backup og meta

သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ

    ရေအသက် တစ်မနက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀% ကျော်ပါဝင်နေတာကြောင့် ရေဓာတ်က ပြည့်ဝဖို့က အတော်လေး အရေးကြီးတာပါ။ ရေဓာတ်ပြည့်ဝဖို့ ရေသောက်တယ်ဆိုတဲ့နေရာမှာလည်း ကျန်းမာဖို့ဆိုရင် သန့်ရှင်းတဲ့ သောက်သုံးရေ ကို သောက်ဖြစ်ဖို့ လိုပါမယ်။

    သောက်ရေဆိုတိုင်း ရေသန့်တာမဟုတ်သလို ရေကြည်တိုင်းလည်း ရေသန့်လို့ မဆိုသာပါဘူး။ ဒီတစ်ခေါက်တော့ နေ့စဉ် သောက်သုံးနေတဲ့ သောက်သုံးရေက သန့်ရဲ့လား။ ဘေးကင်းရဲ့လား။ ဘေးမကင်းဘူးဆိုရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားပါမယ်။

    သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ

    သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ

    ရေက အသက်ရှင်နေထိုင်ရေးအတွက် အတော်လေး အရေးပါပါတယ်။ ချက်ပြုတ်ဖို့ရော လျှော်ဖွတ်ဖို့ရော၊ သောက်ဖို့ရော၊ ချိုးဖို့ရောပေါ့။ ဒီလို အသုံးပြုနေရတဲ့ ရေတွေက သန့်ရှင်းဖို့ လိုပါမယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနေတဲ့ သောက်ရေပေါ့။

    ဒီတော့ နေ့စဉ် သောက်နေတဲ့ သောက်သုံးရေက ဘေးကင်းရဲ့လားဆိုတာကို စစ်ဆေး သိရှိနိုင်စေဖို့အတွက် သောက်သုံးရေက ဘေးမကင်းရင် ဘယ်လိုလက္ခဏာတွေ ရှိလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ရေက ကြည်ကြည်လင်လင် မရှိဘူး

    ရေက သန့်လား မသန့်ဘူးလားဆိုတာကို အရင်ဆုံး သိရှိနိုင်မှာက ရေရဲ့ အရောင်ပါ။ ရေကို ကြည်လိုက်လို့ ရေက ကြည်ကြည်လင်လင် ရှိမနေဘူး။ ရေက အရောင်တစ်ခုခု ရှိနေမယ်။ ခပ်နောက်နောက် ဖြစ်နေမယ်ဆိုရင်တော့ ရေက သန့်ရှင်းမှု အားနည်းနေပါပြီ။

    ကလိုရင်း အနံ့ ရှိနေမယ်

    သောက်ရေက သန့်မယ်ဆိုရင် အနံ့ မရှိရပါဘူး။ ရေက အရောင်အဆင်း အနံ့အရသာ ကင်းမှ ရေသန့်ပါ။ ရေက ကလိုရင်း အနံ့ရနေမယ်ဆိုရင် သောက်သုံးဖို့ မသင့်တော်ပါဘူး။ ရေကို သန့်စင်ဖို့ ကလိုရင်းကို သုံးကြပေမယ့် အနံ့ ကျန်နေလောက်အောင် ပမာဏများတာမျိုး မရှိပါဘူး။ ရေမှာ ကလိုရင်းနံ့ ရှိနေပြီဆိုရင်တော့ သောက်သုံးဖို့ မသင့်တော်ပါဘူး။

    ရေမှာ အရောင် ရှိနေမယ်

    အပေါ်မှာလည်း ပြောခဲ့ပါတယ်။ ရေက ကြည်လင်နေရမယ်လို့လေ။ ရေက သန့်ရှင်းနေမယ်ဆိုရင် ကြည်လင်နေမှာဖြစ်သလို အရောင်အဆင်း တစ်စုံတရာလည်း မရှိရပါဘူး။ တကယ်လို့ ရေက လိမ္မော်ရောင် ဖြစ်နေမယ်၊ အညိုရောင်သန်းနေမယ် ဆိုရင် ရေမှာ သံဓာတ်များနေတာ ဒါမှမဟုတ် မဂ္ဂနီဆီယမ် များနေတာ ဖြစ်နိုင်ပါတယ်။

    ဒီလို ရေမှာ အရောင်အဆင်း ပါနေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ရေက မိုင်းတွင်းတွေနဲ့ နီးနေမယ်ဆိုရင်လည်း ရေက မသန့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရေဖြန့်တဲ့ ပိုက်က သက်တမ်းအရမ်းကြာနေမယ်ဆိုရင် ရေက အရောင်ရှိနေနိုင်ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ရေမှာ အရောင်ရှိနေမယ်ဆိုရင်တော့ ရေကို မသောက်ပါနဲ့။

    ရေမှာ sulfur အနံ့ရနေမယ်

    ရေကို သောက်လိုက်လို့ ရေထဲမှာ ကြက်ဥပုပ်နံ့လိုမျိုး အနံ့ရနေမယ်ဆိုရင် sulfur ပါဝင်မှု များနေတာပါ။ Sulfur  က မြေအောက်ထဲမှာ သဘာဝအရကိုက ရှိနေတာပါ။ ပုံမှန် ပမာဏဆိုရင် အနံ့မထွက်ပေမယ့် အလွန်အကျွံ ဖြစ်လာပြီဆိုရင်တော့ အနံ့စူးစူး ခံစားမိမှာပါ။ ဒီလိုမျိုး sulfur  အနံ့ပြင်းနေတာမျိုးကိုလည်း မသောက်သင့်ပါဘူး။

    Sulfur အလွန်အကျွံ သောက်သုံးမိတာက ရေဓာတ်ခမ်းခြောက်တာ၊ အူကျန်းမာရေး ထိခိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    ရေဖြန့်တဲ့ပိုက်က ပျက်စီးနေမယ်

    ရေဖြန့်ဝေတဲ့ ပိုက်တွေကို သေချာလေး စစ်ဆေးဖို့ လိုပါမယ်။ တကယ်လို့ ရေဖြန့်ဝေတဲ့ပိုက်တွေက ပျက်စီးနေမယ်ဆိုရင် ဒီပိုက်တွေကနေလာတဲ့ ရေတွေကို မသောက်သုံးသင့်ပါဘူး။ ဒီလို ရေတွေထဲမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ဓာတ်တွေ ပါဝင်နေပါတယ်။

    ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်လာမယ်

    ရေကို သောက်နေရင်းက အသားအရေတွေမှာ အရေပြားပြဿနာတွေ ဖြစ်လာရင်ဖြစ်ဖြစ်၊ ရေကိုအရေပြားမှာ အသုံးပြုလိုက်လို့ အသားအရေမှာ ထိခိုက်တာတွေ ဖြစ်လာရင်ဖြစ်ဖြစ်၊ လက်သည်းတွေမှာ အဝါရောင် အညိုရောင်တွေ ဖြစ်လာမယ်ဆိုရင် ရေက ဘေးကင်းမှု စံနှုန်းနဲ့ မပြည့်မီတာကြောင့် သောက်သုံးဖို့ မသင့်တော်ပါဘူး။

    ရေထဲမှာ အမှုန်တွေ ပါနေမယ်

    ရေထဲမှာ သဲ၊ နုန်းနှစ်၊ အမှိုက်စတွေ နဲ့ သာမန်မျက်စိနဲ့ မြင်သာတဲ့ အမှိုက်စလေးတွေ ပါနေမယ်ဆိုရင်တော့ ရေက သောက်သုံးဖို့ ဘေးကင်းမှု မရှိပါဘူး။ မသောက်သုံးတာ အကောင်းဆုံးပါ။

    အိုးတွေ ခွက်တွေမှာ အစွန်းအထင်း ဖြစ်မယ်

    ရေကို ကျိုကြည့်လိုက်လို့ ကျိုလိုက်တဲ့ အိုးတွေ ခွက်တွေမှာ အစွန်းတွေ ဖြစ်ကျန်ခဲ့မယ်၊ ရေအရာအတိုင်း အရစ်လိုက် စွန်းထင်း ကျန်ခဲ့မယ်ဆိုရင် ရေက သောက်သုံးဖို့ ဘေးကင်းစိတ်ချရမှု မရှိပါဘူး။

    ကဲ ….. ဒီလက္ခဏာတွေလေးကို တိုက်စစ်ပြီး သောက်သုံးရေက ဘေးကင်းရဲ့လားဆိုတာကို ဆုံးဖြတ်ကြည့်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement