backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Abscess (ပြည်တည်နာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Aung Myat Thu မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Abscess (ပြည်တည်နာ) ကဘာလဲ။

ပြည်တည်နာဆိုသည်မှာ ပန်းရောင်မှ အနီရောင်အတွင်းရှိ အရောင်ဖုံးအုပ်ထားသော နာကျင်သည့် အလုံးဖုတစ်မျိုးဖြစ်သည်။

ပြည်တည်နာများကို လွယ်ကူစွာ စမ်းသပ်သိရှိနိုင်သည်။ ပြည်တည်နာ၏ အလယ်သည် ပြည်နှင့် သွေးပုပ်များ ရောနှောစုဝေးနေသည်။ ပြည်တည်နာသည် ခန္ဓါကိုယ်၏ မည်သည့်နေရာတွင် မဆို ဖြစ်ပွားတတ်သည်။ ထိမိလျှင် ပူပြီး နာတတ်သည်။ အဖြစ်များဆုံးနေရာမှာ ဂျိုင်း၊ စအိုတဝိုက်၊ မိန်းမကိုယ်၊ တင်ပါးအထက်ပိုင်း ခါးဆစ်ရိုးနေရာ၊ သွားဖုံး နှင့် ပေါင်ခြံနေရာ တို့ဖြစ်သည်။

Abscess (ပြည်တည်နာ) က ဘယ်လောက်အဖြစ်များသလဲ

အထက်ပါ ရောဂါလက္ခဏာဝေဒနာများ ခံစားနေရလျှင် (သို့) ထိုလက္ခဏာများနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လက္ခဏာများ

Abscess (ပြည်တည်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

များသောအားဖြင့် ပြည်တည်နာများသည် နီပြီး ပူနေတတ်သော နာကျင်သည့် အလုံးအဖုများ ဖြစ်သည်။

ပို၍ဆိုးလာလျှင် အရေပြားပေါ်သို့ ကြွတတ်လာပြီး အတွင်းရှိ ပြည်နှင့် သွေးပုပ်များကို မြင်ရတတ်သည်။ ထို့နောက် သူ့အလိုလို ပေါက်ထွက်သွားတတ်သည်။

ဂရုမစိုက်ပဲထားလျှင် အများစုသည် ပို၍ဆိုးသွားတတ်သည်။ ရေဂါပိုးသည် အရေပြားအောက်ရှိ တသျှူးသို့ ပျံ့နှံ့သွားရုံမက သွေးကြောအတွင်းသို့ပါ ရောက်ရှိသွားနိုင်သည်။

အကယ်၍ ရောဂါပိုးသည် အတွင်းတသျှူးများဆီသို့ ရောက်ရှိသွားလျှင် ကိုယ်ပူချိန်တက်ကာ ဖျားပြီး နေမကောင်းဖြစ်လာသည်။

ခန္ဓါကိုယ်အတွင်းပိုင်းရှိ ပြည်တည်နာများကို စစ်ဆေးသိရှိရန် ခက်ခဲတတ်သည်။ သိသာစေသောလက္ခဏာများမှာ

-ဖြစ်သည့်နေရာတွင် နာခြင်း။

-ပူခြင်း။

-နေထိုင်မကောင်းခြင်း။

အထက်တွင် ဖေါ်ပြမထားသော ရောဂါလက္ခဏာများ ရှိနိုင်သည်။

အထက်ပါ ရောဂါလက္ခဏာဝေဒနာများ ခံစားနေရလျှင် (သို့) ထိုလက္ခဏာများနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ပြည်တည်နာဖြစ်နေလျှင် အထွေထွေရောဂါကု ဆရာဝန်ဆီသွားပါ။

ဆရာဝန်သည် ပြည်တည်နာကို စစ်ဆေးပြီး အတွင်းပိုင်းတွင် ဖြစ်နေသော ပြည်တည်နာဆိုရင် ဆေးရုံသို့သွားရန်တိုက်တွန်းပေမည်။

ဖြစ်သည့်နေရာပေါ် မူတည်၍ စမ်းသပ်သိရှိနိုင်သော စမ်းသပ်ချက်များ များစွာရှိသည်။

အကယ်၍ အောက်ပါအချက်များရှိနေပါက ဆရာဝန်ဆီသွားသင့်သည်။

-၁ စင်တီမီတာ (သို့) လက်မဝက် ရှိသော ပြည်တည်နာ။

-ပြည်တည်နာသည် ပို၍ကြီးလာပြီး ပို၍နာကျင်လာလျှင်။

-ပြည်တည်နာသည် စအိုနား (သို့) ပေါင်ခြံနား ဖြစ်နေလျှင်။

-ကိုယ်ပူချိန်သည် ၁၀၁.၅ ဒီဂရိ ဖာရင်ဟိုက် နှင့် အထက် ရှိနေလျှင်။

-ပြည်တည်နာမှ အနီရောင်စင်းကြောင်းများ ထွက်နေလျှင်။

အထက်ပါ ရောဂါလက္ခဏာဝေဒနာများ ခံစားနေရလျှင် (သို့) ထိုလက္ခဏာများနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လူ့ခန္ဒါကိုယ်သည် တစ်ဦးနှင့် တစ်ဦးမတူညီပါ။

သင်၏ ခံစားနေရသော အခြေအနေများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

အကြောင်းရင်းများ

Abscess (ပြည်တည်နာ) ကိုဘာတွေကဖြစ်စေသလဲ

ပြည်တည်နာသည် အဆီဂလင်း နှင့် ချွေးဂလင်း ပိတ်ဆို့ခြင်း၊ အရေပြားရှိအမွှေးအိပ် ရောင်ရမ်းခြင်း၊ အရေပြားထိခိုက်ဒဏ်ရာ များမှ ဖြစ်တတ်သည်။

ပိုးမွှားများသည် အရပြားအောက် (သို့) ထို ဂလင်းများအတွင်းသို့ ရောက်ရှိသွားလျှင် ခန္ဓါကိုယ်မှ ထိုပိုးများကို ကာကွယ်ရန် ကြိုးစားသော တံု့ပြန်မှုများ ဖြစ်ပေါ်လာသည်။

ပြည်တည်နာ၏အလယ်တွင် ဆဲလ်သေများ၊ ပိုးမွှားများနှင့် အခြားသွေးပုပ်များပါဝင်သော အရည်များရှိသည်။ ထိုဧရိယာသည် တဖြည်းဖြည်းကြီးထွားလာပြီး အရေပြားအောက်တွင် တင်းမာလာသည်။ ဖိအား နှင့် တင်းမာမှုသည် နာကျင်ခြင်းကို ဖြစ်စေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Abscess (ပြည်တည်နာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဖြစ်တတ်သည်။ အောက်ပါတို့သည် ပို၍ပြင်းထန်သော ပြည်တည်နာဖြစ်နိုင်ခေရှိသည်။ အဘယ့်ကြောင့်ဆိုသော် ခန္ဓါကိုယ်၏ ရောဂါပိုးကို တိုက်ထုတ်နိုင်စွမ်းလျော့နည်းသောကြောင့် ဖြစ်သည်။

-ရေရှည်စတီးရွိုက်ဆေးကုသမှု

-ဓါတုဆေးသွင်းကုသမှု။

-သွေးချို၊ ဆီးချို။

-ကင်ဆာ။

-အေအိုင်ဒီအက်စ်

-Sickle cell disease ဟုခေါ်သော သွေးရောဂါ။

-သွေးကင်ဆာ။

-Peripheral vascular disorder (သွေးကြောရောဂါတစ်မျိုး)။

-Crohn ရောဂါ။

-အူမကြီးတွင် ရောင်ရမ်းပြီး အနာဖြစ်သည့် ရောဂါ။

-ဆိုးရွားသော မီးလောင်ဒဏ်ရာ။

-ဆိုးရွားသော ထိခိုက်ဒဏ်ရာ။

-အရက်သမား (သို့) မူးယစ်ဆေးဝါးစွဲနေသူ။

ပြည်တည်နာကို ဖြစ်စေသည့် အခြားအချက်အလက်များတွင် ညစ်ပတ်သော ပတ်ဝန်းကျင်၊ အချို့သော အရေပြားရောဂါပိုးရှိသော သူများ၊ တကိုယ်ရည် သန့်ရှင်းမှု အားနည်းသူများ နှင့် သွေးလည်ပတ်မှု မကောင်းသူများ ပါဝင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Abscess (ပြည်တည်နာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ရောဂါရာဇဝင်ကို မေးမြန်းပေမည်။

-ပြည်တည်နာဖြစ်တာ ဘယ်လောက်ကြာပြီလဲ

-ထိုနေရာကို ထိခိုက်ဒဏ်ရာဖြစ်ခဲ့လဲ

-ဘာဆေးတွေ သောက်နေလဲ

-မတည့်သော allergy ရှိသလား

-အိမ်တွင် ဖျားနေလား

ဆရာဝန်သည် ပြည်တည်နာ နှင့် အနီးတဝိုက်ကို စမ်းသပ်မည်။ စအိုနားတွင် ဖြစ်လျှင် စအိုကို စမ်းသပ်မှု ပြုလုပ်မည်။ ခြေထောက် (သို့) လက်တွင် ဖြစ်လျှင် ပောင်ခြံ (သို့) ဂျိုင်းရှိ ပြန်ရည်ကြောဂလင်းကို စမ်းသပ်မည်။

Abscess (ပြည်တည်နာ) ကို ဘယ်လိုကုသပါသလဲ

အရေပြားရှိ သေးငယ်သော ပြည်တည်နာသည် ကုသမှုမလိုပဲ သူ့အလိုလို ပျောက်ကင်းသွားတတ်သည်။

-သို့သော် ကြီးမားသော ပြည်တည်နာများသည် ကုသမှုလိုအပ်သည်။

-ပြည်တည်နာ နှင့် အနီးတဝိုက်အရေပြားကို ထုံဆေးဖြင့် ထုံအောင် ပြုလုပ်မည်။

-လုံး၀ ထုံအောင်ပြုလုပ်၍ မရနိုင်သော်လည်း ထုံဆေးသည် ကုသမှုပြုလုပ်နေစဉ် တလျှောက်လုံး နာကျင်ခြင်း ကင်းအောင် ပြုလုပ်ပေးမည်။

-အကယ်၍ ပြည်တည်နာသည် အလွန်ကြီးမားလျှင် ငြိမ်ပြီး အိပ်နေစေသော ဆေးပေးတတ်သည်။

-ကုသမှုပြုလုပ်မည့် ပြည်တည်နာနေရာတဝိုက်ကို ပိုးသတ်ဆေးရည် သုတ်ထားပြီး ပိုးသတ်ထားသော အဝတ်အုပ်ထားမည်။

-ဆရာဝန်သည် ပြည်တည်နာကို ခွဲပြီး အတွင်းရှိ ပြည်၊ သွေးနှင့် သွေးပုပ်များကို ကုန်စင်အောင် ထုတ်ပစ်မည်။

-ကျန်ရစ်ခဲ့သော ပြည်တည်နာ အခေါင်းပေါက်အတွင်းသို့ ပတ်တီးထဲ့ကာ သွေးထွက်ခြင်းကို နည်းအောင် ပြုလုပ်ထားမည်။

ထိုအတိုင်း ၁ ရက် (သို့) ၂ ရက်ထားထားမည်။

-ပတ်တီးစတစ်ခုကို ထိုအပေါ်သို့ အုပ်ထားပြီး အိမ်တွင် ပြုလုပ်ရမည့် ဂရုစိုက်မှုများကို ညွှန်ကြားမည်။

-ပြည်တည်နာအတွင်းရှိ ပြည်များ နှင့် သွေးပုပ်များကို စွန့်ထုတ်ပြီးသည်နှင့် တော်တော်များများသည် သက်သာသွားတတ်သည်။

-အကယ်၍ နာကျင်နေသေးလျှင် အိမ်တွင် အနာသက်သာစေရန် အနာသက်သာဆေး ၁ ရက် (သို့) ၂ ရက်စာပေးထားမည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးနည်းများ

ပြည်တည်နာအတွက် နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးနည်းတွေက ဘာလဲ?

အောက်ပါတို့သည် ပြည်တည်နာအတွက် နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးနည်းတွေဖြစ်သည် ။

-အရေပြားကို ဆပ်ပြာနှင့် ဆေးကြောပြီး တကိုယ်ရည် သန့်ရှင်းရေးကို ထိန်းသိမ်းခြင်း။

-ဂျိုင်း နှင့် ပေါင်ခြံ ရှိအမွှေးအမြင်များကို ညှပ်ခြင်း၊ ရိပ်ခြင်း ပြုလုပ်စဉ် ကိုယ့်ကိုယ်ကို မထိခိုက်စေရန် ကာကွယ်ခြင်း။

-အကယ်၍ ထိခိုက်မိသော ဒဏ်ရာတွင် အညစ်အကြေး ကျန်ရှိနေလျှင် သေချာဂရုစိုက်ခြင်း။

-စတီးရွိုက် (သို့) ဓါတုဆေးသွင်းကုသခြင်းကဲ့သို့သော ကျန်းမာရေးကုသမှုမျိုး ခံယူနေလျှင် ပိုမိုဂရုစိုက်ခြင်း။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Aung Myat Thu မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement