backup og meta

ငယ်ငယ်တုန်းက ဆော့ခဲ့ကြတဲ့ ကြယ်သီးပင်

ငယ်ငယ်တုန်းက ဆော့ခဲ့ကြတဲ့ ကြယ်သီးပင်

ငယ်ငယ်က အဝတ်တွေမှာ ကြယ်သီး ဆိုပြီး ကပ်ပြီး ဆော့တတ်ကြတဲ့ အသီးလေးကို မှတ်မိကြလား………….. အစိမ်းရောင် လုံးလုံးလေး ပါ။ အပေါ်ယံမှာ အမွေး နုနုလေးတွေ ပါနေတာက အဝတ်တွေမှာ ကပ်တွယ် နိုင်စေဖို့ အားဖြည့် ပေးပါတယ်။ ပန်းရောင် ရင့်ရင့် အပွင့်လေးတွေ ရှိတဲ့ အလေ့ကျ ပေါက်ပင်လေး ဖြစ်တဲ့ ကြယ်သီးပင် (Urena lobata) က အပျင်းပြေ ဆော့ကစားလို့ ရရုံတင် မကပဲ ဆေးဖက်ဝင် အာနိသင်တွေ ရှိနေပါသတဲ့။ ဘာတွေများ ဆေးဖက်ဝင်လဲ ကြည့်ကြည့်ရအောင်။

ကြယ်သီးပင် ဆိုတာ

မြင်ဖူးကြလား ကြယ်သီးပင် ဆိုတာ ကို။ ဒီအပင်ကို Urena lobata လို့ခေါ်ပြီး အလေ့ကျ ပေါက်ပင်တစ်မျိုး ပါ။ အရွက် ခပ်ဖားဖားလေး ရှိပြီး အရွက်က တောင့်တောင့်လေးနဲ့ အရွက် အပေါ်ဖက်မှာ မွှေးညှင်းလေးတွေ ပါပါတယ်။ ပန်းရောင် အပွင့်လေးတွေ ပွင့်ပြီး အသီးလေးတွေက အဝတ်မှာ ကြယ်သီး ဆိုပြီး ကပ်လို့ရပါတယ်။

အပင်က ၆၀ စင်တီမီတာ ကနေ ၁၀၀ စင်တီမီတာ အထိ အမြင့် ရှိပြီး ရိုးတံလေးတွေ မှာလည်း မွှေးညှင်းလေးတွေ ဖုံးအုပ် ထားပါတယ်။ သမပိုင်း နဲ့ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တတ် ကြပါတယ်။ အာရှဒေသ နေရာ တော်တော်များများမှာ ပေါက်ရောက် တတ်ကြပါတယ်။

ကြယ်သီးပင် ဘယ်လို ဆေးဖက်ဝင်တာလဲ………..

ကြယ်သီးပင် ကို ရှေးယခင်ကာလတွေကတည်း အာရှဒေသတွေမှာ ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုခဲ့ကြတာပါ။ ဒီအပင်ဟာ အရွက်ကစလို့အမြစ်အထိ ဆေးဖက်ဝင်တာပါ။

ဒီအပင်ကို အစာခြေစနစ် ပြဿနာတွေဖြစ်ကြတဲ့ လေနာ၊ အစာအိမ်နာတာ၊ ဗိုက်အောင့် ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်နေတာတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ကာလသားရောဂါနဲ့ အဖျားရောဂါအမျိုးမျိုး၊ ငှက်ဖျား စတဲ့ ဝေဒနာတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

ခန္ဓာကိုယ် ညောင်းညာကိုက်ခဲမှုတွေ သက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ ကိုယ်ဝန်ဆောင် မေမေတွေအတွက်လည်း ကိုယ်ဝန်ပျက်ကျတာမျိုး မဖြစ်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။
ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။

အနာတွေ ကျက်စေဖို့၊ သွေးတိတ်စေဖို့နဲ့ ပိုးကောင်ကိုက်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ ဆီးရွှင်စေဖို့ နဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါသေးတယ်။ အူရောင်တာ ဆီးအိမ်ရောင်တာတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။

ပြတ်ရှဒဏ်ရာတွေ နဲ့ အရေပြားပြဿနာ အမျိုးမျိုး အတွက်လည်း ကြယ်သီးပင်ကို အသုံးပြုပေးလို့ရပါသေးတယ်။ အစာမကြေတာ၊ သွားကိုက်သွားနာလည်ချောင်းနာတာ၊ ချောင်းခြောက်ဆိုးတာ၊ မွေးဖွားရခက်ခဲတာ၊ အရေပြား ရောင်ရမ်းတာ၊ အာသီးရောင်တာ၊ အဆစ်အမြစ်တွေ ကိုက်တာ၊ အရေပြားပေါ်က ပိုးမွှားတွေကို သက်သာစေနိုင်ပါတယ်။

ဘာဓာတ်​တွေ ပါဝင်နေသလဲ……….

ကြယ်သီးပင် (Urena lobata) အရွက်မှာ

ဘေးထွက်ဆိုးကျိုးများ

ကြယ်သီးပင်က ဆေးဖက်ဝင်ပြီး ဘေးထွက်ဆိုးကျိုး မရှိပေမယ့် တန်ဆေး လွန်ဘေးဆိုတာကိုတော့ သတိထားစေချင်ပါတယ်။

ဘယ်လို အသုံးပြုရမလဲ

အခြားဆေးဝါးတွေနဲ့ တွဲဖက်သုံးတာ၊ ဆေးတွေနေရာမှာ အစားထိုးပြီး သုံးတာမျိုး မလုပ်သင့်ပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Urena lobata http://tropical.theferns.info/viewtropical.php?id=Urena+lobata Accessed Date 6 April 2020

Urena lobata Linn https://www.ukessays.com/essays/biology/properties-urena-lobata-linn-caesar-1220.php Accessed Date 6 April 2020

ယခုပုံစံ

21/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖက်ယားရွက် ရဲ့ ဆေးဖက်ဝင်မှု

ပုစွန်စာရွက် ရဲ့ ကျန်းမာရေးအာနိသင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement