backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘာ့ကြောင့် လျှာတွေဖြူ ရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘာ့ကြောင့် လျှာတွေဖြူ ရတာလဲ

လျှာဆိုတာ အနီရောင်နဲ့ ပန်းရောင်ကြားပြေးနေတဲ့ အရောင်ရှိနေမှ ပုံမှန်ပါ။ တချို့ အရောင်ဆိုးထားတဲ့ အစားအသောက်တွေကို စားမိပြီး လျှာမှာ အရောင်တွေ စွန်းနေတာက လွဲလို့ အနီရောင်ပြေးလေး မဟုတ်ဘဲ လျှာဖြူနေပြီ ဆိုရင် နည်းနည်း စဉ်းစားစရာတော့ဖြစ်နေပါပြီ။ ဒီလို လျှာတွေဖြူ နေရတဲ့ ပြဿနာဟာ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်တာကြောင့် သတိထားသင့်တဲ့ အရာတွေထဲမှာ ပါပါတယ်။ ကဲဒါဆို ဘာကြောင့် လျှာတွေဖြူရတာလဲဆိုတာကို ဆက်ကြည့်ရအောင်။

ဘာကြောင့် လျှာတွေဖြူ ရတာလဲ။ 

လျှာတွေဖြူ ရတာဟာ papillae လို့ခေါ်တဲ့ လျှာပေါ်က အရသာခံတဲ့ အဖုလေးတွေ ရောင်နေလို့ ကြီးနေလို့ ဖြစ်ရတာပါ။ ဒီလို ရောင်ပြီး ကြီးနေတဲ့ အရသာခံ အဖုလေးတွေ ကြားထဲမှာ သွားချေးတွေ၊ ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေ ပုံထပ်လာတဲ့အခါ လျှာပေါ်မှာ အဖြူဖပ်တွေ ကပ်လာရတာ ဖြစ်ပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ။

  • ခံတွင်းသန့်ရှင်းရေးကို သေချာ ဂရုမစိုက်တာ

ခံတွင်းသန့်ရှင်းရေးဆိုပြီး သွားပဲဖိတိုက်နေပြီး လျှာကိုချန်ခဲ့လို့ မရပါဘူး။ သွားအတွက် သွားပွတ်တံသုံးသလိုပဲ လျှာအတွက်လည်း လျှာပွတ်ကြိုးသုံးပြီး သန့်စင်ပေးသင့်ပါတယ်။

ဘာ့ကြောင့် လျှာတွေဖြူ ရတာလဲ

ရေကို တစ်နေ့တာအတွက် လုံလုံလောက်လောက် မသောက်တဲ့အခါမှာ ရေဓာတ်ခမ်းခြောက်ပြီး အာခေါင်ခြောက်တာမျိုး၊ ခံတွင်းခြောက်တာမျိုး လူတိုင်းခံစားဖူးကြမှာပါ။ ဒီလို ခြောက်နေတဲ့ အာခေါင်မှာ စိုစွတ်ခြင်းတွေ နည်းသွားလို့ အဖတ်တွေ ပိုထွက်လာနိုင်ပါတယ်။

လျှာဖြူတာကို ဖြစ်စေတဲ့ အခြား အကြောင်းအရာတွေကတော့

  • ပါးစပ်ကနေ အသက်ရှူတတ်တဲ့ အကျင့်ရှိတာ
  • ကိုယ်တွေပူနေတာ
  • အရက် ဆေးလိပ် မှီဝဲတာ
  • အရမ်းကို ပျော့ပြီး ကပ်တဲ့ အစားအစာတွေစားမိတာ နဲ့
  • သွားစွယ်ရှိနေလို့ လျှာထိခိုက်မိပြီး အာရုံခံအဖုလေးတွေ ရောင်တာကနေ ကြားထဲမှာ အဖတ်တွေ ကပ်နေတာတွေက လျှာ ကိုဖြူစေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

ဒ့ါအပြင် လျှာတွေဖြူ နေရတာဟာ အခြားရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ ဘာတွေလဲဆိုတော့

Leukoplakia – သင့်လျှာကိုသာမက ပါးစောင်တွေ၊ သွားဖုံး တွေ အကုန်လုံးမှာ အဖြူဖတ်ကပ်နေနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဆေးရွက်ကြီးငုံတတ်တဲ့သူ၊ အရက်တွေ အလွန်အကျွံသောက် တတ်တဲ့သူတွေဟာ Leukoplakia ရနိုင်ချေ ပိုများပါတယ်။ ပုံမှန်ဆို ပြဿနာကြီးကြီးမားမားမရှိဘူးလို့ ပြောလို့ရပေမယ့် အခန့်မသင့်ရင်တော့ Leukoplakia က ခံတွင်းကင်ဆာကိုတောင် ဖြစ်စေနိုင်ပါတယ်။

Oral lichen planus – ခုခံအားကြောင့် ဖြစ်တဲ့ ပြဿနာတစ်မျိုးဖြစ်ပြီး သင့်ခံတွင်းနဲ့ လျှာမှာအဖြူဖတ်တွေ ကပ်စေတဲ့ တရားခံဖြစ်ပါတယ်။ ဒါ့အပြင် သွားဖုံးတွေ ရောင်နေတာမျိုးနဲ့ ပါးစောင်ရောင်တာမျိုးတွေ ပါတွဲတတ်ပါတယ်။

Oral thrush – Candida yeast လို့ခေါ်တဲ့ မှိုရောဂါကြောင့် ခံတွင်းမှာ အဖြူဖတ်တွေ ကပ်နေတဲ့ ပြဿနာတစ်မျိုးဖြစ်ပါတယ်။ ခုခံအားနည်းတဲ့ရောဂါဖြစ်တဲ့ HIV ရောဂါခံစားနေရတဲ့သူတွေနဲ့ ဆီးချိုရောဂါသည်တွေ၊ သံဓာတ်နဲ့ ဗီတာမင် B ချို့တဲ့နေတဲ့သူတွေနဲ့ သွားထိန်းဝတ်ပြီး ခံတွင်းသန့်ရှင်းရေး သေချာ မလုပ်တဲ့သူတွေမှာ မှိုစွဲပြီး အဖြူဖပ်တွေ ကပ်နေနိုင်ပါတယ်။

ဘာ့ကြောင့် လျှာတွေဖြူ ရတာလဲ

Syphilis – ဒီ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ကာလသားရောဂါ ကြောင့် သင့်ခံတွင်းနဲ့ သွားဖုံးတွေ ရောင်နေနိုင် တဲ့အပြင် syphilitic leukoplakiaကြောင့်လည်း အဖြူဖပ်တွေ အများကြီး ကပ်နေနိုင်ပါသေးတယ်။

ခံတွင်းကင်ဆာ – ခံတွင်းကင်ဆာကြောင့်လည်း သင့်ခံတွင်းမှာ အဖြူတွေကပ်နေနိုင်ပါသေးတယ်။

ဘယ်အချိန် ဆရာဝန် ဆီသွားရမလဲ။ 

ဒီလို လျှာတွေဖြူ နေတာ ၂ပတ်ထက်ပိုပြီးရှိနေတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားသင့်ပါတယ်။ လျှာဖြူတာ အပြင်

  • လျှာနာပြီး ပူနေတာ
  • လျှာတွေ ရောင်နေတာ
  • အစားအစာတွေ ဝါးလို့၊ မျိုချလို့ မရတာ၊ စကားပြောလို့ မရတာနဲ့
  • အဖျားတက်နေတာ၊ ကိုယ်အလေးချိန် ကျသွားတာနဲ့ အရေပြားမှာ အကွက်ထတာတွေပါ ဖြစ်နေရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုနေပါပြီ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement