လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ အအိပ်၊ အစား၊ ကာမဆိုတဲ့ အရာ၃မျိုးလုံးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေအတွက်တော့ ကာမသုခပြီးပြည့်စုံမှသာ တစ်နေ့တာ လုပ်ငန်းဆောင်တာ အခက်အခဲတွေကို ဖြေရှင်းကျော်လွှားသွားနိုင်မှာပါ။ ကာမသုခပြီးမြောက်ဖို့ စွမ်းဆောင်ရည်ကောင်းဖို့ လိုတယ်၊ ကာမစွမ်းဆောင်နိုင်ဖို့ လိင်စိတ်ဆန္ဒ မြင့်တက်နေဖို့ လိုပါတယ်။ လိင်စိတ်ဆန္ဒမြင့်တက်ဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ်နေထိုင်စားသောက်တဲ့ ပုံစံဟာ မှန်ကန်နေဖို့ သိပ်ကို အရေးကြီးပါတယ်။