backup og meta

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ

ခန္ဓာကိုယ် အနှံ့က ဟော်မုန်းထုတ်ပေးတဲ့ ဂလင်းတွေကို ပေါင်းစုထားတဲ့ စနစ်ကို endocrine system (ဟော်မုန်းစနစ်) ရယ်လို့ ခေါ်တယ်။ ဒီ စနစ်ထဲမှာပါတဲ့ ဂလင်းတွေက ဟော်မုန်းတွေကို မပိုမလိုထုတ်ပေးမှ ခန္ဓာကိုယ်က ဖြစ်စဉ်တွေ အားလုံးက ပုံမှန် လည်ပတ်တာပါ။ တစ်ခုခုက ပုံမှန် အလုပ်မလုပ်ဘူးဆိုတာနဲ့ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်၊ ကြီးထွားမှုဖြစ်စဉ်တွေ ကမောက်ကမဖြစ်ပြီး ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါ တစ်မျိုးဖြစ်တဲ့ အမျိုးအစား(၂) ဆီးချိုရောဂါတင်မက တခြားရောဂါမျိုးစုံ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီတော့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ ကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ

ခန္ဓာကိုယ်မှာ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနဲ့ အရိုး ကျန်းမာရေးကစလို့  ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အထိ အကောင်းဆုံးထောက်ပံ့ပေးတဲ့ Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဆိုရင်တော့

လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက နှလုံးကျန်းမာစေရုံ၊ စိတ်ဖိစီးမှုတွေကို ပြေလျော့စေရုံ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေရုံတင်မကပါဘူး။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို အဓိကချုပ်ကိုင်ထားတဲ့ endocrine system (ဟော်မုန်းစနစ်) ကိုပါ ကျန်းမာစေပါတယ်။

ဒီတော့ တစ်နေ့တာမှာ လမ်းလျှောက်တာ၊ ကြိုးခုန်တာ၊ ခပ်ရွရွပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပုံမှန်လုပ်ပေးပါ။

ဟင်းသီးဟင်းရွက်တွေ စားပါ

ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ endocrine system (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ဆိုရင်လည်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုမှာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင်နဲ့ သတ္တုဓာတ်လိုအပ်ချက်ကို ပြည့်မီစေမယ့် အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C၊ ဗီတာမင် တို့ပါဝင်အောင် စားသုံးရပါမယ်။

ဒီဓာတ်တွေ ပြည့်စုံမှ ဟော်မုန်းတွေ ဖြစ်ပေါ်ပြီး လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ဒီတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်ညှင်းစိမ်း၊ မုန်ညှင်းဖြူ၊ ကညွတ်စတာတွေကို စားပေးပါ။

ဒီလို စားသုံးတဲ့အခါ အော်ဂဲနစ် စစ်စစ်ကိုသာစားပေးဖို့ မမေ့ပါနဲ့။ ဓာတုပစ္စည်းပါတဲ့ အရာတွေနဲ့ ပိုးသတ်ဆေးပါတဲ့ အရာတွေကို ကျန်းမာစေဖို့ထက် ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ

အဆီတိုင်းက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဟော်မုန်းတွေ ပုံမှန်ထွက်ရှိပြီး ဟော်မုန်းစနစ် ကျန်းမာဖို့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို လိုအပ်ပါတယ်။ ဒါကောင့် ဟော်မုန်းစနစ် ကျန်းမာစေဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေရရှိနိုင်မယ့် အစားအစာတွေ ဖြစ်ကြတဲ့ အုန်းဆီ၊ ချီယာစေ့၊ ထောပတ်သီး၊ ရေညှိ၊ နေကြာစေ့၊ စိမ်းပြာရေညှိ၊ အခွံမာသီးတွေ၊ ဖရုံစေ့ စတာတွေကို စားပေးပါ။

ပရိုတင်း

ဟော်မုန်းတွေ ဖြစ်ပေါ်စေဖို့ အမိုင်နိုအက်ဆစ်ကို လိုအပ်ပါတယ်။ ဒီတော့ အမိုင်နိုအက်ဆစ် ရရှိစေဖို့အတွက် ပရိုတင်းကို စားသုံးပေးရပါမယ်။ ပရိုတင်းဆိုတဲ့နေရာမှာလည်း အာဟာရပြည့်ဝစေမယ့် ပရိုတင်း အရင်းအမြစ်ဖြစ်ဖို့ သေချာလေး ဂရုစိုက်ရပါမယ်။

ဒီတော့ အရည်အသွေးပြည့်ဝတဲ့ ပရိုတင်း ရရှိစေဖို့အတွက် ချီယာစေ့၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်၊ ပဲနီလေးစတာတွေကို စားသုံးပေးပါ။ နို့နဲ့နိုပထွက်ပစ္စည်း၊ အဆီမပါတဲ့ အသားတွေကို စားပေးလို့လည်း ရပါတယ်။

အိုင်အိုဒင်း

အိုင်အိုဒင်းက သိုင်းရွိုက်ဟော်မုန်းတွေ ဖြစ်ပေါ်စေဖို့အတွက် အရေးပါတဲ့ဓာတ် တစ်မျိုးပါ။ ကြီးထွားဖွံ့ဖြိုးဖို့ အင်အားပြည့်ဝစေဖို့ ထောက်ပံ့ပေးပါတယ်။

အိုင်အိုဒင်း ပြည့်ဝစေဖို့ဆိုရင် အိုင်အိုဒင်းဆား၊ ပင်လယ်စာတွေ၊ ခရမ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ဟိမဝန္တာ ဆား စတာတွေကို စားသုံးပေးလို့ရပါတယ်။

ဒါတွေကို စားသုံးပေးမှုနဲ့အတူ ပြုပြင်ထားတဲ့အစားအစာတွေ၊ အချိုကဲတာတွေကို မစားမိစေဖို့ သတိပြုစေချင်ပါတယ်။ စိတ်ဖိစီးမှုကိုလည်း ဖြေလျော့ဖို့ မမေ့ပါနဲ့။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foods to Eat to Keep the Endocrine System Healthy https://www.livestrong.com/article/506495-foods-to-eat-to-keep-the-endocrine-system-healthy/ Accessed Date 27 August 2020

Foods to Keep Your Endocrine System Happy and Healthy https://sunwarrior.com/blogs/health-hub/endocrine-foods Accessed Date 27 August 2020

Foods That Can Help Keep Your Hormones Balanced https://www.bustle.com/life/10-foods-that-can-help-balance-your-hormones-naturally-3601864 Accessed Date 27 August 2020

5 Nutrients to Support Your Endocrine Health https://news.hamlethub.com/newfairfield/life/44161-5-nutrients-to-support-your-endocrine-health Accessed Date 27 August 2020

ယခုပုံစံ

13/12/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အောက်စီတိုစင် (သို့မဟုတ်) အချစ်ဟော်မုန်း

ဟော်မုန်း မညီမျှမှု ဖြစ်နေပြီလား?


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement