ယနေ့ခေတ်ရဲ့ ဘဝနေထိုင်မှုကိုက ကွန်ပျူတာရှေ့မှာ တစ်နေကုန်အောင်ထိုင်ပြီး အလုပ်လုပ်ရတာပါ။ ဒီလောက်တင်ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။နေ့လယ်စာစားချိန်ရော ညနေစာစားချိန်တွေမှာပါခုံမှာပဲထိုင်နေရပြန်တယ်နော် ဒီလိုထိုင်တဲ့အခါ တစ်ချိန်လုံးထိုင်နေရတဲ့အတွက်ခြေထောက်ကို ချထားဖို့ထက် လုပ်မိနိုင်တာခြေထောက်ကို ချိတ်ထိုင်တာပါ။ ဒီလိုထိုင်တာက ရိုးရိုးခြေထောက်ချထိုင်တာထက် နည်းနည်းတော့ သက်တောင့်သက်သာဖြစ်တယ်နော်။ ဒီလိုထိုင်တာက ခန္ဓါကိုယ်မှာ ဘာတွေပြောင်းလဲသွားနိုင်လဲဆိုတာကို စဉ်းစားမိရဲ့လား။
ခြေချိတ်ထိုင်တာက သက်တောင့်သက်သာဖြစ်သွားပေမယ့်ရေရှည်မှာ ကျန်းမာရေးပြဿနာရှိနိုင်ပါတယ်။ ခဏတာကတော့ပြဿနာမရှိပါဘူး။ခြေချိတ်ထိုင်တာကို အချိန်ကြာမြင့်စွာထိုင်မယ်ဆိုရင်တော့
ခြေချိတ်ထိုင်တာက သက်တောင့်သက်သာဖြစ်စေနိုင်သလိုတော်တော်များများလည်း ထိုင်မိနေမှာပါ။ ဒီလိုထိုင်တာက ခဏတာအတွက်တော့ ဟုတ်ပေမယ့်ရေရှည်မှာ ကျန်းမာရေးပြဿနာတွေရှိနိုင်ပါတယ်။လေ့လာမှုတွေအရတော့ လူတစ်ယောက်ရဲ့ ထိုင်တဲ့ပုံစံကသွေးဖိအားအပေါ်မှာ သက်ရောက်မှုရှိနေနိုင်ပါတယ်။ခြေချိတ်ထိုင်တာက ခဏပဲထိုင်ရင်တောင် အပေါ်သွေးဖိအားကို ၇ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။အောက်သွေးဖိအားကို ၂ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အခြားလေ့လာမှုတွေအရခြေချိတ်ထိုင်တာကကျောရိုးပေါ်မှာဝန်ပိစေပြီး ဇက်ကြော နဲ့ ခါးနာကျင်မှုတွေကိုဖြစ်စေနိုင်တယ်၊လို့သိရပါတယ်။ခြေချိတ်ထိုင်တာကခြေထောက်တစ်ဖက်ပေါ်တစ်ဖက်က ဖိထားတာကြောင့် တင်ပါးဆုံးရိုးကို ဟန်ချက်မညီဖြစ်စေပြီးကျောရိုးပေါ်မှာ ဖိအားတွေသက်ရောက်တာနဲ့ နာကျင်တာတွေဖြစ်စေနိုင်ပါတယ်။
ဒါတွေအပြင် ခြေချိတ်ထိုင်တာအချိန်ကြာလာတဲ့အခါ အရိုးပွေစနိုင်သလိုခြေထောက်နဲ့ ခါးအောက်ပိုင်းနားက အရွတ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး အာရုံကြောတွေ ကိုပါ ထိခိုက်စေနိုင်ပါတယ်။ခြေသလုံးကိုသွေးစီးဆင်းရောက်ရှိမှုနည်းစေပြီးခြေသလုံးမှာ ပင့်ကူမျှင်သွေးကြောတွေဖြစ်လာစေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုခံစားရနိုင်တယ်လို့ လေ့လာမှုရလဒ်တွေအရ သိရပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
အချိန်ကန့်သတ်ပါ -ခြေထောက်ကိုလုံးဝမချိတ်ထိုင်သင့်ဘူး၊လို့ မဆိုလိုပါဘူး။ ထိုင်တဲ့အချိန်ကို ကန့်သတ်ဖို့ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိထိုင်ပြီးတဲ့အခါခြေထောက်ကို ဆန့်ဆန့်လေးထိုင်တာမျိုးလုပ်ပေးပါ။ ဒါမှမဟုတ် ခဏထရပ်ပြီး လမ်းလျှောက်တာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။ခြေထောက်ကိုလှုပ်ပေးလို့လည်းရပါတယ်။
အနေအထားမှန်မှန်ထိုင်ပါ – ထိုင်ခုံမှာ ခပ်မတ်မတ်လေးထိုင်ပြီး ကိုယ်နေဟန်ထားမှန်မှန်လေးဖြစ်အောင် ဂရုစိုက်ပေးပါ။ ဒါမှနောက်ကျောနဲ့ခြေထောက်ကြွက်သားတွေအပေါ်မှာ ဝန်မပိစေမှာပါ။
ကဲ သတိလေးထားပြီး ထိုင်တဲ့ပုံစံလေးကို မကြာမကြာပြင်ပေးပါနော် …….
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။