backup og meta

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။ ပြောမယ့်သာ ပြောရတာ အရမ်းကြီးပြင်းထန်တဲ့ ရောဂါတစ်ခု မဟုတ်ပေမယ့် ပျော့ပျော့လေးနဲ့ ကာလရှည်ကြာ လူတွေကို ဒုက္ခပေးတဲ့ ပြဿနာတွေထဲမှာ အစာအိမ် ပြဿနာက ထိပ်ဆုံးကပါ။ အစာအိမ်ရောင်တာ၊ အစာအိမ်အောင့်တာနဲ့ အစာအိမ်အနာဖြစ်တာ စတာတွေပေါ့။ ဒါ့ထက်ပိုဆိုးတာက အစာအိမ်ပြဿနာတွေက အချိန်ကောင်းတွေဖြစ်တဲ့ အိပ်ခါနီး အချိန်မှာ ထအောင့်တာနဲ့၊ မနက်အိပ်ရာနိုးတဲ့အချိန် ဗိုက်အောင့်လို့ မထချင်ပေမယ့် အစားတွေထစားလိုက်ရတဲ့အချိန်တွေက တကယ်ကို ကသိကအောက် ဖြစ်ချင်စရာပါပဲ။ ဗိုက်လေးများတစ်ခါလောက် အဆာမခံလိုက်နဲ့။ အစာအိမ်ြဿနာပြန်ကိုဖြစ်တော့တာပါပဲ။

ဒီတော့ ညဘက်ကြီးကိုယ်က အိပ်ချင်နေပြီ အစာအိမ်ကအောင့်နေလို့၊ ဗိုက်ကဆာဆာ နာနာကြီးဖြစ်နေလို့ စိတ်ညစ်နေသူအားလုံး ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။ ညညအစာအိမ်အောင့်ပြီးအိပ်လို့မရဖြစ်နေရင် ဒါလေးတွေ တစ်ချက်သတိထားစေချင်ပါတယ် ။

အစာအိမ်အောင့်တဲ့ပြဿနာကို အဓိကဖြစ်စေတာ ကိုယ့်စားလိုက်တဲ့အစားအစာတွေပါ။ နောက်ပြီး စားတဲ့အချိန်ကလည်း အရေးကြီးပါသေးတယ်။ ဘယ်အစားအစာကိုမဆို အိပ်ရာဝင်ခါနီး ၁နာရီ ၂နာရီလောက်ခွာပြီး စားတာ အကောင်းဆုံးပါ။ မစားသင့်တဲ့ အစားအစာတွေကတော့

  • အဆီများတဲ့အစားအစာတွေ – အစာခြေလမ်းတစ်လျှောက်နှေးနှေးလေးသွားပြီး လေပွခြင်းတွေ ရင်ပူခြင်းတွေကိုဖြစ်စေလို့ပါ။
  • လေပွစေတဲ့အစားအစာတွေ – ပန်းဂေါ်ဖီစမ်း၊ ဂေါ်ဖီထုတ်၊ ပဲ စတာတွေက လေပွစေတဲ့အစားအစာတွေဆိုတော့ အစာအိမ်အောင့်တတ်တဲ့သူတွေ ညအိပ်ခါနီး ရှောင်သင့်တဲ့ ထိပ်ဆုံးက အစားအစာတွေပါ။
  • ကော်ဖီနဲ့ ဂတ်စ်များတဲ့ အချိုရည်တွေကလည်း ရှောင်စားရမယ့် အထဲမှာပါပါတယ်။
  • ခရမ်းချဉ်သီး၊ ချဉ်တဲ့အသီးတွေနဲ့ ပူစပ်တဲ့ အစားအစာတွေက ရင်ပူခြင်းကိုဖြစ်စေပြီး အစာခြေရည်ပြန်ဆန်တက်ခြင်းကို ဖြစ်စေပါတယ်။
  • ပီကေဝါးတာ၊ အစားစားရင်း စကားပြောတာတွေကြောင့် လေတွေကို မျိုချမိတတ်ပြီးဗိုက်အောင့်စေပါတယ်။
  • အကိုက်အခဲပျောက်ဆေးတွေဆိုတာ အစာအိမ်အတွက်တော့ တကယ့်မဟာရန်သူကြီးတွေပါ။
  • ဆေးလိပ်နဲ့ အရက်ကလည်း အစာအိမ်ရဲ့ အတွင်းနံရံတွေကို ဒုက္ခပေးတာကြောင့် အစာအိမ်အောင့်နေတဲ့သူတွေ လုံးဝကိုရှောင်သင့်တဲ့ အရာပါ။

ဒါတွေကတော့ အစာအိမ်အောင့်ခြင်းကို ပိုဆိုးစေတဲ့ အစားအစာတွေနဲ့ အမူအကျင့်တွေပါ။ ညဘက်အစာအိမ်အောင့်လို အိပ်မရတဲ့အခါမျိုးတွေဆို ကိုယ်ဒါတွေ မလုပ်မိဖို့ သတိထားပြီးရှောင်ဖို့လိုပါတယ်။

ကောင်းတဲ့ အလေ့အကျင့်လေးတွေ ပျိုးထောင်ပါ။

အစာအိမ်အောင့်တာကို သက်သာစေဖို့အတွက် ရှောင်သင့်တာတွေကို သိထားရုံနဲ့ မပြီးသေးပါဘူး။ ဖြစ်နေတဲ့ ဝေဒနာ သက်သာစေဖို့ ကောင်းကောင်းအိပ်ပျော်စေဖို့ လုပ်လို့ရတဲ့ နည်းတွေရှိပါတယ်။

  • တစ်နေ့ကို ထမင်း ၃ နပ်အပြည့်အဝ စားမယ့်အစား အစားကို နည်းနည်းလေးနဲ့ အကြိမ်ရေ များများခွဲပြီးစားပေးပါ။
  • အစာဝါးတဲ့အခါ ဖြေးဖြေးလေးနဲ့ အစာကြေအောင်ဝါးပါ။
  • အမျှင်ဓာတ်များတဲ့ အစားအစာတွေကို အဓိကစားပါ။
  • အစားမစားခင် လေ့ကျင့်ခန်းလုပ်ပါ။ စားပြီးနောက်ပိုင်းဆိုရင်တော့ အစားနဲ့ လေ့ကျင့်ခန်းကြားထဲ အနည်းဆုံး တစ်နာရီလောက် ခြားသင့်ပါတယ်။
  • စိတ်ဖိစီးမှုတွေ လျှော့ချပါ။ – စိတ်ဖိစီးမှုက အစာအိမ်အက်ဆစ်ကိုပိုထွက်စေတာကြောင့် စိတ်ဖိစီးမှု နည်းအောင် နေပါ။ တရားထိုင်ပါ ယောဂဆော့ပါ။ သီချင်းနားထောင်ပါ။

အစာခြေရည်တွေပြန်ဆန်တက်ပြီး ရင်ပူနေပြီဆိုရင်တော့

လှဲအိပ်ရတာဆိုတော့ အစာအိမ်မှာ ထွက်နေတဲ့ အက်ဆစ်တွေ လည်ချောင်းနဲ့ အစာရေမျိုပြွန်ထဲကို ရောက်လာတတ်ပါတယ် ။ အဲဒီအချိန်မှာ ရင်ပူတယ်ဆိုတဲ့ ခံစားချက် စရတာပါပဲ ။ ဒီလို ညညလှဲအိပ်တဲ့အခါ ဖြစ်တဲ့ရင်ပူခြင်းကို သက်သာစေချင်တယ်ဆိုရင်တော့

  • ခေါင်းအုံးမြင့်မြင့်နဲ့အိပ်ပါ
  • ချောင်ချိတဲ့ အဝတ်တွေကိုဝတ်ပါ
  • ကြက်သွန်ဖြူ၊ ချော့ကလက်၊ ပူရှိန်းနဲ့ ခရမ်းချဉ်သီးတို့ကို လျှော့စားပါ။
  • အိပ်ခါနီး ၂ နာရီလောက်အလိုမှာ ဘာမှ မစားပါနဲ့တော့
  • စားပြီးပြီးလှဲအိပ်တာမျိုးလည်း မလုပ်ပါနဲ့။

ဆေးသောက်ချင်တယ်ဆိုရင်တော့

  • Antacid – အက်ဆစ်ပြင်းအားလျော့စေတဲ့ဆေး
  • PPI ( proton pump inhibitor) – အစာခြေအက်ဆစ်အထွက်နည်းစေတဲ့ဆေး၊ အနာကျက်ခြင်းကို အားပေးတဲ့ဆေး
  • H2 blocker – အစာခြေအက်ဆစ် အထွက်နည်းစေတဲ့ဆေးတွေ ကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ပေးလို့ရပါတယ် ။

ဒါတွေကတော့ အိပ်ခါနီး အစာအိမ်အောင့်လို့ စိတ်ညစ်နေသူတိုင်း သိထားသင့်တဲ့အချက်တွေပါ။ ဒါလေးတွေ ဖတ်ထားတော့မှ ရှောင်ရဆောင်ရမှာတွေ သိသွားလို့ ညည အစာအိမ်အောင့်လို့ အိပ်ရေးပျက်တဲ့ဝေဒနာတွေ ကင်းဝေးသွားစေမှာနော် ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/digestive-disorders/indigestion-sleep#2

Accessed Date 8.8.2019

https://www.womenshealthmag.com/health/g19040084/stomach-pain-cures/

Accessed Date 8.8.2019

ယခုပုံစံ

15/03/2024

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement