backup og meta

မွေးရာပါ ပြာနှမ်းနှလုံးရောဂါကုသခြင်းနဲ့ ပက်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးရာပါ ပြာနှမ်းနှလုံးရောဂါကုသခြင်းနဲ့ ပက်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

    မွေးရာပါ ပြာနှမ်းခြင်း နှလုံးရောဂါ Tetralogy of Fallot ဆိုတာ ဖြစ်တဲ့သူ သိပ်မရှားလှတဲ့ရောဂါတစ်ခုပါ။ မွေးကင်းစကလေးအရွယ်တည်းက ဒီရောဂါရှိမရှိသိနိုင်ပြီး နာမည်အတိုင်း ဖြစ်တဲ့သူက အသက်ရှူရကြပ်တာ၊ နှုတ်ခမ်းတွေ၊ အသားအရေတွေနဲ့ လက်သည်းတွေပြာနှမ်းတဲ့ဝေဒနာကိုခံစားရလေ့ရှိပါတယ်။ ဒီတော့ ကိုယ့်ကလေးမှာ ဒီလို မွေးရာပါပြဿနာရှိနေခဲ့မယ်ဆိုရင်တော့ ခုပြောပြမယ့်မေးခွန်းတွေ မေမေတို့ခေါင်းထဲမှာ တန်းစီနေလိမ့်လို့ထင်ပါတယ် ။

    မွေးရာပြာ ပြာနှမ်းတဲ့နှလုံးရောဂါကုသဖို့ ဘယ်ဆရာဝန်ကို ရွေးချယ်ရမှာလဲ ။ ။

    မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါကိုပြသဖို့ဆို ကလေးဆရာဝန် ( ဒါမှမဟုတ် )နှလုံးအထူးကု ဆရာဝန်ကို အဓိက ရွေးချယ်ရမှာ ဖြစ်ပါတယ်။

    မွေးရာပြာ ပြာနှမ်းတဲ့နှလုံးရောဂါက မျိုးရိုးလိုက်တတ်လား။

    အများစုကတော့ မျိုးရိုးမလိုက်တတ်ဘူးဆိုပေမယ့် ကံမကောင်းစွာနဲ့ ၁၅ ရာခိုင်နှုန်းကတော့ tetralogy of Fallot ရှိနေတဲ့ မိဘတွေဆီက မျိုးရိုးဗီဇက ကလေးတွေဆီ ရောက်သွားနိုင်ပါတယ်။

    tetralogy of Fallot ကသေစေနိုင်တဲ့ ရောဂါတစ်ခုလား။

    နှလုံးဖြစ်နေတဲ့ ချို့ယွင်းချက် ပြဿနာ ၄ ခုစပ်ထားတာကြောင့် သေချာ ခွဲစိတ်ကုသမှု မခံယူရင် နောက်ပိုင်း ေအာက်ဆီဂျင် ကောင်းကောင်းမရတော့ဘဲ အသက်အန္တရယ်ထိခိုက်စေပါတယ်။

    ခွဲစိတ်ကုသပြီးရင် ကလေးက သာမာန်အတိုင်း ဖြစ်သွားမှာလား ။

    ခွဲစိတ်ကုသပြီးတာနဲ့ tetralogy of Fallot နှလုံးရောဂါ ခံစားနေရတဲ့ ကလေးအများစုက သာမာန်အတိုင် ပြန်ဖြစ်သွားမှာပါ။ ဒါပေမယ့်ခွဲစိတ်ပြီးနောက်ပိုင်း ရက်ချိန်းမှန်မှန်ဆေးပြန်ပြဖို့၊ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ နှလုံပိုးဝင်ရောင်ရမ်းတာ မဖြစ်ဖို့အတွက်ေ ဆးမှန်မှန်သောက်ဖို့တွေအပြင် သွားနဲ့ခံတွင်းသန့်ရှင်းရေးမှန်မှန်လုပ်ပေးဖို့လိုအပ်ပါတယ်။

    ခွဲစိတ်ပြီးတာနဲ့ အမာရွတ် တွေ ကျန်ခဲ့မှာလား၊

    နှလုံးဖွင့်ပြီးခွဲစိတ်တဲ့ ခွဲစိတ်မှုတွေမှာတော့ ရင်ဘတ်အလယ်နားလောက်မှာ အမာရွတ်တွေကျန်နေတတ်ပါတယ်။ နောက်ပြီး chest tube ရင်ဘတ်ပိုက်ဖောက်ထားတဲ့ အရှိန်နဲ့ အမာရွတ်အသေးလေးတွေ ကျန်နေတတ်ပါတယ်။ ဒီ အမာရွတ်တွေက ကလေးအများစုမှာ ပျောက်သွားတတ်တယ်ဆိုပေမယ့် အကုန်အရှင်းပျောက်သွားတာမျိုးတော့ မဟုတ်ပါဘူး။

    tetralogy of Fallot ဝေဒနာခံစားဖူးတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ဆောင်နိုင်လား။

    ကိုယ့်ဆီမှာ tetralogy of Fallot နှလုံးရောဂါရှိတယ် ။ အိမ်ထောင်ကျသွားတော့ ကလေးယူချင်တယ်ဆိုရင် ကလေးယူမယ်လို့မဆုံးဖြတ်ခင်တည်းက ဆရာဝန်တွေနဲ့သေချာဆွေးနွေးသင့်ပါတယ်။ လိုအပ်တဲ့ နှလုံးစစ်ဆေးမှုတွေဖြစ်တဲ့ echocardiogram တို့ MRI တို့ရိုက်ပြီး စစ်ဆေးရဦးမှာမို့လို့ပါ။

    ခွဲစိတ်ပြီးဆေးရုံကဆင်းလာတဲ့အခါမှာ ဘာတွေလိုက်နာရဦးမှာလဲ။

    • ကလေးရဲ့ နှလုံးကျန်းမာရေးအတွက်ပေးလိုက်တဲ့ဆေးတွေကို မှန်မှန်တိုက်ပါ။
    • ကလေးအသက် ၁၈ နှစ် မပြည့်မချင်း aspirin အကိုက်အခဲပျောက်ဆေးတွေတိုက်လို့မရပါဘူး။
    • ကလေးရဲ့ ခွဲစိတ်ပြီးနောက်ပိုင်း ရောဂါအခြေအနေ၊ သောက်နေတဲ့ဆေးတွေ ကျန်းမာရေး တိုးတက်မှု ရှိမရှိကို သေချာမှတ်သားပြီး ရက်ချိန်းပြန်ပြတဲ့အခါ သွားပြန်ပြပါ။
    • ကလေးအဆုတ်ကိုထိခိုက်စေတတ်တာကြောင့် ကလေးနားမှာ ဆေးလိပ်သောက်တာမျိုး မလုပ်ပါနဲ့။
    • ကလေးရဲ့ သွားနဲ့ခံတွင်းကို သေချာသန့်ရှင်းရေးလုပ်ပေးပါ။ သွားနဲ့ခံတွင်းမသန့်ရှင်းရာကနေ ပေါက်လာမယ့်ဘက်တီးရီးယားတွေက နှလုံးဆီရောက်သွားနိုင်လို့ပါ၊
    • ကလေးအသက်အလိုက်လိုအပ်တဲ့ ကာကွယ်ဆေးတွေအားလုံးကို ပြည့်အောင်ထိုးထားပါ။

    ဘယ်အချိန်မျိုးဆို ဆရာဝန်ဆီ ချက်ချင်းပြန်သွားဖို့လိုအပ်လဲ ။ ။

    • ကလေးက ကိုယ်ပူပြီးအဖျားတက် ေနမယ်
    • တစ်ချိန်လုံး ဂျီကျပြီး အငိုမတိတ်ဖြစ်နေမယ်
    • ကလေးအသက်ရှူကြပ်တာ၊ ပြာနှမ်းတာတွေ ပိုဆိုးလာမယ်
    • ကလေးက အရမ်းကို အားနည်းနေမယ်
    • ကလေးကို ပြုစုရမယ့်ပုံနဲ့ ကလေးပြဿနာကို သေချာသိချင်တဲ့ အခါမျိုးတွေမှာ ဆရာဝန်ဆီချက်ချင်းပြန်သွားဖို့လိုအပ်ပါတယ် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement