backup og meta

ပူပြင်းလှတဲ့ နွေမှာ ကျန်းမာအောင် စားသောက်ကြမယ်

တစ်နေ့တစ်နေ့တိုးလာတဲ့အရာတစ်ခုကို သိသိသာသာ ခံစားနေကြရတယ်ဟုတ်။ ဒါကတော့ အပူချိန်ပါ။ အပူချိန် တိုးလာတာနဲ့အမျှ အစားအသောက်တွေကို ပိုဆင်ခြင်ဖို့လိုပါမယ်။ ဒါမှ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ မတက်မှာလေ။ ဒီတော့ ပူပြင်းလှတဲ့ နွေမှာ ကိုယ်တိုင်ရော မိသာစုဝင်တွေပါ ကျန်းမာနေစေဖို့ ဘာတွေစားကြမလဲ……….

ပူပြင်းလှတဲ့ နွေမှာ ကျန်းမာအောင် စားသောက်ကြမယ်

ပူပြင်းတဲ့နွေ နဲ့ ကျန်းမာရေး

နွေရာသီရဲ့ အပူချိန်ကြောင့် ခန္ဓာကိုယ်မှာ အခုလိုတွေ ခံစားရနိုင်ပါတယ်။

ပူပြင်းလှတဲ့ နွေမှာ ကျန်းမာအောင် စားသောက်ကြမယ်

ပူပြင်းလှတဲ့ နွေမှာ ကျန်းမာနေစေဖို့အတွက်

အရည်များများ သောက်ပါ

နွေမှာ အဖြစ်အများဆုံးက ရေဓာတ်ဆုံးရှုံးမှုပါ။ လှုပ်လှုပ်ရှားရှား လုပ်ရသူတွေ၊ အာကစားသမားတွေ၊ ကာယလုပ်သားတွေအနေနဲ့ ရေဓာတ်ဆုံးရှုံးမှု မဖြစ်စေဖို့ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ အနည်းဆုံး သောက်ဖို့လိုအပ်ပါမယ်။

ဖြစ်နိုင်ရင် ရေကိုပဲသောက်ပါ။ အချိုရည်တွေ၊ ကဖင်းပါတဲ့ သောက်စရာတွေကို သောက်လို့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို မဖြည့်ပေးနိုင်ပါဘူး။

အရည်ရွှမ်းတဲ့ အသီးတွေကို စားပါ

နွေပူပူမှာ အသင့်တော်ဆုံး စားစရာတွေက ဖရဲသီး၊ ပန်းသီး၊ နာနတ်သီး၊ စပျစ်သီး၊ မာလကာသီး၊ လိမ္မော်သီး တို့လိုမျိုး အရည်ရွှမ်းတဲ့ အသီးတွေပါ။ နေ့လယ်နေ့ခင်း အဆာပြေဖြစ်ဖြစ် ရေငတ်ပြေဖြစ်ဖြစ် သစ်သီးတွေ စားပေးလို့ရပါတယ်။

လတ်ဆတ်တဲ့ အာဟာရတွေ စားသုံးပါ

အစားအသောက်တွေ စားတဲ့အခါ လတ်ဆတ်သန့်ရှင်းမှုကို အဓိက ဂရုစိုက်သင့်ပါတယ်။ အကြောင်းကတော့ လတ်ဆတ်မှုမရှိ၊ သန့်ရှင်းမှုအားနည်းတဲ့ အစားအစာ​တွေက ရောဂါပိုးတွေ ပေါက်ဖွားနေနိုင်တာကြောင့်ပါ။

သစ်သီးဖျော်ရည်

နွေပူပူမှာ ရင်အေးစေပြီး အပူသက်သာစေမယ့် အကောင်းဆုံး သောက်စရာက ရေခဲစိမ်ထားတဲ့ အချိုရည်တွေ၊ ရေခဲမုန့်တွေ၊ ရေခဲချောင်းတွေ၊ ရေခဲထုပ်တေါ မဟုတ်ပါဘူး။ မန်ကျည်းဖျော်ရည်၊ ဥသျှစ်သီးဖျော်ရည်တို့လိုမျိုး သဘာဝ အသီးစစ်စစ်ကို ဖျော်ထားတဲ့ ဖျော်ရည်လေးတွေပါ။ ကြံရည်၊ အုန်းစိမ်းရည်တို့ကိုလည်း သောက်သုံးပေးလို့ ရပါတယ်။

ဒိန်ချဉ်

နွေပူပူမှာ ရောဂါကင်းပြီး ကျန်းမာစေဖို့ လတ်ဆတ်တဲ့ ဒိန်ချဉ်ကို သောက်ပေးလို့ရပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းပျက်ဝမ်းလျှောတာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။

အခွံမာသီးတွေ

နွေ နေ့လယ်ခင်းတွေမှာ ခန္ဓာကိုယ်ကျန်းမာစေဖို့ရော နွေအပူဒဏ်ကြောင့် ကျန်းမာရေး ပြဿနာတွေ ကင်းစေဖို့ပါ အခွံမာသီးတွေကို စားပေးလို့ရပါတယ်။မြေပဲ၊ အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့တွေ စားပေးလို့ရပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

နွေပူတဲ့အချိန်မှာ အဆီတွေ၊ အပူအစပ်တွေ မစားချင်ဘူးဆိုရင် ထမင်းစားခါနီးမှာ အရွက်လေးတွေကို ပူပူနွေးနွေးကြော်ပြီး စားပေးလို့ရပါတယ်။ ထမင်းစားရတာ အဆင်ပြေသလို ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။

လက်ဖက်စိမ်း ရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းက ရေဓာတ်ပြည့်ဝစေသလို သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ နွေရာသီမှာ ရောဂါအခံရှိသူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။

ဘယ်ရီသီးတွေ

ဖလေဗာနွိုက်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ရောဂါတွေကို တိုက်ထုတ်ပေးနိုင်သလို နွေပူပူမှာ ခံတွင်းတွေ့စေမယ့် အစားအစာတစ်ခုပါ။ ဒိန်ချဉ်ထဲကို ဘယ်ရီသီးလေးထည့်ပြီး စားပေးတာက ကျန်းမာစေဖို့ပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Top 16 Foods to Eat in the Summer https://www.womansday.com/health-fitness/nutrition/advice/g866/top-summer-foods/ Accessed Date 18 March 2020

7 common summer ailments https://www.health24.com/Lifestyle/Healthy-you/7-common-summer-ailments-20170126 Accessed Date 18 March 2020

ယခုပုံစံ

14/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နွေပူပူရဲ့ trademark ကြံရည် ချိုချိုလေး

နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ