brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လည်ချောင်းထဲ ငါးရိုးစူးတာ အမြန်သက်သာအောင် ဘယ်လိုလုပ်ရမလဲ

ငါးဟင်းစားဖို့ကို လက်တွန့်သွားစေတဲ့အကြောင်းရင်းက အရိုးစူးမှာ ကြောက်ကြတာပါပဲ။ အရိုးလုံးဝမပါအောင် အရိုးနွှင်ဖို့ကလည်း လွယ်တာမှ မဟုတ်တာလေ။ အရိုးများတဲ့ ငါးတွေဆို ပိုဆိုးပြီပေါ့။

လည်ချောင်းထဲ ငါးရိုးစူးတာ အမြန်သက်သာအောင် ဘယ်လိုလုပ်ရမလဲ

စားရင်းသောက်ရင်း အရိုးစူးတဲ့အခါ အသေးလေးတွေဆို ထမင်းမျိုချရုံ၊ ငှက်ပျောသီးစားရုံနဲ့ သက်သာနိုင်ပေမယ့် အရိုးကြီးတာ၊ လည်ချောင်းမှာပိတ်ဆို့တာ၊ အနာဖြစ်စေတာတွေက အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။

ငါးရိုးစူးတာ ပြင်းထန်ရင်

တစ်ခါတလေ ထမင်းစားနေရင်း အရိုးစူးပြီဆိုတာကို ရုတ်တရက်မပြောနိုင်ဘဲ အသက်မရှူနိုင်၊ လည်ချောင်းမရှင်းနိုင်ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘေးကနေ သတိထားမိပြီး အရေးပေါ်ကူညီပေးနိုင်ဖို့ အရေးကြီးပါတယ်။ အရိုးစူးနေသူဟာ –

  • ချောင်းဆိုးမယ်၊
  • မျိုချလို့မရ အရမ်းနာကျင်နေမယ်၊
  • လည်ချောင်းထဲမှာ ပိတ်ဆို့နေမယ်၊
  • တံတွေးမှာ သွေးစလေးတွေပါမယ်၊
  • စကားလှမ်းမပြောနိုင်ဘဲ အမူအရာနဲ့ပြမယ်။

နောက်ဆက်တွဲပြဿနာ

အရိုးစူးတာက သက်သာသင့်တဲ့အချိန်မှာ မသက်သာတဲ့အခါ၊ ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှု မရှိတဲ့အခါ၊ ဘယ်လိုလုပ်လုပ် အရိုးကမကျသွားတဲ့အခါ၊ ဂရုမစိုက်ဘဲ ပေတေကြိတ်ခံနေတာကြာတဲ့အခါ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။

ငါးရိုးအများစုက ချွန်ထက်တာမို့ ငါးရိုးစူးတာ နဲ့ လည်ချောင်းထဲမှာ ကွဲရှတာ၊ ပွန်းပဲ့တာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အရိုးက အစာလမ်းကြောင်းထဲကျသွားပြီးရင်တောင်မှ အရိုးဆူးနေဆဲလိုလို လည်ချောင်းထဲနာနေရတာ ဖြစ်တတ်ပါတယ်။

ငါးရိုးဆူးရာကနေ ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ –

ဘယ်လို သက်သာအောင် လုပ်မလဲ

တော်တန်ရုံ အရိုးစူးတာတွေကို အိမ်မှာပဲ သက်သာအောင် ကုသပေးနိုင်ပါတယ်။ အဆင်မပြေရင်၊ ငါးရိုးစူးတာ အခြေအနေပြင်းထန်ရင်တော့ ဆေးရုံ၊ဆေးခန်းကိုသာ အမြန်ဆုံးပြေးသင့်ပါတယ်။

အရိုးစူးရင် ဒီလိုလုပ်ကြည့်ပါ –

  • ချောင်းခပ်ပြင်းပြင်းဆိုးပြီး ဟပ်ထုတ်ပါ။
  • သံပရာရည် သောက်ပါ။
  • ဆိုဒါသောက်ပါ။
  • သံလွင်ဆီ ဇွန်းအသေးတစ်ဇွန်း သောက်ပါ။
  • ငှက်ပျောသီး တစ်ကိုက်ကြီးကြီး ကိုက်ပြီး မျိုချပါ။
  • ပေါင်မုန့်ကို ရေထဲနှစ်ပြီး ခပ်ကြီးကြီး တစ်ကိုက်ကိုက်၊ မျိုချပါ။
  • Marshmallow တစ်ခုကို နည်းနည်းဝါးပြီး တစ်ခါတည်းမျိုချပါ။

အရိုးကြောက်တာနဲ့ပဲ ငါးမစားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ငါးစားတိုင်း အရိုးမစူးသလို လူတိုင်းလည်းမစူးပါဘူးနော်။ ငါးကနေရရှိနိုင်မယ့် အာဟာရဓာတ်တွေက တခြားအသားအရင်းအမြစ်တွေထက် ပိုဘေးကင်းတာမို့ အရိုးကိုသာ သေချာနွှင်ပြီး ငါးစားပါလို့။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။