backup og meta

မီးပိုးကောင် ဆိပ်သင့်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးပိုးကောင် ဆိပ်သင့်ခြင်း

    အရေပြားမှာ ရုတ်တရက် အရည်ကြည်ဖုတွေ တန်းစီပြီး ထွက်လာတယ်၊ နီရဲနေတယ်ဆိုရင် “ဟဲ့ ငါ့ ဘာကောင်များ ကိုက်သွားပါလိမ့်”လို့ တွေးတတ်ကြပါတယ်။ ထိမိတဲ့ အကောင်ကိုများ သိထားရင်တော့ ဒါ မီးပိုးကောင် ထိတာပါလား ဆိုပြီး တန်းပြော နိုင်ပါတယ်။ များသောအားဖြင့်တော့ အန္တရာယ်မရှိပေမယ့် အရေပြားမှာ စပ်ဖျဉ်းဖျဉ်းနဲ့ ယားကလည်း ယားသေး ဆိုတော့ လန့်တတ်ကြပါတယ်။ ဒီတော့ မီးပိုးကောင်ထိရင် အရေးပေါ် ဘာလုပ်သင့်လဲ ဆိုတာ ပြောပြပေးပါမယ်။

    မီးပိုးကောင် ကို ဘယ်မှာတွေ့နိုင်လဲ။

    မီးပိုးကောင်ဆိုတာ မည်းမည်းရှည်ရှည် အကောင်လေးပါ။ လိမ္မော် ဖောက်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပုရွတ်ဆိတ်နဲ့ တူပါတယ်။ ခြောက်သွေ့တာကို ကြိုက်ပြီး ညဘက်တွေ ပိုထွက်ပါတယ်။ မီးရောင်ကို ကြိုက်ပါတယ်။

    မီးပိုးကောင် ဆိပ်က ဘယ်လိုသင့်တာလဲ။

    မီးပိုးကောင်က ကိုက်လည်း မကိုက်သလို တုပ်လည်း မတုပ်ပါဘူး။ သူရဲ့ ခန္ဓာကိုယ်က အရည်နဲ့ ထိတွေ့မိရင် လက္ခဏာပြပါတယ်။ အဲ့အရည်မှာ paederin ဆိုတဲ့ ဓာတ်ပါပါတယ်။ သူက အရေပြားကို ပျက်စီးစေတာပါ။ ဒါကြောင့် မီးပိုးကောင် ဆိပ်သင့်တယ်လို့ ပြောတာပါ။ သူ့ကြောင့် ဖြစ်တဲ့ အရေပြားရောင်ရမ်းတာကိုတော့ paederus dermatitis လို့ ခေါ်ပါတယ်။

    ဘာလက္ခဏာပြမှာလဲ။

    ထိမိပြီး ၂၄နာရီအတွင်းမှာပဲ လက္ခဏာ စပြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။ ဘယ်လောက်ထိလဲ ဆိုတာရယ်၊ ဘယ်လောက်ကြာကြာ ထိမိလဲဆိုတာရယ်၊ တစ်ယောက်ချင်းစီရဲ့ ခံနိုင်ရည်ရယ်ပေါ်မူတည်ပါတယ်။

    သိပ်မပြင်းထန်ဘူးဆိုရင် နီရုံပဲ နီပါတယ်။ နည်းနည်းဆိုးရင်တော့ အရည်ကြည်ဖုတွေပါ ထွက်လာပါတယ်။ တစ်ပတ်လောက်နေရင် ခြောက်ပြီးကွာကျသွားပါတယ်။ အမာရွတ် မကျန်ခဲ့ပါဘူး။

    များသောအားဖြင့် အကြောင်းလိုက်ဖြစ်တာ များပါတယ်။ ဘာလို့လဲဆိုတော့ လူက ကိုယ့်ကိုယ်ပေါ် တစ်ခုခု တက်လာရင် လက်နဲ့ဖိပြီး သပ်ချလိုက်တာကိုး။ သိပ်ဆိုးရင်တော့ အရည်ကြည်ဖု ပေါက်တာအပြင် ဖျားတာ၊ အဆစ်တွေနာတာ၊ အန်တာ ဖြစ်တတ်ပါတယ်။

    တစ်ခါတစ်လေ မျက်နာတို့ မျက်လုံးတို့ကို ပွတ်မိရင် မျက်ကြည်လွှာရောင်ရမ်းတာအထိ ဖြစ်တတ်ပါတယ်။

    ဘယ်လိုကုသကြမလဲ။

    • အရင်ဆုံး မီးပိုးကောင် ကိုယ့်ကိုယ်ပေါ်ကို တက်လာပြီ ဆိုတာနဲ့ လက်နဲ့ မထိပါနဲ့။ လက်နဲ့ ပွတ်မိရင် အရည်တွေထွက်လာပြီး အရေပြားကို လောင်စေတာကြောင့် အရည်ကြည်ဖုတွေ ပေါက်နိုင်လို့ပါ၊၊ဒါကြောင့် စိတ်ချရတဲ့ တစ်နေရာကို သွားပြီး လေနဲ့ မှုတ်ချလိုက်ပါ။
    • တကယ်လို့ မတော်တဆ ပွတ်မိတယ် ဆိုရင်လည်း ရေနဲ့ ဆပ်ပြာနဲ့ နိုင်နိုင်ဆေးပါ။
    • နီနေတယ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်တယ် ဆိုရင် ရေခဲကပ်ပါ။
    • ယားတယ်ဆိုရင် anti histamine သောက်ပါ။ (ဥပမာ ဘာမီတွန်)
    • စတီးရွိုက် လိမ်းဆေး လိမ်းပါ။
    • ကယ်လမင်း လိုးရှင်း လိမ်းပါ။
    • လိုအပ်ရင် ပိုးသတ်ဆေး သောက်ရပါမယ်။

    တစ်ခု ပြောချင်တာက အရေပြားမှာ အရည်ကြည်ဖု ပေါက်တိုင်း မီးပိုးကောင်လို့ ပြောလို့ မရပါဘူး။ သေချာချင်ရင် ဆရာဝန်နဲ့ ပြသပါ။ နောက်ပြီး မီးပိုးကောင်ဆိပ်သင့်ပြီး အသက်ရှူကျပ်လာတယ် ဆိုရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။

    ဒါကြောင့် အရေပြားမှာ အရည်ဖုထတာ၊ ပူတာလိုမျိုး ဖြစ်လာမယ်ဆိုရင် အရင်ဆုံး ရေနိုင်နိုင် ဆေးချပြီး ရေခဲဝတ် ကပ်တာမျိုး လုပ်ပေးပါ။ မသက်သာဘူး ပိုပြင်းထန်လာမယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်မှာ ပြသကြည့်ဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement