နွေပူပူရဲ့ trademark ကြံရည်ချိုချိုလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020
Share now

ရာသီအလိုက် စားစရာလေးတွေကတော့ရှိစမြဲပါနော်။ ရာသီပေါ်စာဆိုတာမျိုးပေါ့။ အခုတစ်ခေါက်လည်းနွေရာသီရဲ့ ရာသီစာဖြစ်တဲ့ ကြံရည်လေးအကြောင်းပြောပြပေးချင်ပါတယ်နော်။နွေပူလာရင်နေရာတိုင်းမှာ ကြံရည်ဆိုင်လေးတွေတွေ့လာရပြီနော်။နွေပူပူကိုအံတုပေးနိုင်စွမ်းပေးတဲ့ သဘာဝဖျော်ရည်လေးတစ်ခုပေါ့။နွေပူပူမှာ သံပရာသီးညှစ်ထားတဲ့ ကြံရည်ချိုချိုလေးသောက်လိုက်ရတာက ရင်ထဲကိုအေးပြီး စိတ်ကျေနပ်မှုရစေတယ်နော်။

ကြံရည်ဆိုတာ

ကြံရည်ဆိုတာက ကြံချောင်းကိုကြိတ်ပြီးရလာတဲ့အရည်ပါနော်။ ဆူးခရို့စ် ပါဝင်မှုများတာကြောင့် အရသာကချိုပါတယ်နော်။ ကြံရည်ကိုမြန်မာတစ်နိုင်ငံတည်းမှာသောက်သုံးတာမဟုတ်ပါဘူး။ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယတို့မှာလည်း ကြံရည်သောက်ကြပါတယ်။ လတ်လတ်ဆတ်ဆတ်ကြံချောင်းကို သံနဲ့လုပ်ထားတဲ့ ကြိတ်စက်ထဲထည့်ကြိတ်ပြီး ရလာတဲ့ ကြံရည်ကိုရေခဲထည့်ပြီးသောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆား နဲ့ ပူစီနံရွက်တို့ထည့်ပြီးသောက်လို့ရပါတယ်နော်။ အရာသာရှိသလိုနွေပူပူမှာရင်အေးသွားစေတဲ့သောက်စရာတစ်မျိုးပေါ့။

ကြံရည်ထဲမှာပါတဲ့ အာဟာရဓါတ်တွေက

ကြံရည်ထဲမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ မဂ္ဂနိ၊ အမိုင်နိုအက်ဆစ်၊ဇင့်၊ သီရာမင်း နဲ့riboflavin တို့ပါဝင်ပါတယ်။ သကြားဓါတ်ပါဝင်သလို ခန္ဓါကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်ပါဝင်နေပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့flavonoids နဲ့polyphenolicဒြပ်ပေါင်းတွေပါဝင်နေပါတယ်။

ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ

ကိုယ်ခံအားကောင်းစေတယ်ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အစာအိမ်၊အသည်းနဲ့ အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အားပြည့်စေတယ် – အခြားသောသောက်စရာတွေနဲ့ မတူဘဲ သကြားစစ်စစ်ကနေရတဲ့ အချိုရည်ဖြစ်တာကြောင့် ခန္ဓါကိုယ်ကို ထိခိုက်စေတာမရှိဘဲ အားပြည့်စေနိုင်ပါတယ်နော်။ ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးနိုင်ပါသေးတယ်။

အသားအရေကောင်းစေတယ် – ကြံရည်မှာပါတဲ့glycolic အက်ဆစ် နဲ့alpha hydroxy အက်ဆစ်တို့ပါဝင်နေတာကြောင့် အရေပြားနာကျင်ရောင်ရမ်းတာ၊ပိုးဝင်ကူးစက်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေဖြစ်တာ၊ အသားအရောင်မညီတာ၊ အမာရွတ်တွေဖြစ်တာ၊ အသားပေါ်မှာ အမဲစက်တွေဖြစ်တာကို သက်သာစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင် ဝမ်းချုပ်ခြင်း – ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်တာကဖြစ်လေ့ဖြစ်ထရှိတာပါ။ ဒီပြဿနာကို သဘာဝအတိုင်းဖြေရှင်းဖို့ဆိုရင်တော့ ကြံရည်သောက်ပေးလို့ရပါတယ်နော်။

ခံတွင်းနံ့ဆိုးကင်းစေတယ် – ကြံရည်မှာပါတဲ့ သတ္တုဓါတ်တွေက သွားကြွေလွှာကို ကာကွယ်ပေးပြီး သွားပိုးစားတာ၊တွေမဖြစ်အောင်ကာကွယ်ပေးပြီး သွားတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်းကို ကျန်းမာစေပြီး ခံတွင်းနံ့ဆိုးကင်းစေနိုင်ပါတယ်။

အရိုးတွေကိုသန်မာစေနိုင်တယ် – ကြံရည်မှာ ကယ်လ်ဆီယမ်၊ သံဓါတ်ပိုတက်ဆီယမ် နဲ့ မဂ္ဂနိစ်တို့ပါဝင်တာကြောင့် အရိုးတွေကိုသန်မာစေနိုင်ပါတယ်။ ကြံရည်က အရိုးပွတာကိုပါကာကွယ်ပေးနိုင်ပါတယ်။

အစာကြေစေနိုင်တယ် -အမျှင်ဓါတ်ပါဝင်မှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။လေပွတာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဝမ်းမှန်စေဖို့သောက်ပေးလို့ရပါတယ်။

သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်-သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး နှလုံးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုပြေလျော့စေနိုင်တယ် – ကြံရည်မှာtryptophan နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီးကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးပါတယ်။ ညဘက်အိပ်မပျော်သူများရှိရင် ကြံရည်သောက်ပါ။ တစ်နေ့တာရဲ့ စိတ်ဖိစီးမှုကိုပြေလျော့စေဖို့ဆိုရင် ကြံရည်အေးအေးလေးကို သံပရာရည်ညှစ်ပြီးသောက်ပေးပါနော်။

သွေးပေါင်ကျစေနိုင်တယ် -သွေးကြောတွေတောင့်တင်းနေတာကိုပြေလျော့စေနိုင်တဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာပါယင်နေတာကြောင့်သွေးတိုးကျစေနိုင်ပါတယ်။သွေးတိုးကျစေတာကြောင့် ရုတ်တရက်နျလု့းရပ်တာနပြလေဖြတ်တာတွေမဖြစ်အောင်ပါကာကွယ်ပေးနိုင်ပါတယ်။

နွေရာသီရဲ့ trademark ကြံရည်ချိုချိုလေးသောက်ပြီး အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရယူလိုက်ပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစားအသောက် တွေကို အလွန်အကျွံစားမယ်ဆိုရင်

အစားအသောက် အလွန်အကျွံစား စိတ်ဖိစီးမှု စိတ်ညစ်တိုင်းစား buffet ဘူဖေး ရင်ပြည့်ရင်ကယ် ပျို့အန် ကယ်လိုရီတက် အဆီစု ဆာလောင် ဗိုက်ပြည့် စားချင်စိတ် အဝလွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

အမျိုးသား နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး ကျန်းမာရေး ချွေးထွက် ကိုယ်နံ့ ဘက်တီးရီးယား ချွေးပေါက် အရေပြားရောဂါ မှိုပိုး ရေချိုး အဝတ်အစား အတွင်းခံ အမွေးအမျှင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

စိုးရိမ်ပူပန် ညအိပ်မပျော် စိတ်ကျန်းမာရေး အိပ်ချိန် အိပ်ရေးမဝ အားမရှိ ကိုယ်ခံအား စိတ်ဖိစီးမှု အိပ်မက်ဆိုး တရားထိုင် ယောဂ စာဖတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်။

ပန်းသီး ပန်းသီးအခွံ သစ်သီး အခွံမနွှာဘဲစား အမျှင်ဓာတ် apple ဗီတာမင် C အစာမကြေတာသက်သာ ကိုလက်စထရောကျ Antioxidantကြွယ်ဝ သွေးပေါင်ချိန်ကျ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလမှာ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်ရအောင်

ကိုဗစ်ကာလမှာ အန္တရာယ်ကင်းကင်း လမ်းလျှောက်ထွက်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020

ပိန်ပြီးညှက်လွန်းနေတဲ့ ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020