လေးညှင်းပွင့်မှာပါတဲ့ ဒြပ်ပေါင်းတစ်မျိုးက အသည်းကျန်းမာရေးကိုကောင်းစေနိုင်ပါတယ်။ လေးညှင်းပွင့်မှာပါတဲ့ eugenol ဒြပ်ပေါင်းက အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာနဲ့
အသည်းရွတ်နာလိုမျိုး အသည်းထိခိုက်ပျက်စီးတဲ့ရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အစားအသောက်နဲ့ အရက်ကြောင့် အသည်းထိခိုက်ပျက်စီးမှုကင်းစေဖို့ လေးညှင်းပွင့်ကို ဆေးဖြစ်ဝါးဖြစ်စားပေးလို့ရပါတယ်။
လေ့လာမှုတွေအရ လေးညှင်းပွင့်က အင်ဆူလင်ရဲ့ လုပ်ဆောင်မှုကို ထိန်းညှိပေးပြီး အဆစ်တွေရောင်ရမ်းနာကျင်မှုကို ဖြစ်စေနိုင်တဲ့ COX-2 ထွက်ရှိမှုကိုဟန့်တားပေးပြီး အဆစ်တွေရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အဆစ်နာတာကို သက်သာစေဖို့အတွက် လေးညှင်းပွင့်ကို ရေနွေးနွေးလေးထဲ ၁၀ မိနစ်လောက်ထည့်စိမ်ပြီး တစ်နေ့တစ်ခွက်သောက်ပေးလို့ရပါတယ်။
ဒါတွေအပြင် လေးညှင်းပွင့်ကို မျက်စိစွံတာ၊ သွားကိုက်သွားနာတာ၊ ခံတွင်းနံ့ဆိုးတာ နဲ့ အစာမကြေတာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ အစာအိမ်အနာဖြစ်တာကိုလည်း သက်သာစေနိုင်လို့ စားသုံးပေးသင့်တဲ့ မီးဖိုချောင်ထဲက ဆေးဝါးတစ်ခုလို့ပြောပါရစေနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။