backup og meta

တဆင့်ခံဆေးလိပ်ငွေ့ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု

တဆင့်ခံဆေးလိပ်ငွေ့ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု

ကိုယ်တိုင် ဆေးလိပ်မသောက်တတ်တာကြောင့် ဆေးလိပ်ကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေကို မခံစားရဘူးလို့ထင်နေတာလား။ မဟုတ်ဘူးနော်။ နေ့စဉ်လှုပ်ရှားထိတွေ့နေတဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ တဆင့်ခံဆေးလိပ်ငွေ့တွေက သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသေးတယ်။

တဆင့်ခံဆေးလိပ်ငွေ့

စီးကရက်ကို မီးညှိထားတာကြောင့်ထွက်လာတဲ့ အငွေ့နဲ့ ဆေးလိပ်သောက်သူက ရှုထုတ်လိုက်တဲ့ အငွေ့တွေပေါင်းစပ်ပြီး တဆင့်ခံဆေးလိပ်ငွေ့ဖြစ်လာရပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်းအမျိုးပေါင်း ၇၀၀၀ ကျော်ပါဝင်နေပြီး ဒီဓါတုပစ္စည်းတွေထဲက ရာပေါင်းများစွာက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အမျိုးပေါင်း ၇၀ လောက်က ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒီအငွေ့တွေဟာ လေထုထဲမှာ ၄ နာရီလောက်ထိရှိနေနိုင်ပြီး စက္ကန့်တိုင်း မိနစ်တိုင်းမှာ ကျန်းမာရေးကို ဒုက္ခပေးနေပါတယ်။

တဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့မိတာကြောင့် ဘာဖြစ်လာနိုင်လဲ……………

တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိပြီး

  • ၅ မိနစ်ကြာတဲ့အခါ နှလုံးသွေးလွှတ်ကြောမကြီးတောင့်တာမျိုးဖြစ်လာနိုင်ပါတယ်။
  • မိနစ် ၂၀ ကနေ နာရီဝက်အတွင်းမှာ သွေးခဲတာမျိုးဖြစ်စေနိုင်ပြီး သွေးကြောတွေထဲမှာ အဆီစုပုံမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်နိုင်ခြေများသလို လေဖြတ်နိုင်ခြေလည်း များပါတယ်။
  • ၂ နာရီ ကြာတဲ့အခါ နှလုံးခုန်မမှန်တာမျိုးဖြစ်လာနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်တာမျိုးဖြစ်နိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ အချိန်ကြာမြင့်စွာ ထိတွေ့မိလေလေ ခန္ဓါကိုယ်မှာ ထိခိုက်နိုင်ခြေများလေလေပါ။ နှစ်စဉ် ဆေးလိပ်မသောက်တတ်ပေမယ့် တဆင့်ခံဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေးထိခိုက်ရသူတွေ နာတာရှည် ရောဂါခံစားရသူအရေအတွက်ဟာ ထောင်နဲ့ချီပြီးရှိပါတယ်။

တဆင့်ခံဆေးလိပ်ငွေ့ကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်တယ်

တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတာကြောင့် နှလုံးသွေးကြောတွေထိခိုက်နိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကြောင့် နှစ်စဉ်အရွယ်ရောက်ပြီးသူ ၃၄၀၀၀ လောက် နှလုံးရောဂါနဲ့သေဆုံးနေရသလို လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာတွေကို ခံစားရမှုတွေရှိနေပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့က နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိတိုးစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိတိုးနိုင်ပါတယ်။

တဆင့်ခံဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်တယ်

ကိုယ်တိုင်က ဆေးလိပ်မသောကပေမယ့်လည်း တဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာကို ခံစားရနိုင်ပါတယ်။ ဆေးလိပ်မသောက်ပေးမယ့်လည်း တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မှုက သင့်မှာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိတိုးစေနိုင်ပါတယ်။ နျစ်စဉ် တဆင့်ခံဆေးလပ်ငွေ့ကြောင့်ဖြစ်တဲ့ အဆုတ်ကင်ဆာရောဂါကြောင့် သေဆုံးသူအရေအတွက်က ၇၃၀၀ လောက်ရှိပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကိုရှုရှိုက်မိတာက အသက်ရှုလမ်းကြောင်းတလျှောက်ကဆဲလ်တွေကို ထိခိုက်စေနိုင်သလို အဆုတ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါတွေအပြင် ဆေးလိပ်ငွေ့ကြောင့် မျက်လုံးမှာတိမ်ဖြစ်တာ၊ အမြင်အာရုံထိခိုက်တာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေခံစားရတာ၊ သွေးတိုးတာ၊ သံားနဲ့ခံတွင်းကျန်းမာရေး ထိခိုက်တာမျိုးတွေပါ ခံစားရနိုင်ပါတယ်။ ဘေဘီလေးတွေမှာဆိုရင် မွေးကင်းစကလေးငယ်ရုတ်တရက်သေဆုံးတာမျိုးတွေကိုတောင်ခံစားရနိုင်သလို ပန်းနာရင်ကြပ်ရောဂါ၊ အကြားအာရုံထိခိုက်တာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်တာတွေကိုပါ ခံစားရနိုင်ပါတယ်။

တဆင့်ခံဆေးလိပ်ငွေ့ကို အများဆုံးထိတွေ့မိနိုင်သူတွေက ဘယ်သူတွေဖြစ်မလဲ…………..

တဆင့်ခံဆေးလိပ်ငွေ့က နေရာတိုင်းမှာ ရှိနေနိုင်ပြီး လူတိုင်းကိုထိခိုက်မိနိုင်တယ်ဆိုပေမယ့် ဒီလိုတွေကတော့ အခြားသူတွေထက် တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိနိုင်ခြေပိုများနေပါတယ်။

  • ဆေးလိပ်သောက်သုံးသူတွေရှိတဲ့ အလုပ်ခွင်မှာနေရသူတွေ
  • လက်ဖက်ရည်ဆိုင်ဝန်ထမ်းတွေ
  • ဘားကဝန်ထမ်းတွေ
  • စားသောက်ဆိုင် ဝန်ထမ်းတွေ
  • ကိုယ်ဝန်ဆောင်မိခင်တွေ
  • မွေးကင်းစကလေးတွေ နဲ့ ကလေးငယ်တွေ
  • အိမ်မွေးတိရစ္ဆာန်လေးတွေ ကတော့ အခြားသူတွေထက် တဆင့်ခံဆေးလိပ်ငွေ့ဒဏ်ကို ခံရနိုင်ခြေပိုများနေပါတယ်။

ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူက ကိုယ်တိုင်ပဲဆိုတော့ အခုကစလို့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အနေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Health Effects of Secondhand Smoke https://www.cdc.gov/tobacco/data_statistics/fact_sheets/secondhand_smoke/health_effects/index.htm Accessed Date 2 October 2019

Secondhand Smoke: Dangers https://my.clevelandclinic.org/health/articles/10644-secondhand-smoke-dangers Accessed Date 2 October 2019

Health Effects of Secondhand Smoke https://www.lung.org/stop-smoking/smoking-facts/health-effects-of-secondhand-smoke.html Accessed Date 2 October 2019

ယခုပုံစံ

23/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆေးလိပ်တစ်ခုတည်းကပဲ အဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရော အဆုတ်ကင်ဆာဖြစ်နိုင်လား။

ဆေးလိပ်သောက်တာကြောင့် အသားအရေတွေပျက်စီးနေပြီလား



Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement