ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြတဲ့ လေးညှင်းပွင့်လေးက ဟင်းကိုတင် အနံ့အရသာတိုးစေတာမဟုတ်ဘဲ။ ခန္ဓာကိုယ်ကိုလည်း ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါသေးတယ်တဲ့။ ဒီတစ်ခေါက်တော့ ကမ္ဘာ့နိုင်ငံအသီသီးက လူတော်တော်များများခံစားနေရတဲ့ နာတာရှည်ရောဂါတွေအတွက် လေးညှင်းပွင့်က ဘယ်လောက်အထိအသုံးဝင်လဲဆိုတာကို ပြောပြပေးပါရစေနော်။
လေးညှင်းပွင့်ဆိုတာက
လေးညှင်းပွင့်ဆိုတာက အပွင့်သေးသေးလေးတွေပါ။ လေးညှင်းပွင့်လို့ဆိုပေမယ့် ပန်းလိုနုနုလေးမဟုတ်ပါဘူး။ မာမာလေးဖြစ်ပြီး အရွယ်အစားကလည်း ခပ်သေးသေးလေးပါ။ ဒီလေးညှင်းပွင့်ကို မဆလာကြိတ်တဲ့အခါမှာထည့်သုံးတတ်ကြပါတယ်။ အများအားဖြင့်တော့ အိန္ဒိယအစားအစာတွေမှာ တွေ့ရများပါတယ်။
အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ မီးဖိုချောင်ထဲက ဆေးဝါး………………..
ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြတဲ့ လေးညှင်းပွင့်လေးက ဟင်းကိုအနံ့အရသာပြည့်စေရုံတင်မဟုတ်ပါဘူး။ အခုလိုလည်း အသုံးဝင်ပါသေးတယ်။
လေးညှင်းပွင့်ကို နှလုံးရောဂါ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုပေးလို့ရပါတယ်။ လေးညှင်းပွင့်က သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေအတွင်းမှာ အဆီစုပုံမှုတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးပြီး နှလုံးသွေးကြောတွေအတွင်းမှာ သွေးစီးဆင်းရောက်ရှိမှုကောင်းပါတယ်။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ စားသုံးပေးလို့ရပါတယ်။ လေးညှင်းပွင့်မှာပါတဲ့ Eugenol ဒြပ်ပေါင်းက သွေးကြောတွေထဲမှာ အဆီတွေစုပုံနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။
အမျိုးအစား -၂ ဆီးချိုရှိသူတွေအနေနဲ့ တစ်နေ့ကို လေးညှင်းပွင့် တစ်ပွင့်ပုံမှန်စားသုံးပေးတာက သွေးချိုကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကို ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ လေးညှင်းပွ့်ကို အသုံးပြုလို့ရပါတယ်။ ဒီအတိုင်းရေစင်အောင်ဆေးပြီးဝါးစားလို့ရသလို ရေနွေးနဲ့စိမ်သောက်တာ ဟင်းထဲထည့်ချက်တာမျိုးလုပ်ပြီးလည်း စားလို့ရပါတယ်။
[embed-health-tool-bmi]