ညညအိပ်မပျော်ဘူး။ မနက်နိုးလာတိုင်းလည်း အိပ်ရေးမဝဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ
တစ်ညတာ အိပ်စက်မှုက ကျန်းမာပျော်ရွှင်နေစေဖို့ အများကြီး အထောက်အကူပြု ပါတယ်။ ဒါကြောင့် ညစဉ် ကောင်းစွာ အိပ်ပျော်စေဖို့ မအိပ်ခင်မှာ ဒီသောက်စရာလေးတွေကို သောက်ပေးပါ။ ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ ဆိုတော့ –
Malt milkတွေမှာ သံဓာတ်၊ ဇင့်၊ ဖော့စဖရိတ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် B အပြင် အမိုင်နိုအက်ဆစ်တို့ ပါဝင်နေတာကြောင့် ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။
မအိပ်ခင် ၁ နာရီခွဲ အလိုလောက်မှာ နွားနို့ ပူပူလေး တစ်ခွက် သောက်ပေးတာက ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ အနားယူနိုင်စေဖို့ အားဖြည့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်မှာပါ။
ည အိပ်ရာ မဝင်ခင်မှာ ရေတစ်ခွက် သောက်ပေးတာက ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းကောင်း လည်ပတ်စေနိုင်သလို ညဘက်မှာလည်း ကောင်းကောင်း အိပ်ပျော် စေနိုင်မှာပါ။
ညဘက် အိပ်ပျော်စေတဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေကိုပါ ထိထိရောက်ရောက် ဖယ်ရှားပေးနိုင် ပါတယ်။ ဒါကြောင့် ညဘက်ကောင်းကောင်း အိပ်ပျော်ချင်တယ် ဆိုရင် ညမအိပ်ခင် ၁ နာရီလောက်မှာ အုန်းစိမ်းရည် အနည်းငယ် သောက်ပေးပါ။
ချာမိုမိုင်းလက်ဖက်ရည်
မအိပ်ခင် ၁ နာရီခွဲ အလိုလောက်မှာ ချာမိုမိုင်း လက်ဖက်ရည်ထဲကို ပျားရည် နည်းနည်း ထည့်ပြီး သောက်ပေးတာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။
အိပ်ရာ မဝင်ခင် ၁ နာရီခွဲ အလိုလောက်မှာ ပင်မှည့်သီး ဖျော်ရည်ထဲကို ပျားရည် နည်းနည်း ထည့်ပြီး ဖျော်ပေးလို့ သောက်ပေးတာကလည်းပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိစေမှာပါ။
ကဖင်းပါဝင်မှုနည်းတဲ့ လက်ဖက်စိမ်းရေနွေးကြမ်း
ကဖင်း များရင် အိပ်ပျော်စေဖို့ ခက်နိုင်ပေမယ့် ကဖင်း ပါဝင်မှု နည်းတဲ့ လက်ဖက်စိမ်း ရေနွေးကြမ်း ကတော့ ခန္ဓာကိုယ်ကို အနား ရစေပြီးကောင်းမွန်တဲ့ အိပ်စက်မှု ရရှိအောင် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
ချယ်ရီသီးဖျော်ရည်
ညနေပိုင်းမှာ ချယ်ရီသီး ဖျော်ရည် သောက်ပေးတာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေနိုင် ပါတယ်။ ညဆိုင်း ဆင်းရသူတွေ အနေနဲ့ကတော့ အလုပ် ပြီးချိန်မှာ သောက်ပေးမယ် ဆိုရင် ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ပြုပေးနိုင်မှာပါ။
ကဲ….. ညတိုင်း အိပ်မပျော်လို့ မနက် မထချင်ဘူး။ အလုပ် လုပ်တဲ့အခါ ခေါင်းမကြည်ဘူး ဖြစ်နေတယ် ဆိုသူတွေ ဒီအချက်လေးတွေကို စမ်းကြည့်သင့်ပါတယ်နော်။ အိပ်ပျော်အောင် သောက်ခါမှ ဆီး ခဏခဏ ထသွားရလို့ အိပ်ရေး ပျက်တာမျိုး မဖြစ်စေဖို့ အိပ်ချိန်နဲ့ ခပ်ခွာခွာလေးမှာ နည်းနည်းလောက်ပဲ သောက်ပါလို့ ပြောပါရစေနော်။
ကောင်းမွန် ပြည့်ဝတဲ့ အိပ်စက်မှုကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း……….
[embed-health-tool-bmi]