backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း)


Thin Myat Sandi Cho မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ကဘာလဲ။

သွေးတွင်း သွေးရည်ကြည်အတွင်း ကယ်ဆီယမ်ပမာဏရှိသင့်သည်ထက် နည်းနေခြင်းဖြစ်ပါတယ်။

hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အချို့လူတွေမှာ လက္ခဏာမပြတတ်ပါဘူး။ အာရုံကြောစနစ်ကိုသက်ရောက်နိုင်တာကြောင့် ကလေးတွေမှာ ကြွက်သားတွန့်ခြင်းတုန်ခြငးတွေ ဖြစ်နိုင်ပါတယ်။

အရွယ်ရောက်ပြီးသူတွေရဲ့ ရောဂါလက္ခဏာတွေကတော့-

  • ကြွက်သားတောင့်ခြင်း
  • ကြွက်သားများတွန့်ကွေးခြင်း
  • ခြေဖျားလက်ဖျားတွေမှာ အပ်စူးသလိုခံစားရခြင်း
  • စိုးရီမ်ပူပင်ခြင်း၊ စိတ်ကျခြင်း၊ ဆတ်ဆတ်ထိမခံခြင်းစတဲ့ စိတ်ခံစားချက်အပြောင်းအလဲများ
  • မှတ်ဉာဏ်ဆိုင်ရာပြဿနာများ
  • သွေးပေါင်ကျခြင်း
  • စကားပြောရခက်ခြင်း မျိုချရခက်ခြင်း
  • မောပန်းခြင်း
  • ပါကင်ဆန်ရောဂါ
  • မျက်လုံးအမြင်အာရုံအချက်အလက်သိုမှိးရာနေရာ ရောင်ရမ်းခြင်း
  • ပြင်းထန် သွေးတွင်းကယ်ဆီယမ်နည်းခြင်း လက္ခဏာတွေကတော့
  • တက်ခြင်း
  • နှလုံးခုန်မြန်ခြင်း နှေးခြင်း
  • နှလုံးသွေးအိုင်လုပ်ဆောင်ချက်ကျဆင်းခြင်း
  • အသံအိုး

သွေးတွင်းကယ်ဆီယမ်နည်းခြင်းရဲ့ နာတာရှည်လက္ခဏာတွေကတော့-

  • အရေပြားခြောက်သွေ့ခြင်း
  • လက်သည်းများကြွပ်ဆတ်ခြင်း
  • ကျောက်ကပ်ကျောက်တည်ခြင်း ခန္ဓါကိုယ်တွင်းကယ်ဆီယမ်များပုံခြင်း
  • ရူးသွပ်ခြင်း
  • ရေတိမ်စွဲခြင်း
  • နှင်းခူရောဂါ

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဖြစ်အများဆုံးအကြောင်းရင်းကတော့ သွေးတွင်းပျမ်းမျှပမာဏအောက် ပါရာသိုင်းရွိုက်ဟော်မုန်းများနည်းခြင်းကြောင့် ဖြစ်ပါတယ်။ ဒီဟော်မုန်ေးတွနည်းခြင်းက ခန္ဓါကိုယ်တွင်းကယ်ဆီယမ်ကိုနည်းစေပါတယ်။ မျိုးရုးလိုက်ခြင်း သို့ သိုင်းရွိုက်ဂလင်းခွဲစိတ်ဖယ်ထြုတ်ခင်း ဦးခေါင်းလည်ပင်းကင်ဆာကြောင့် ခွဲစိတ်ဖယ်ထုတ်ခြင်းတွေကနေ ဖြစ်နိုင်ပါတယ်။

သွေးတွင်းကယ်ဆီယမ်နည်းခြင်း အခြားအကြောင်းရင်းတွေကတော့-

  • အစားအစာမှာ ကယ်ဆီယမ်၊ ဗီတာမင်ဒီ လုံလုံလောက်လောက်မပါခြင်း
  • ကူးစက်ပိုးဝြင်ခင်း
  • ဖီနိုင်တွိုင် (ဒီလန်တင်) ဖီနိုဘာဘီတယ်၊ ရိုင်ဖန်ပင်ကဲ့သို့ ဆေးများ
  • စိတ်ဖိစီးခြင်း
  • စိုးရိမ်သောကများခြင်း
  • လေ့က်ျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း
  • မဂ္ဂနီဆီယမ် ဖော့စဖိတ်ပမာဏအနည်းအများမူမမှန်ခြင်း
  • ကျောက်ကပ်ရောဂါ
  • ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ နဲ့ကယ်ဆီယမ်စုပ်ယူမှုကို တားမြစ်တဲ့အခြားအူလမ်ေးာကာင်းပြဿနာများ
  • ဖော့စဖိတ်ကယ်ဆိယမ်သွင်းခြင်း
  • ကင်ဆာပြန့်နေခြင်း
  • ကလေးများအတွက် မိခင်တွင်ဆီးချိုရောဂါရှိနေခြင်း

ဖြစ်နိုင်ခြေများ

hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဗီတာမင်ဒီ ဒါမှမဟုတ် မဂ္ဂနီဆီယမ်နည်းခြင်းက သွေးတွင်းကယ်ဆီယမ်နည်းခြင်း ဖြစ်နိုင်ချေများစေပါတယ်။

သွေးတွင်းကယ်ဆီယမ်နည်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

ဥပမာအားဖြင့်-

  • အစာအိမ်အူလမ်းကြေင်းပြဿနာရှိဖူးခြင်း
  • သရက်ရွက်ရောင်ခြင်း
  • ကျောက်ကပ်ပျက်စိးခြင်း
  • အသည်းပျက်စိးခြင်း
  • စိုးရိမ်မှုများခြင်း
  • မွေးစကလေးတွေမှာ ခန္ဓါိကုယိက ကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့် ဖြစ်နိုင်ချေများပါတယ်။ ဆီးချိုရောဂါသည်မိခင်ကမွေးတဲ့ကလေးတွေအတွက် ပိုမှန်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးတွင်းကယ်ဆီယမ်နည်းခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ပထမဆုံးအဆင့်ကတော့ သွေးတွင်းကယ်ဆီယမ်ပမာဏကိုတိုင်းတာဖို့ သွေးစစ်ခြင်းဖြစ်ပါတယ်။ သွေးတွင်းကယ်ဆီယမ်နည်းခြင်းလက္ခဏာတွေကိုစစ်ဆေးဖို့အတွက် စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်းကတော့-

  • ဆံပင်
  • အရေပြား
  • ကြွက်သား
  • စိတ်ပိုင်းဆိုင်ရာစမ်းသပ်ခြင်းကတော့
  • ရူးသွပ်ခြင်း
  • ထင်ယောင်ထင်မှားဖြစ်ခြင်း
  • မရေမရောဝေခွဲမရဖြစ်ခြင်း
  • အကဲဆတ်ခြင်း
  • တက်ခြင်း

သွေးတွင်းကယ်ဆီယမ်နည်းခြင်း ဆက်နွှယ် Chvostek’s and Trousseau’s signsတွေကိုလည်း စမ်းသပ်ပါလိမ့်မယ်။ Chvostek’s signဆိုတာက မျက်နှာကိုထောက်ပံ့တဲ့အာရုံကြောကို ထိလိုက်တဲ့အခါမှာ ဆတ်ခနဲတွန့်သွားခြင်းဖြစ်ပါတယ်။ Trousseau’s signကတော့ တစ်ရှူးတွေဆီသွေးောထာက်ပံ့မှုနည်းသွားခြင်းကြောင့် ခြေလက်များအကြောဆွဲခြင်း ဖြစ်ပါတယ်။ အကြောဆွဲခြင်း ဆတ်ခနဲတွန့်ခြင်းက အပေါင်းရလဒ်ကိုဖြစ်စေပြီး ကယ်ဆီယမ်နည်းခြင်းဆက်နွှယ်အာရုံကြောနဲ့ကြွက်သားဆိုင်ရာ တုန့်ပြန်မှုများခြင်းကို ရည်ညွှန်းပါတယ်။

hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အချို့အခြေအနေတွေမှာ ကုသမှုမလိုဘဲ သက်သာသွားတတ်ပါတယ်။ အချို့မှာတော့ပြင်းထန်နိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ ရုတ်တရက်ထဖောက်တဲ့အခါ ဆရာဝန်က ကယ်ဆီယမ်ကိုအကြောမှတစ်ဆင့်ထိုးပေးပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကhypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း)ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အများစုမှာတော့ အစားအသောက်ပြောင်းလဲရုံနဲ့ အလွယ်တကူကုသနိုင်ပါတယ်။

  • ကယ်ဆီယမ်၊ ဗီတာမင်ဒီ၊ မဂ္ဂနီဆီယမ်ဖြည့်စွက်စွာများမှီဝဲခြင်း ပါဝင်သည့်အစားအစာများမှီဝဲခြင်း
  • နေပူစာလှုံခြင်းကလည်း ဗီတာမင်ဒီကိုများစေပါတယ်။ နေရောင်ထိတွေ့မှုလိုအပ်မှုပမာဏကတော့ တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနိုင်ပါတယ်။
  • နေပူမှာအကြာကြီးနေရမယ်ဆိုရင် နေကာခရင်လိမ်းသင့်ပါတယ်။ ဆရာဝန်က ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအစာကို ညွှန်းပါလိမိမယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Thin Myat Sandi Cho မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement