backup og meta

ကိုယ်ပေါ်က အဖြစ်အများဆုံး ကိုက်ခဲခြင်းပြဿနာတွေကို ဒီလို ဖြေရှင်းကြည့်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ပေါ်က အဖြစ်အများဆုံး ကိုက်ခဲခြင်းပြဿနာတွေကို ဒီလို ဖြေရှင်းကြည့်ပါ။

    တစ်နေ့တစ်နေ့လှုပ်ရှားသွားလာနေရတဲ့ ကျွန်တော်တို့ဟာ ခေါင်းကိုက်၊ ခါးနာ၊ ခြေလက်ကိုက်ခဲတဲ့ ပြဿနာတွေကို တစ်ချိန်မဟုတ် တစ်ချိန် ကြုံကို ကြုံရတတ်ပါတယ်။ တစ်ချို့သူ့ဘာသာ ပြန်ကောင်းသွားတာ ရှိသလို တစ်ချို့လည်း ဆေးသောက်လိုက်မှ တစ်ခုခု လုပ်လိုက်မှ သက်သာသွားတာတွေ ရှိပါတယ်။ ဒီဆောင်းပါးထဲမှာတော့ လူတိုင်းနီးပါး ကြုံတတ်တဲ့ အဖြစ်များတဲ့ ကိုက်ခဲခြင်းတွေကို သက်သာစေမယ့် နည်းတွေ အကြောင်း ပြောပြပေးမှာပါ။

    ( ၁ ) ခြေလက်အရွတ်စုတ်ပြဲ ကိုက်ခဲခြင်း

    အားကစားသမားတွေ လှုပ်လှုပ်ရှုားရှားလုပ်ရတဲ့သူတွေအတွက် ခြေလက်ကိုက်ခဲ အရွတ်တွေ ဒဏ်ရာရတဲ့ပြဿနာဟာ မဆန်းဘူးလို့တောင် ပြောလို့ရပါတယ်။ ကိုက်ခဲတာကတစ်မျိုး၊ ရောင်ကလည်းရောင်နေသေး အညိုမဲကလည်းစွဲနေသေးတယ်ဆိုရင် ဒီတိုင် းထားလိုက်လို့ မဖြစ်တော့ဘူးလေ။ ဒါ့ကြောင့် ဒီလိုလေး လုပ်ကြည့်လို့ရပါတယ်။ ဒဏ်ဖြစ်ဖြစ်ချင်း အနားယူလိုက်ပါ၊ ဖြစ်တဲ့နေရာကို ရေခဲကပ်ပါ။ ဖိကပ်ပါ။ လှဲပြီး ခြေထောက်အောက် ခေါင်းအုံးထားပြီး ခြေထောက် ကို ထောင်ထားပါ။ ခြေထောက်လုံးဝ မလှုပ်နိုင်တော့တာ၊ ထုံကျင်နေတာမျိုးရှိရင်တော့ ဆရာဝန်ဆီ သွားပြပါ။

    ( ၂ ) ခေါင်းကိုက်ခြင်း။

    စိတ်ရှုပ်စရာတွေ၊ ဖိအားတွေများလာလို့ ခေါင်းကိုက်လာပြီဆိုရင် ခဏလောက်အနားယူလိုက်ပြီး ရေအေးအေးလေး သောက်ချလိုက်ပါ။ ခေါင်းကို အသာအယာနှိပ်ပေးလို့လည်းရပါတယ်။ သက်သာသွားပြီဆိုမှ ခေါင်းအေးအေးထားပြီး လုပ်ရမယ့်အလုပ်တွေကိုဆက်လုပ်ပါ။

    ( ၃ ) ခေါင်းတစ်ခြမ်းကိုက်ခြင်း

    ခေါင်းကိုက်တဲ့ပြဿနာတွထဲမှာမှ ခေါင်းတစ်ခြမ်းကိုက်ခြင်း ( migraine )ကိုက်တဲ့ပြဿနာ ဖြစ်တဲ့သူတွေများတဲ့အပြင် ပျို့အန်ချင်တာ၊ အလင်းရောင်ဒဏ်မခံနိုင်တာတွေကိုပါ ဖြစ်စေတာကြောင့် နေ့စဉ်လုပ်နေကျ လုပ်ငန်းတွေကိုတောင် ပစ်ထားရတဲ့အထိ ဒုက္ခပေးတဲ့ ခေါင်းကိုက်ဝေဒနာတစ်ခုပါ။ ဒီလို ဖြစ်နေပြီဆိုရင်တော့ ဆိတ်ငြိမ်ပြီး အလင်းနည်းတဲ့နေရာတစ်ခုမှာ အနားယူပါ။ ကိုက်နေတဲ့ခေါင်းကို ရေခဲ( ဒါမှမဟုတ် )ရေနွေးအိတ်လေးကပ်ပေးပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေး သောက်ပေးလို့လည်း ရပါတယ်။

    ( ၄ ) သွားကိုက်ြခင်း

    သွားကိုက်တယ်ဆိုတာကလည်း လူတိုင်းနီးပါး စိတ်ညစ်ရတဲ့ ဝေဒနာဆိုးကြီးတစ်ခုပါ။ ဒီလို သွားကိုက်တဲ့ဝေဒနာ ကြုံလာပြီဆိုရင်တော့ အကိုက်အခဲပျောက်ဆေးလေးသောက်ပေးလို့ရသလို သွားထဲ လေးညှင်းပွင့်တို့ အကိုက်ခဲပျောက်ဆေးမှုန့်တို့ ခြေထည့်လိုရပါတယ်။ သွားကိုက်သက်သာစေမယ့် သွားတိုက်ဆေးတွေ သုံးပေးလို့လည်းရပါတယ်။ တစ်ခုရှိတာက သွားကိုက်တဲ့ပြဿနာကို သက်သာစေဖို့အတွက် သွားဆရာဝန်ဆီသွားပြီး ကုသတာကသာ အကောင်းဆုံးပါလို့ အကြံပေးပါရစေ။

    ( ၅ ) ဇက်ကြောနာခြင်း

    ဒါကတော့ ကွန်ပျူတာအသုံးများတဲ့သူတွေ ဖုန်းအသုံးများတဲ့သူတွေ ကြုံနေကျ ပြဿနာတစ်ခုပါ။ ကိုယ်ကလည်း ကွန်ပျူတာ အသုံးများလို့ ဇက်ကြောတက် ဇက်နာနေပြီဆိုရင်တော့ ခေါင်းလေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးပါ။ ကွန်ပျူတာ တစ်နာရီကြည့်ပြီးတိုင်း ခေါင်းလေ့ကျင့်ခန်း ၁၅ မိနစ်လောက် လုပ်ပေးပါ။ ကွန်ပျူတာ ရှေ့ကနေ ခဏ အနားယူပါ။

    ( ၆ ) ခါးနာခြင်း

    အသက်ကြီးလာတာနဲ့ ခါးနာတဲ့ပြဿနာကို ကြုံရတော့တာပါပဲ။ သက်လက်ပိုင်းအရွယ်တွေမှာလည်း အလေးအပင်တွေမလို့ လေ့ကျင့်ခန်းလုပ်တဲ့အချိန် ခါးကို အားအရမ်းပြုမိလို့ စတာတွေကြောင့် အခန့်မသင့်ခါးနာသွားတတ်ပါတယ်။ သက်သာဖို့ဆိုရင်တော့ လေ့ကျင့်ခန်းပြန်လုပ်ပေးတာ၊ ယောဂ ဆော့ပေးတာ၊ ဆေးသောက်တာ ၊ရေခဲကပ် ရေနွေးအိတ်ကပ်ပေးတာမျိုးတွေ လုပ်လို့ရပါတယ်။

    ( ၇ ) အစာအိမ်အောင့်ခြင်း

    အစာအိမ်အောင့်တဲ့ပြဿနာဟာလည်း ခုနောက်ပိုင်း လူတွေတော်တော်များများ ကြုံတွေ့လာရတဲ့ ပြဿနာတစ်ခုပါ။ ဗိုက်ဆာရင်နာတယ် ၊အစာလည်း မကြေဘူးလေလည်း အောင့်တယ် စတာတွေက အစာအိမ်အောင့်တဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့အရာတွေပါ။ အစာကိုအချိန်မှန်စားပါ။ အဆာမခံပါနဲ့။ အစာအိမ်အောင့်တဲ့ပြဿနာက ဆေးမှန်မှန်စွဲသောက်ဖို့လည်း လိုတာကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးဆေမှန်မှန်သောက်စေချင်ပါတယ်။

    ဒါတွေကတော့ လူတိုင်း တွေ့ကြုံရများတတ်တဲ့ ကိုက်ခဲခြင်း ပြဿနာလေးတွေဖြစ်ပြီး ပျောက်ကင်းစေမယ့် နည်းလေးတွေ ဝေမျှထားတာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement