင့်ကြည့်တာတွေကို အထောက်အကူပြုပါတယ်။ မန်ကျည်းသီးက သကြားဓါတ်နဲ့အဆီဓါတ်တွေ ဖွဲ့စည်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကိုနှေးကွေးစေနိုင်သလို အင်ဆူလင်ပမာဏကိုလည်းတိုးစေနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ မန်ကျည်းသီးစားသုံးပေးနိုင်ပါတယ်။
မန်ကျည်းသီးမှာ ဆဲလ်တွေနဲ့ကိုယ်တွင်းအင်္ဂါတွေကိုပြင်ပကဓါတုပစ္စည်းတွေကြောင့်ထိခိုက်မှုမရှိအောင်ကာကွယ်ပေးပြီးရောဂါတွေအန္တရာယ်ကနေကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် စီတို့ကြွယ်ဝစွာပါဝင်ပါတယ်။ မန်ကျည်းသီးမှာရောင်ရမ်းမှုကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိသလို၊ ဘက်တီးရီးယားတွေကိုတိုက်ဖျက်နိုင်တဲ့အစွမ်း၊ရောဂါကာကွယ်နိုင်တဲ့ အစွမ်းတွေလည်းရှိပါတယ်။ ကိုယ်ခံအားစနစ်တိုးတက်အောင်လည်းအထောက်အကူပြုပါတယ်။
မန်ကျည်းသီးမှာ ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေ၊နေ့စဉ်လိုအပ်တဲ့အမျှင်ဓါတ်နဲ့ဗီတာမင် စီတို့ကြွယ်ဝစွာပါဝင်တာကြောင့်သွေးသန့်အောင်လုပ်ဆောင်ပေးပါတယ်။ မန်ကျည်းသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့်free radicalsတွေကိုတိုက်ဖျက်ပေးပြီးသွေးသန့်စေပါတယ်။
မန်ကျည်းသီး ကနှလုံးကိုလည်းကောင်းမွန်စေပါတယ်။
မန်ကျည်းသီးက ကိုလက်စထရောကို ထိထိရောက်ရောက်ထိန်းညှိပေးနိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စရော (LDL) ကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရော (HDL) ကိုတိုးတက်အောင်လုပ်ဆောင်ပေးပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့်သွေးပေါင်ချိန်ကိုထိန်းညှိပေးပါတယ်။ ဗီတာမင် စီကြွယ်ဝမှုကလည်းနှလုံးသွေးကြောစနစ်အပေါ်မှာ ဖိအားသက်ရောက်မှုတွေကိုလျော့ကျစေပါတယ်။
မန်ကျည်းသီးမှာ ဗီတာမင် စီ၊ဗီတာမင်အေနဲ့အခြား ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားရောင်ရမ်းတာနဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။
မန်ကျည်းသီးက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ မအီမသာဖြစ်တာ၊ဝမ်းချုပ်တာနဲ့ (morning sickness) ကိုယ်ဝန်ဆောင်ချိန်မနက်ခင်းပျို့အန်ခြင်းလိုမျိုးဝေဒနာတွေကိုသက်သာစေပါတယ်။ မန်ကျည်းသီးက အမျှင်ဓါတ်ကြွယ်ဝပြီး အစားစားချင်စိတ်ကိုဖြစ်ပေါ်စေတဲ့အပြင် သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုလည်းလှုံ့ဆော်ပေးပါတယ်။ မန်ကျည်းသီးက ဝမ်းတွင်းအေးစေတဲ့အာနိသင်ရှိပါတယ်။ မန်ကျည်းသီးကို ဆား၊ငရုတ်ကောင်းတို့နဲ့ရောစပ်စားသုံးပေးမယ်ဆိုရင် မအီမသာဖြစ်တာကိုသက်သာစေပါတယ်။
မစားသုံးခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
အကောင်းအဆိုးဒွန်တွဲနေတယ်ဆိုတဲ့စကားအတိုင်း မန်ကျည်းသီးကကျန်းမာရေးကို အထောက်အကူပြုတာရှိသလို ဆိုးကျိုးသက်ရောက်တာမျိုးတွေလည်းရှိပါတယ်။ သတိပြုနိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။