backup og meta

ဘာကြောင့် ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာလဲ။

ဘာကြောင့် ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာလဲ။

လေဒီလေး အတော်တော်များများ လစဉ်တိုင်း ရောက်လာမှာကို ကြောက်ကြတဲ့ အချိန်တစ်ခုရှိတယ်။ ဒါကတော့ ရာသီလာတဲ့အချိန်ပေါ့။ ရာသီလာချိန်မှာ ဆို နေရတာ စိတ်ခံစားမှုက မကောင်းသလို ခန္ဓာကိုယ်ထဲမှာလည်း နေရထိုင်ရ အဆင်မပြေတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒါပေမယ့် ဘယ်လိုပဲ မရောက်ချင်ဘူးပြောပြော တစ်လတစ်ခါကတော့ ဒီလို အချိန်ကာလကို ရင်ဆိုင်ဖြတ်သန်းရတာပါပဲ။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားနေရတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာက

အချို့ လေဒီလေးတွေဆိုရင် ရာသီမလာခင် အစောပိုင်းကာလတွေမှာကလည်းက ခါးထဲကနာတာ၊ ဝမ်းလျှောသလို ဗိုက်ထဲက ရစ်ရစ်နာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလို အဆစ်တွေ နာတာကိုလည်း ခံစားရပါတယ်။

ဒီလိုခံစားရတာက ရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။

ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ဝက်ခြံထွက်တာ၊ အသားအရောင် ညစ်တာ၊ ဗိုက်အောင့်တာတွေတင် ခံစားရတာမဟုတ်ပါဘူး။ အချို့ လေဒီလေးတွေ ဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းပျက်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရပါသေးတယ်။

အချို့ကတော့ ခြေဆစ်၊ လက်ဆစ်တွေ ကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ခေါင်းကိုက်တာ၊ ချမ်းစိမ့်စိမ့်ဖြစ်တာ၊ လေပွတာ၊ မအီမသာ ဖြစ်တာ၊ အော့အန်တာ၊ နှာစေးသလို ခံစားရတာတွေအထိ ခံစားရတာမျိုး ရှိပါတယ်။

ဒီလက္ခဏာတွေ ခံစားရတဲ့ အဓိက အကြောင်းအရင်းကတော့ ရာသီလာနေချိန်မှာ ကိုယ်တွင်းမှာ အက်စထရိုဂျင် ပမာဏ ကျသွားတာကြောင့်ပါ။ အက်စထရိုဂျင် ဟော်မုန်းပမာဏက ရာသီမလာခင် ရက်သတ္တပတ် အနည်းငယ်လောက် ကတည်းက ကျလာတတ်တာပါ။ ဒါကြောင့်လည်း ရာသီအ​ကြို လက္ခဏာကို ခံစားရတာပေါ့။ ဒီလို ဟော်မုန်း ပြောင်းလဲတာက အိပ်စက်မှုအပါအဝင် အခြားသော အရာတွေ အပေါ်မှာပါ ထိခိုက်စေပါတယ်။ ဒါကြောင့် ညီးစီစီ ဖြစ်တာမျိုး ခံစားရနိုင်တာပါ။

ရာသီလာချိန်မှာ ဒီလို မအီမသာ ဖြစ်တာတွေကို ခံစားရစေတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုက Prostaglandins ပါ။ ဒီဓာတုပစ္စည်းက ဗိုက်ရစ်နာတာ၊ ဝမ်းလျှောတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အော့အန်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ကိုက်ခဲတာတွေကို ခံစားရစေပါတယ်။ ခန္ဓာကိုယ် အပူချိန် အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ တုပ်ကွေးဖြစ်နေသလို၊ ချမ်းစိမ့်စိမ့် ဖြစ်နေသလို ခံစားရတာပါ။

ဒီခံစားရမှုတွေကို ရာသီမလာခင် အကြိုကာလကနေ ရာသီလာနေစဉ် တလျှောက် ခံစားရပြီး ရာသီလာရက် ပြီးသွားချိန်မှာ သက်သာသွားနိုင်ပါတယ်။ တကယ်လို့ မသက်သာဘူးဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှု ရယူဖို့ အကြံပြုပါရစေ။

ဒါ​ကြောင့် ရာသီလာနေစဉ်မှာ အာဟာရပြည့်ဝအောင်စားတာ အချို၊ အငန်ကဲတာတွေကိုလျှော့စားတာမျိုး လုပ်သင့်ပါတယ်။ ရေလည်း ပြည့်ပြည့်ဝဝသောက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး ကောင်းစွာ အနားယူပေးပါ။ လိုအပ်ရင် ဆေးသောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။

ဘာကြောင့် ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာလဲ။

ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာက ရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Periods https://www.nhs.uk/conditions/periods/ Accessed Date 22 October 2020

What happens during the typical 28-day menstrual cycle? https://www.womenshealth.gov/menstrual-cycle/your-menstrual-cycle Accessed Date 22 October 2020

ယခုပုံစံ

26/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း (၅) ခု

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် ယောဂပို့စ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 26/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement