backup og meta

ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား

ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား
ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား ! အနံ့ဆိုး တစ်ခု ရလိုက်တာနဲ့ ငါ့ခြေထောက်က ထွက်နေတာများလား ဆိုပြီး စိတ်ပူနေမိပြီလား။ ခြေထောက်အနံ့ ဆိုးထွက်တာက တော်တော်လေးကို ကသိကအောက် ဖြစ်နေစေပြီလား။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမှန်းမသိလို့ ဆက်ပြီး လက်ခံထားနေရတာ ဆိုရင်တော့ အခုပဲ လက်ပြနှုတ်ဆက် လိုက်ပါတော့။

ခြေထောက်အနံ့ ဆိုးထွက်ခြင်း

ခြေထောက်အနံ့ ဆိုးထွက်တာကို ဆေးပညာအရ (Bromodosis) လို့ခေါ်ပါတယ်။ ခြေထောက်အနံ့ ဆိုးထွက်ရတဲ့ အဓိက အကြောင်းအရင်းက ခြေထောက်မှာ ချွေးတွေ  အရမ်း ထွက်တာကြောင့်ပါ။ ခြေထောက် ချွေးထွက်များတာရဲ့ ရလဒ်က ခြေထောက်အရေပြားမှာ ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်တာ၊ မှိုပိုးတွေပေါက်ဖွားရှင်သန်တာကို ဖြစ်စေပြီး ခြေထောက်အနံ့ဆိုး ဖြစ်စေတာပါ။

ခန္ဓာကိုယ်ပေါ်မှာ ချွေးဂလင်းပေါင်း ၄ သန်းကနေ ၅သန်း အထိ ရှိနေပြီး ခြေထောက်မှာတော့ ချွေးဂလင်း၂၅၀၀၀၀ ရှိနေပါတယ်။ တစ်နေ့တာမှာ ခန္ဓာကိုယ်က ထွက်တဲ့ ချွေးပမာဏရဲ့ ထက်ဝက်နီးပါးက ခြေထောက်ကနေ ထွက်တာပါ။ ခြေထောက်က ချွေးထွက် များလေလေ ဘက်တီးရီးယားတွေ ပျော်လေလေ၊ အနံ့ဆိုး ဖြစ်နိုင်ခြေ များလေလေပါ။

ဒါတွေကြောင့် ခြေထောက်ချွေးထွက်ရတာပါ

ခြေထောက်ကို ချွေးထွက်စေရတဲ့ အကြောင်းအရင်းတွေက

ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား

ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား ဒါဆိုရင်တော့ သိစေချင်တာက စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ခြေထောက်အနံ့ ဆိုးဖြစ်တာကို ကာကွယ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

နေ့စဉ်ခြေထောက်ကို သန့်စင်ဆေးကြောပါ

ခြေထောက်ကို နေ့စဉ် ဆပ်ပြာနဲ့ သန့်စင်ဆေးကြောပေးပါ။ ဒီလိုလုပ်ပေးတာက ခြေထောက်ညစ်ပေတာ၊ ခြေထောက်ချွေးထွက်တာတွေကြောင့်ဖြစ်တဲ့ အနံ့ဖြစ်ပေါ်တာကို သက်သာစေနိုင်ပါတယ်။

ခြေထောက်ကို ခြောက်သွေ့အောင်ထားပါ

ခြေထောက်ကို ဆေးကြောသန့်စင်ပြီးချိန်တိုင်း၊ ဖိနပ်စီးခါနီးတိုင်းမှာ ခြောက်သွေ့အောင်လုပ်ဖို့ မမေ့ပါနဲ့။ ခြေထောက်ကို ခြောက်သွေ့အောင်ထားတာက အနံ့ဆိုးကို ကာကွယ်တာပါပဲ။

ခြေထောက်ကို ပေါင်ဒါလိမ်းပေးပါ

ခြေထောက်ကို ဆေးကြောသန့်စင်ပြီးတဲ့အခါတိုင်းမှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဆေးပေါင်ဒါတွေကို သုံးပေးဖို့ပါ။ ခြေထောက်ကိုခြောက်သွေ့နေစေပြီး ချွေးထွက်တာကို ထိန်းညှိပေးနိုင်တဲ့အပြင် ခြေထောက်အနံ့ဆိုးကို ကာကွယ်ပေးနိုင်မှာပါ။

အရက်ပြန်ဂွမ်းသုံးပါ

ခြေထောက်ကို အရက်ပြန်ဂွမ်းနဲ့ သန့်စင်တာကချွေးပေါက်တွေကို ယာယီပိတ်စေနိုင်သလို ချွေးထွက်တာကိုခေတ္တလောက်တော့ တားဆီးပေးနိုင်မှာပါ။ ဖိနပ်မစီးခင်မှာ ခြေထောက်ကို အရက်ပြန်ဂွမ်းစလေးနဲ့ ပွတ်တိုက်သန့်စင်ပေးပါ။ အသားခြောက်နိုင်တာကိုတော့ သတိထားပေးပါ။

ခြေထောက်ကို ဆားရည်စိမ်ပေးပါ

ခြေထောက်ကို ရေနွေးနွေးလေးနဲ့ ဆားရောစပ်ထားတဲ့ရေထဲမှာ ၁၀မိနစ် ကနေ ၁၅ မိနစ်လောက်အထိစိမ်ပေးတာကလည်း ခြေထောက်အနံ့ဆိုးကို သက်သာစေနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

ဖိနပ်မှာ မုန့်ဖုတ်ဆော်ဒါဖြူးပေးတာ ဒါမှမဟုတ် မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ခြေထောက်မြုပ်ရုံ ရေပမာဏလောက်နဲ့ရောစပ်ပြီး တစ်နေ့ကို တစ်ကြိမ်ခြေထောက်ကို ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်အထိစိမ်ပေးပါ။ ဒီလိုလုပ်ပေးတာကလည်း ခြေထောက်အနံ့ဆိုးကို သက်သာစေမှာပါ။

အုန်းဆီ

ခြေထောက်ကို အုန်းဆီလူးပေးတာကလည်း ခြေထောက်အနံ့ဆိုးတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီစစ်စစ်လေးကို လက်ဖဝါးထဲထည့်လို့ ခြေထောက်ကို လူးပြီး နှိပ်နယ်ပေးလိုက်ပါ။ ညမအိပ်ခင် လိမ်းပေးပြီး မနက်ခင်းမှာသေချာပြောင်စင်နေအောင်ဆေးကြောသန့်စင်လိုက်ပါ။

ခြေထောက်အနံ့ဆိုးတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့။ အခုပြောခဲ့တဲ့ နည်းလေးတွေသုံးလို့ ခြေထောက်အနံ့ဆိုးဖြစ်မှုကို ဟန့်တားလိုက်ပါ……………..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Stop Sweaty, Smelly Feet : Tips, Tricks and Remedieshttps://www.sweatblock.com/blog/stop-sweaty-feet/ Accessed Date 3 May 2019

How To Get Rid Of Smelly Feethttps://www.stylecraze.com/articles/how-to-get-rid-of-foot-odor/#gref Accessed Date 3 May 2019

How to Get Rid of Smelly Feet (Bromodosis)https://www.healthline.com/health/how-to-get-rid-of-smelly-feetAccessed Date 3 May 2019

ယခုပုံစံ

28/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆောင်းရာသီမှာ ခြေထောက်လေးတွေကို ဒီလိုဂရုစိုက်

မြင်သူတိုင်းငေးတဲ့ ခြေထောက်လှလှလေးဖြစ်ဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement