backup og meta

ညဆိုင်းအလုပ်များ၏ ကျန်းမာရေးအပေါ်သက်ရောက်မှုများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဆိုင်းအလုပ်များ၏ ကျန်းမာရေးအပေါ်သက်ရောက်မှုများ

    ညဆိုင်းအလုပ်ဆိုတာဟာ ညဘက်မှာသာအလုပ်လုပ်ရတဲ့ ညအချိန်ပိုင်းအလုပ်ကို ဆိုလိုတာဖြစ်ပါတယ်။ ညဆိုင်းအလုပ်မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီ ပြင်ပလုပ်ရတဲ့ အလုပ်တွေ ပါဝင်ပါတယ်။ လေ့လာမှုတွေအတော်များများက ညပိုင်းအလုပ်တွေဟာ လူတွေရဲ့ ဘဝကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးပေါ် ညဆိုင်း အလုပ်လုပ်ခြင်းက ဘယ်လိုအကျိုးသက်ရောက်မှု ရှိလဲဆိုတာဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    မီးသတ်သမား၊ ရဲ၊ သူနာပြု၊ ဆရာဝန်၊ လေယာဉ်မောင်း၊ ကုန်တင်ကား ဒရိုင်ဘာ အစရှိတဲ့သူတွေ လိုမျိုး ညမှာ အလုပ်လုပ်ဖို့ လိုအပ်တဲ့ အလုပ်အမျိုးအစားတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ညဘက်မှာပဲ အလုပ်လုပ်ရတာသာမက သူတို့အလုပ်ချိန်ဟာ ဒီအတိုင်း သတ်မှတ်ခံထားရပါတယ်။ ညဆိုင်းအလုပ်တွေဟာ နေ့ဘက်အလုပ်တွေထက် အချိန်ပိုပေးကြပြီး လုပ်ခလည်း ပိုရကြပါတယ်။ ဒါပေမယ့် ဒါဟာ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    လူမှုဘဝ နေထိုင်ပုံတွေကို ပြင်ဆင်လိုက်ပါတယ်။

    ညဘက်မှာ အချိန်ပြည့်အလုပ်လုပ်ရသူတွေဟာ အိပ်စက်မှု နှောင့်ယှက်ခံရခြင်းကို ပိုမိုဖြစ်စေနိုင်ပြီး အိပ်ရေးပျက်ခြင်းနဲ့ စိတ်ကျရောဂါတို့ ပိုမိုဖြစ်ပွားပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ခြင်း မရှိတော့ပါဘူး။ အထီးကျန်မှုကိုဖြစ်စေပြီး အလွယ်စာတွေကို ပိုမိုတောင့်တ လာတတ်ကြပါတယ်။ လေ့ကျင့်ခန်း လုပ်ချင်စိတ်တွေကိုလည်း လျှော့ချလိုက်ပါတယ်။

    ကိုယ်ခန္ဓါရဲ့ ဇီဝဗေဒ ဖြစ်စဉ်တွေကို ပြောင်းလဲလိုက်ပါတယ်။

    အိပ်စက်ခြင်းနဲ့ အချိန်မဟုတ်ပဲ နိုးလာခြင်းတွေဟာ သိပ္ပံနည်းအရ circadium rhythm လို့ ခေါ်တဲ့ သဘာဝ နာရီကို အနှောင့်အယှက်ပေးပါတယ်။ Circadium rhythm ဟာ နေ့ဘက် နေရောင်ခြည်၊ မှောင်လာခြင်းနဲ့ ဆိတ်ငြိမ်ခြင်း အစရှိသည်တို့နဲ့ အတူ အလုပ်လုပ်ပါတယ်။ ဒါကို နှောင့်ယှက်ခံရရင် ဓါတုဇီဝဖြစ်စဉ်တွေ၊ အစာခြေဖျက်ခြင်းတွေ၊ ဟော်မုန်း ညီမှုမှုတွေ၊ နှလုံးနဲ့ ကိုယ်ခံအားစနစ်တွေ ပါဝင်တဲ့ ကိုယ်ခန္ဓါတစ်ခုလုံးကို ဒုက္ခ ပေးပါတယ်။ အခြေခံအားဖြင့်ကတော့ သူဟာ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ အကျိုးဆက်တွေကို ချန်ထားခဲ့ပါတယ်။

    ခဏတာ အကျိုးသက်ရောက်မှုတွေလဲ ရှိပါတယ်။

    လူအများစုဟာ တစ်သက်မှာတစ်ခါတော့ ညဘက်မှာ အလုပ်လုပ်ဖူးပါတယ်။ အလွန်အရေးကြီးတဲ့ စာမေးပွဲတွေ ကြောင့်ဖြစ်စေ၊ ဝင်ခွင့်စာမေးကြောင့်ဖြစ်စေ၊ တခြားတိုင်းပြည်တစ်ခုကို ခရီးထွက်ဖို့ဖြစ်စေ၊ သင်ချစ်တဲ့သူတွေရှိတဲ့ အိမ်ကို ပြန်လာဖို့ဖြစ်စေ ညဘက် မအိပ်ပဲ နေကြပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပါပဲ။ ပင်ပန်းခြင်းဟာ သတိထားမိနိုင်တဲ့ အထင်ရှားဆုံး လက္ခဏာပဲဖြစ်ပါတယ်။ ဒါအပြင် အချို့သူတွေဟာ ပျို့အန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ နဲ့ စိတ်ဘဝင်မကျခြင်းတွေ ဖြစ်တတ်ပြီးတော့ အချို့တွေကတော့ ဒဏ်ရာရ လွယ်တတ်ကြပါတယ်။

    ကြာရှည်ဖြစ်စေတဲ့ အကျိုးသက်ရောက်မှုတွေလဲ ရှိပါတယ်။

    လေ့လာမှုများစွာက ညဆိုင်းအလုပ်နဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပွားနှုန်းဟာ ဆက်စပ်မှုရှိတယ်လို့ ဖေါ်ပြထားပါတယ်။ လေ့လာမှုတစ်ခုက လူတစ်ယောက်ဟာ ၁၅နှစ်ထက်ပိုပြီးတော့ ညဘက်အလုပ်လုပ်ဖူးတယ်ဆိုရင် နှလုံးရောဂါဖြစ်ဖို့ကို ၄၀% ပိုများတယ်လို့ ဆိုကြပါတယ်။ ညပိုင်းလုပ်တဲ့ အလုပ်သမားတွေဟာ ဆီးချိုဖြစ်ဖို့ ၅၀% ပိုများပါတယ်။ ဒါ့အပြင် ညဘက်အလုပ်လုပ်သူတွေဟာ အခြားရောဂါတွေဖြစ်တဲ့ သွေးပေါင်တက်ခြင်း၊ သွေးအတွင်း သကြားဓါတ်တက်ခြင်း၊ အဝလွန်ခြင်းနဲ့ ကော်လက်စထရော တက်ခြင်းတို့ကို နေ့ဆိုင်း အလုပ်သမားတွေ (မနက်၉ ကနေ ညနေ ၅နာရီအထိ အလုပ်လုပ်သူ) တွေထက်စာရင် သုံးဆပိုမိုဖြစ်နိုင်ချေ ရှိပါတယ်။ ဒါ့ပြင် ညဘက်အလုပ်လုပ်ခြင်းဟာ လူတစ်ယောက်ကို ပုံမမှန် စိတ်ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ သုတေသီတွေက စိတ်ကျရောဂါနဲ့ စိတ်ပြဿနာတွေဟာ အထီးကျန်ဆန်ခြင်းနဲ့ serotonin လို့ ခေါ်တဲ့ ဦးနှောက်ဓါတု ပစ္စည်း ချို့တဲ့ခြင်းတို့ ကြောင့် ဖြစ်နိုင်တယ်လို့ ပြောကြားပါတယ်။

    ညဆိုင်းအလုပ်လုပ်သူတွေက ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို အကုန် အပြည့်အစုံသိထားသော်လည်းပဲ ဒါဟာ သူတို့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ အလုပ်ဖြစ်နေတာကြောင့် ရွေးချယ်စရာ မရှိကြပါဘူး။ ကျန်းမာဖို့ အကောင်းဆုံးနည်းလမ်းကတော့ အာဟာရမျှတတဲ့ အစားအသောက်တွေ စားသောက်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ သင့်ချစ်သူနဲ့ အဆက်အသွယ် မပြတ်ခြင်းနဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသခြင်းတို့ပဲဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement