backup og meta

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ

မိုးရာသီကို ကျော်လွန်လို့ ဆောင်းရာသီထဲကို စတင်ချဉ်းနင်းလာနေပါပြီ။ ဒီလို ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ ။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။

ဘာလို့ စက်ဘီးစီးဖို့ တိုက်တွန်းတာလဲဆိုရင် မြန်မာအတော်များများဟာ စက်ဘီးနဲ့ မကင်းကြပါဘူး။ စက်ဘီးကို နေ့စဉ်လူနေမှုဘဝမှာ အသုံးချနေကြဆဲ လူတွေရှိကြသလို နေအိမ်တွေမှာလည်း စက်ဘီးပိုင်ဆိုင်တဲ့လူတွေ အများအပြားရှိနေကြတာမို့ပါ။

နိုင်ငံတကာမှာဆိုရင်တော့ စက်ဘီး စီးတဲ့ အလေ့အထ ပြန်လည် ခေတ်စားလာနေပြီး တိုင်းပြည်အသီးသီးရဲ့ အစိုးရတွေက စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ဖောက်ပေးဖို့တောင် ကြိုးပမ်းနေကြပါပြီ။ ရန်ကုန်မှာလည်း တချို့နေရာတွေမှာ စက်ဘီး သီးသန့်လမ်းလေးတွေ ရှိနေပါပြီ။ နောက်ပြီး စက်ဘီး အေးအေးလူလူထွက်စီးလို့ရတဲ့ နေရာတွေလည်း ရှိပါရဲ့။

စက်ဘီး စီးတာက ကျန်းမာရေးအကျိုးကျေးဇူးတွေ များပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ ဆိုတာကို ပြောပြပါရစေ။

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ

စက်ဘီးစီးတာဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ စက်ဘီးစီးတဲ့အလေ့အထဟာ အိမ်တွင်းအောင်းနေရတာကြောင့် စိတ်ဓာတ်ကျနေတဲ့လူတွေ၊ စားလိုက်အိပ်လိုက်နဲ့နေနေရတာမို့ အဝလွန်နေတဲ့လူတွေကို ကျန်းမာကြံ့ခိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

ပုံမှန်အားဖြင့် စက်ဘီးစီးတာဟာ ကိုယ်အလေးချိန် လျှော့ချတာအပြင် နှလုံးရောဂါကင်ဆာရောဂါ၊ သွေးတိုး၊ ဆီးချို၊ အရိုးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ သက်သာစေဖို့ အကျိုးပြုနိုင်ပါတယ်။ သက်လုံလည်း ကောင်းစေနိုင်ပါသေးတယ်။

မနက်ခင်း စောစောလေးတွေထပြီး အေးအေးလူလူ စက်ဘီး စီးပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ အောက်ပါအတိုင်း အကျိုးထူးတွေ ခံစားလာရမှာပါ။

  • ထိခိုက်ဒဏ်ရာ ရတာ နည်းလာမယ်၊
  • ကြွက်သားတွေ တောင့်တင်းကြံ့ခိုင်လာမယ်၊
  • အားကစားပြုလုပ်ရာမှာ ပိုမို လွယ်ကူလာမယ်၊
  • ကြံ့ခိုင်မှုနဲ့ သက်လုံ ကောင်းမွန်လာမယ်၊
  • စိတ်ငြိမ်းချမ်းမယ်၊
  • သွေးလေလည်ပတ်မှု ကောင်းမယ်၊
  • နုပျိုမယ်၊ စိတ်ခံစားချက် ကောင်းမွန်မယ်၊
  • ဖျားနာတာ၊ ထိခိုက်ဒဏ်ရာ ရတာတွေ ဖြစ်ခဲ့ရင် ပျောက်ကင်းနှုန်း ပိုမိုမြန်ဆန်လာမယ်
  • ကိုယ်ရည်စစ်လာမယ်။

တကယ်လို့ သင်က ပုံမှန် စက်ဘီးစီးနေတဲ့ သူတစ်ယောက် ဆိုပါစို့။ ဒါဆိုရင်တော့ စက်ဘီး ပုံမှန် စီးတာကြောင့် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အကျိုးကျေးဇူးအများအပြား ရရှိလာမှာပါ။ ဘာတွေလဲ ဆိုရင်တော့

  • ပေါ့ပါးသွက်လက်လာမယ်
  • အဆစ်အမြစ်တွေ အားကောင်းလာမယ်
  • စိတ်ဖိစီးမှု လျော့ကျလာမယ်
  • နှလုံးကြံ့ခိုင်မှု တိုးတက်လာမယ်
  • အရိုးတွေ ခိုင်မာလာမယ်
  • အဆီတွေ လျော့ကျလာမယ်
  • ခန္ဓာကိုယ် တောင့်တင်းသန်မာလာမယ်
  • ကိုယ်ဟန်အနေအထား ကြည့်ကောင်းလာမယ်
  • စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကတွေကို လျှော့ချနိုင်လာမယ်။

စက်ဘီးကို အလှစီးတာ မဟုတ်ဘဲ ကုန်ကျစရိတ် သက်သာစေဖို့၊ ဘေးအန္တရာယ် ကင်းစေဖို့၊ သွားလာရေး လွယ်ကူစေဖို့၊ ကျန်းမာစေဖို့ ရည်ရွယ်ပြီး စီးသင့်ပါတယ်။

ကိုဗစ်ကာလကြီးအတွင်း စိတ်ရောကိုယ်ပါ ကျန်းမာဖို့နဲ့ အသုံးစရိတ် တွက်ခြေကိုက်ဖို့အတွက် စက်ဘီးစတဲ့ အလေ့အထကို ပြန်လည်အသုံးချလာပါတယ်။ ပြောရရင် စက်ဘီး စီးတာက ကမ္ဘာတစ်လွှားမှာ လူကြိုက်များတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်လာနေပါပြီ။

တကယ်လို့ ကိုယ့်ကျန်းမာရေး တစ်ခုတည်းအတွက်ပဲ ရည်ရွယ်ပြီး တစ်နေ့ကို ၂ နာရီလောက် အချိန်ပေးပြီး စက်ဘီး စီးမယ်ဆိုရင်တောင်မှ သိပ်မကြာခင်မှာ သင့်ရဲ့ ကျန်းမာရေးဟာ သိသိသာသာ ပြောင်းလဲတိုးတက်လာမှာပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.bicycling.com/training/a20005718/11-things-that-happen-when-you-ride-all-winter/

https://www.healthline.com/health/fitness-exercise/cycling-benefits

https://www.betterhealth.vic.gov.au/health/healthyliving/cycling-health-benefits

https://www.cyclingweekly.com/news/latest-news/benefits-of-cycling-334144

ယခုပုံစံ

24/01/2024

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ

ဆောင်းရာသီမှာ လည်ချောင်းမနာဖို့ ဒီလိုကာကွယ်ကြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement