လက်သည်းအရှည်ထားတာ ကြိုက်သူတိုင်း ဖတ်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 25, 2020
Share now

ဒီဆောင်းပါးမှာ အလှကြိုက်ပြီး လက်သည်းကို မညှပ်ဘဲ အရှည်ထားတတ်တဲ့ သူတွေအတွက် သိထားသင့်တဲ့ ကျန်းမာရေးဗဟုသတတွေကို ပြောပြပေးချင်ပါတယ်။ ဒီဘက်ခေတ်မှာ လူငယ် အများစု လက်သည်းအရှည် ထားလာတတ်ကြပါတယ်။ အဓိက မိန်းကလေးတွေအပြင် တချို့ ယောက်ျားလေးတွေလည်း တချို့ လက်ချောင်းတွေမှာ လက်သည်းမညှပ်ဘဲ အလှအပအနေနဲ့ သို့မဟုတ် ခေတ်စတိုင် အနေနဲ့ အရှည်ထားလာကြပါတယ်။ တချို့ကျတော့ လက်သည်း ညှပ်ရမှာ ပျင်းလို့ကို တမင် မညှပ်ကြတာမျိုးတွေလည်း ရှိတာပေါ့။ လက်သည်း အရှည်တွေဆိုတာ ကြည့်ရတာလည်း အရမ်း ရုပ်ဆိုးသလို တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက်ရော ကျန်းမာရေးအတွက်ပါ ဘာကောင်းကျိုးမှ မရှိနိုင်ပါဘူး။

လက်သည်း အရှည်ထားခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ

၁။ လက်သည်းဟာ လက်ချောင်းထက် ပိုရှည်ပြီး အရှေ့ကို ထွက်နေတဲ့အတွက် ကျိုးပဲ့ထိခိုက်မိဖို့ အရမ်းလွယ်ပါတယ်။ လက်သည်း ကျိုးတယ်ဆိုတာ အနာကသာ သေးသေးလေး၊ တကယ် ဖြစ်လာပြီဆိုရင် ခံစားရတဲ့ ဝေဒနာက လုံးဝ မသက်သာပါဘူးနော်။

၂။ လက်သည်းက ရှည်လွန်းနေတဲ့အခါ အပြင်က အညစ်အကြေးတွေဟာ အထဲမှာသွားပြီး ကပ်ငြိနေနိုင်ပါတယ်။ အထူးသဖြင့် အိမ်သာတက်ပြီး အလေးစွန့်ပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ရင် လက်သည်းထဲမှာ မစင် အညစ်အကြေးတွေ ကပ်ကျန်နေနိုင်ပါတယ်။

၃။ လူတော်တော်များများသည် လက်သည်းညှပ်ရမှာလည်း ပျင်းသလို အစာမစားခင် လက်ဆေးရမှာလည်း ပျင်းတတ်ကြပါတယ်။ အဲ့တော့ နည်းနည်းပဲ စားတာပဲလေဆိုပြီး လက်မဆေးဘဲ အစာကို ကိုင်ပြီး စားလိုက်တဲ့အခါ လက်သည်းကြားမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေ၊ ရောဂါပိုးမွှား မှန်သမျှ ဗိုက်ထဲကို ရောက်သွားပြီး အစာအဆိပ်သင့်တာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊ ဗိုက်အောင့် ဗိုက်နာတာ၊ သန်ထတာမျိုး ဖြစ်စေနိုင်ပါတယ်။

၄။ ရှည်လွန်းတဲ့ လက်သည်းတွေဟာ အချွန်အထက် လက်နက်တစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်အောင် လုပ်မိနိုင်သလို တခြားသူကိုလည်း ဒဏ်ရာ အနာတရ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခန္ဓာမှာ ဖြစ်နေတဲ့ အနာဆိုရင် ကုတ်မိလိုက်တဲ့အခါ လက်သည်းရှည်ကြောင့် ပြန်ပွန်းပဲ့ သွေးထွက်ပြီး အနာကျက်ဖို့ ခဲယဉ်းသွားတတ်သလို လက်သည်းကြားထဲက ရောဂါပိုးဟာလည်း အနာထဲ ဝင်သွားပြီး ပြည်တည်ကာ ပိုဆိုးသွားစေနိုင်ပါတယ်။

၅။ လက်သည်းထဲမှာ ရောဂါပိုးပေါင်းစုံ အောင်းနေနိုင်ပါတယ်။ ရောဂါပိုးဆိုတာ မျက်လုံးနဲ့ ကြည့်လို့ လုံးဝ မမြင်ရနိုင်ပါဘူး။ လက်ဆိုတာကလည်း အရာဝတ္ထု ပေါင်းစုံ၊ လူပေါင်းစုံနဲ့ ထိတွေ့ ကိုင်တွယ်နေရတာ ဖြစ်တဲ့အတွက် ရောဂါပိုးကတော့ အမြဲလိုလို ကပ်နေနိုင်ပါတယ်။

၆။ အရေပြား မှိုစွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ လက်သည်းထဲမှာ ရောဂါပိုးတွေအပြင် မှိုရောဂါပိုးတွေပါ အောင်းနေပြီး ပွားလာတဲ့အခါ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူအပြင် တခြား အရေပြားမှိုစွဲတဲ့ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

၇။ လက်သည်း ကိုက်တတ်သူတွေဆိုရင်လည်း လက်သည်း ကြားထဲက ရောဂါပိုးတွေကို ဗိုက်ထဲ အလိုလို ရောက်အောင် တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။

၈။ လက်သည်း အရှည်ထားခြင်းဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတဲ့ လူတွေမှာသာ တွေ့ရတတ်တဲ့ လက္ခဏာဖြစ်တာကြောင့် အရမ်း ကြည့်ရဆိုးစေသလို တခြားသူတွေရဲ့ အထင်သေးကဲ့ရဲ့ခြင်းကိုလည်း ခံရနိုင်ပါတယ်။

ဒါကြောင့် လက်သည်းနဲ့ ပတ်သက်လာရင် အရမ်း အလှအပ မက်နေတာ၊ အပျင်းကြီးနေတာမျိုး မလုပ်ဘဲ ပုံမှန်လေး ညှပ်ပေးဖို့တော့ လိုမယ်နော်။ လက်သည်းလေးက ရှည်နေလေလေ အထဲမှာ ရောဂါပိုးတွေ အများကြီး အောင်းနေနိုင်ပြီး ကိုယ့်ကျန်းမာရေးကို ပြန် ဒုက္ခပေးလာနိုင်တယ်ဆိုတာကို လုံးဝ မမေ့ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်ကလေးရဲ့ အစာခြေစနစ်က ဘယ်လောက်ထိ အရေးကြီးလဲ။

အစာခြေစနစ် ကလေး အကျိုးပြုဘက်တီးရီးယား probiotics prebiotics အကျိုးပြုဘက်တီးရီးယားအစာ လေနာ ဝမ်းလျှော ဝမ်းချုပ် ခုခံအား ကြီးထွားဖွံ့ဖြိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

မေးစေ့ အောက်က အဆီ ဘယ်လို ကျအောင် လုပ်ရမလဲ

မေးစေ့ အဆီ မေးနှစ်ထပ် မျက်နှာ အလှအပ အဆီချခြင်း ဝလာခြင်း မျက်နှာအသားအရေ အဆီများခြင်း မေးအဆီတက်ခြင်း လေ့ကျင့်ခန်း သဘာဝနည်းလမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အိမ်မှာနေရင်း COVID-19ကို တိုက်ခိုက်ရအောင်။

COVID-19 ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ရောဂါပိုး lockdown ခုခံအား တရားထိုင် လက်ဆေးပါ လေ့ကျင့်ခန်း လမ်းလျှောက် လှုပ်ရှားမှု ကိုရိုနာဗိုင်းရပ်စ် mask

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ခုခံအား ဗီတာမင်အေး အရေပြား အသက်ရှူလမ်းကြောင်း အစာခြေစနစ် ဗီတာမင်အီး ဗီတာမင်စီ မဂ္ဂနီဆီယမ်Probiotics Prebiotics ဇင့် ဝမ်းလျှော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ပဲသီးလေး နဲ့ ကျန်းမာရေး

ပဲသီးလေး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020