အရိပ်တကြည့်ကြည့် စောင့်ရှောက်သင့်တဲ့ သင့်အသည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 23, 2020 . 2 mins read
Share now

အသည်းက လူခန္ဓါကိုယ်ရဲ့အကြီးဆုံးကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး အရေးကြီးဆုံးအစိတ်အပိုင်းလည်းဖြစ်ပါတယ်။သွေးထဲမှာရှိတဲ့အဆိပ်အတောက်ဓါတ်တွေအားလုံးကို စစ်ထုတ်ပေးတဲ့တာဝန်ကိုယူထားရုံမက စားလိုက်သမျှအစားအစာတွေကိုချေဖျက်ပြီး ခွန်အားအဖြစ်သိုလှောင်ဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အသည်းဆိုတာ ထိခိုက်လွယ်ဆုံးကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်နေတာကိုရော သင်သိရဲ့လား။

ဒီလိုအရေးကြီးတဲ့ အသည်းရဲ့ကျန်းမာရေးအတွက် စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်သင့်တဲ့အချက်တွေရှိပါတယ်။ ဒါ့ကြောင့် အသည်းမှာ ရောဂါဖြစ်လာမှ ကုသတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။နေ့စဉ်ဘဝမှာ သတိထားပေးရင်ပဲ အသည်းရောဂါကို ကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေက အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။

ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းပါ – အဝလွန်ေနရင် ဒါမှမဟုတ် ကိုယ်အလေးချိန်ကများနေရင် အသည်းအဆီဖုံးလာနိုင်တယ်။ အဲဒီကနေ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါအဆင့်ကိုရောက်လာနိုင်ပါတယ်။

အာဟာရမျှတစွာ စားသုံးပါ– ကယ်လိုရီများတဲ့အစားအစာတွေ၊ပြည့်ဝဆီ၊ပြုပြင်ထားတဲ့ကာဗိုဟိုက်ဒရိတ်ေတွ(ဥပမာ – ဂျုံနုပေါင်မုန့်၊ ဆန်လုံးဖြူ)နဲ့ အချိုတွေကို အများကြီးမစားပါနဲ့။ အခွံမာငါးတွေ၊ ပင်လယ်စာတွေကို အစိမ်း သို့မဟုတ် မကျက်တကျက်တွေမစားပါနဲ့။ အမျှင်ဓါတ်များတာ၊ အာဟာရဓါတ်ပြည့်တာတွေစားပါ။ လတ်ဆတ်တဲ့အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေပိုစားပါ။ အနီရောင်ရှိတဲ့အသားလည်း စားလို့ရပေမယ့် အကန့်အသတ်နဲ့စားပါ၊နို့ထွက်ပစ္စည်း( အဆီထုတ်နို့ )၊ အဆီဓါတ်လည်းလိုအပ်ပါတယ်(ဟင်းရွက်ဆီ၊နေကြာဆီစတဲ့ အကျိုးပြုအဆီတွေကိုသုံးပါ)။

ပြုပြင်စီမံထားတဲ့ အစားအစာတွေမှာ လတ်ဆတ်မှုကို ထိန်းနိုင်ဖို့ ဓါတုပစ္စည်းတွေပါဝင်တတ်လို့ အသည်းကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့် အသည်းကိုကျန်းမာစေချင်ရင် တာရှည်ခံဆေးေတွပါတဲ့ အသင့်စားတွေ၊ပြုပြင်စီမံထားတာတွေ၊ စည်သွပ်အစားအစာတွေကိုတတ်နိုင်သလောက်လျှော့စားတာ၊ရှောင်တာ အကောင်းဆုံးပါပဲ။

ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ –ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိတယ်ဆိုရင် အဆီပိုတွေကိုလောင်ကျွမ်းစေပြီး အသည်းအဆီဖုံးခြင်းကိုလျှော့နည်းစေပါတယ်။လေ့ကျင့်ခန်းလုပ်ပေးတာက ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်ရုံမက အသည်းအတွက်လည်းကောင်းပါတယ်။ တစ်ပတ်ကို လှုပ်ရှားမှု မိနစ် ၁၅၀ ပဲလုပ်ဦးတော့၊ အသည်းအင်ဇိုင်းလုပ်ဆောင်ချက်ကိုပိုကောင်းစေပြီး အသည်းကျန်းမာရေးအတွက်လုံလောက်ပါတယ်လို့လေ့လာမှုတွေကဖော်ပြပါတယ်။

တခြားအဆိပ်အတောက်တွေကိုရှောင်ပါ –ပိုးသတ်ဆေးတွေ၊လေထုညစ်ညမ်းတဲ့အခိုးအငွေ့တွေလိုမျိုး အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေက အသည်းဆဲလ်ေတွကိုသေစေပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ဖျန်းဆေးတွေ၊ ဓါတုပစ္စည်းတွေဆီက အဆိပ်အတောက်တွေနဲ့တိုက်ရိုက်မထိတွေ့မိအောင် ကြိုးစားရှောင်ပါ။ ဥပမာ အခန်းထဲမှာခြင်ဆေးဖျန်းလိုက်ရင် လူကရှောင်နေပါ၊ ဒါမှမဟုတ် နှာခေါင်းစည်းတပ်ပါ။ မရှူမိအောင်ရှောင်ပါ။

အရက်သောက် ဆင်ခြင်ပါ – အရက်ကြောင့် ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေနိုင်တဲ့အပြင် အသည်းဆဲလ်တွေကို ဖျက်ဆီးနိုင်ပြီး အသည်းရွတ်ဖြစ်စေပါတယ်။ အရက်သောက်လိုက်တဲ့အချိန်မှာ အဆိပ်ဓါတ်ပစ္စည်းတွေအများကြီးထွက်ရှိလာပြီး အသည်းကိုထိခိုက်စေတာဖြစ်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့အသည်းရောဂါဟာ အတော်ကိုအဖြစ်များတဲ့အမျိုးအစားလည်းဖြစ်ပါတယ်။

အသည်းရောင်ရောဂါ ကာကွယ်ပါ– အသည်းရောင်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာဖြစ်ပြီး အဓိကအဖြစ်များတဲ့ အမျိုးအစားသုံးခုကတော့ အသည်းရောင် A ၊B နဲ့ Cရောဂါတွေဖြစ်ပါတယ်။ သုံးမျိုးလုံးက ကူးစက်ပြန့်ပွားလွယ်ပေမယ့် C ဗိုင်းရပ်စ်ကတော့သွေး သို့မဟုတ် ခန္ဓါကိုယ်ကထွက်တဲ့အရည် ကတဆင့်ပဲ ကူးစက်နိုင်တာဖြစ်ပါတယ်။ A နဲ့ B အတွက်ကတော့ ကာကွယ်ဆေးတွေရှိနေပြီဖြစ်ပါတယ်။ သတိထားနိုင်တာက –

  • တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။ လက်ဆေးတဲ့ အကျင့်လုပ်ပါ။
  • အသည်းရောင် B ပိုးက အသုံးအဆောင်တွေအတူသုံးရာကနေ ကူးနိုင်သလို အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကတဆင့်လည်း ကူးစက်နိုင်ပါတယ်။
  • တခြားသူရဲ့သွေးနဲ့ မထိမိစေဖို့ ဂရုစိုက်ပါ (ဥပမာ -အပ် သို့မဟုတ် ဘလိတ်ဓါး စတာတွေဆို တစ်ခါသုံးပဲ သုံးတာမျိုး)။

ကာကွယ်ဆေးထိုးပါ –အသည်းရောင် A ပိုးနဲ့ B ပိုး ကာကွယ်ဆေးထိုးထားပါ။ အသည်းရောင် C ဗိုင်းရပ်စ်အတွက်တော့ ကာကွယ်ဆေးမရှိသေးပါဘူး။

တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တခြားသူတွေနဲ့မျှမသုံးပါနဲ့ – မုတ်ဆိတ်ရိတ်ဓါး၊ သွားပွတ်တံ၊ လက်သည်းညှပ် စတာတွေမှာ မမြင်နိုင်တဲ့ရောဂါပိုးတွေ၊ သွေးအပါအဝင် ခန္ဓါကိုယ်အရည်တွေထိပေထားနိုင်ပါတယ်။ရောဂါပိုးရှိသူနဲ့ အသုံးအဆောင်ပစ္စည်းအတူသုံးမိတဲ့အခါ ကူးစက်မိရောပေါ့။

အကာအကွယ်သုံးပါ – အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော်များတာတွေက အသည်းရောင် B နဲ့ C ကူးစက်ခံရနိုင်ခြေ ပိုများစေပါတယ်။

ဆေးကို ကြည့်သောက်ပါ –ဆေးကို မျက်စိနဲ့သေချာကြည့်ပြီးသောက်ဖို့ပြောတာမဟုတ်ဘူးနော်။ ဘယ်ဆေးဖြစ်ဖြစ် ဆေးညွှန်းအတိုင်း သောက်သုံးသင့်တဲ့ပမာဏမဟုတ်ဘဲ လွန်ကဲနေရင်၊ဆေးတွေရောထွေးသောက်မိနေရင် အသည်းကိုသွားထိခိုက်မှာပါ။ အရက်သောက်ထားရင်လည်းဆေးသောက်ချိန်နဲ့ မနီးပါစေနဲ့။

Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသည်း ရောဂါ ရှိသူတွေ စားဖို့ သင့်တဲ့ အသီးတချို့

အသည်း အသည်းရောဂါ အသည်းအဆီဖုံး အသည်းကျန်းမာရေး အာဟာရ အသီးအနှံ အကျိုးကျေးဇူး အဆိပ်အတောက် သန့်စင်ခြင်း Detox သဘာဝအစားအစာ ဆေးဖက်ဝင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အသည်းရောင်အသားဝါ Bပိုး မကူးအောင်ဘယ်လိုကာကွယ်ကြမလဲ။

Bပိုး အသည်းရောင်ရောဂါ အသည်းခြောက်ခြင်း အသည်းကင်ဆာ သွေးသွင်းကုသ လိင်ဆက်ဆံဖော်များ ကျောက်ကပ်ဆေး မူးယစ်ဆေး ကာကွယ်ဆေးထို မိခင်မှကလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အသည်း ရောဂါ ရှိရင် မဖြစ်မ‌နေ ရှောင်သင့်တဲ့ (၅) ချက်

အသည်း အသည်းရောဂါ အသည်းရောင်ခြင်း အသည်းခြောက်ခြင်း ရှောင်သင့်တဲ့အချက် ကျန်းမာရေး အသည်းကျန်းမာရေး ဆောင်ရန် ရှောင်ရန် အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အသည်းကင်ဆာ နဲ့ပတ်သတ်ပြီးသိသင့်သမျှ

အသည်းကင်ဆာ Hepatocelluar carcinoma ဘီပိုး စီပိုး အသည်းခြောက်ရောဂါ Wilson disease သာလာဆီးမီးယား ဆီးချိုရောဂါ အသည်းအဆီဖုံးခြင်း Aflatoxin အရက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
အသည်းကင်ဆာ, ကျန်းမာရေးစင်တာ ဖေ‌ဖော်ဝါရီ 3, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား

အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 3 mins read
ပရိုတင်းချို့တဲ့မှု၏ လက္ခဏာများ

ပရိုတင်းချို့တဲ့မှု၏ လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2020 . 2 mins read
အသည်းရောင်ခြင်း အမျိုးမျိုး

အသည်းရောင်ခြင်း အမျိုးမျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read