အချို့ မေမေတွေက ကိုယ်ဝန်ရှိချိန်မှာ ပထမကလေးကို နို့တိုက်တာက လမစေ့ဘဲမွေးတာမျိုး ဖြစ်မှာကို စိုးရိမ်ကြပါတယ်။ ကိုယ်ဝန်ဆောင်နေရချိန်မှာ နို့တိုက်တာက ကိုယ်တွင်းမှာ အောက်ဆီတိုစင် ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီထုတ်လွှတ်မှုက သားအိမ်ကျုံ့ဆန့်မှုကို ဖြစ်စေနိုင်ပေမယ့် ဗိုက်ထဲက ဘေဘီလေးကို မထိခိုက်စေပါဘူး။ နို့ချိုထွက်နှုန်းကိုတော့ နည်းနည်း နည်းသွားစေနိုင်ပါတယ်။
ကိုယ်ဝန် ၄ လ၊ ၅ လလောက် ရောက်တဲ့အခါ နို့ထွက်တာက တဖြည်းဖြည်းနည်းသွားပါမယ်။ ဒါကလည်း စိုးရိမ်စရာမလိုတဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဗိုက်ထဲက ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ပထမ ကလေးကို မဖြစ်မနေ မိခင်နို့ဖြတ်ရပါမယ်။ ဒါမှ ဘေဘီ ပိစိလေးက မိခင်နို့ကို ပြည့်ပြည့်ဝဝ ရရှိပြီး အကောင်းဆုံး ကျန်းမာဖွံ့ဖြိုး မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။