ပန်းသစ်တော်သီးမှာ ဓာတ်တတိုးဆန့်ကျင်အာနိသင်၊ ရောင်ရမ်းမှုကို သက်သာစေတဲ့အာနိသင်၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်၊ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်၊ ဓာတ်မတည့်မှုကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေကို ပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မျာဖြစ်နေတဲ့ နာကျင်ရောင်ရမ်းမှုတွေ၊ အရေပြားအနာတွေကို သက်သာစေဖို့အတွက် ပန်းသစ်တော်သီးကို စားပေးလို့ရပါတယ်။
ကင်ဆာကာကွယ်တဲ့ အနေနဲ့လည်း ပန်းသစ်တော်သီးကို စားပေးလို့ရပါတယ်။
ဦးနှောက်ကျန်းမာစေတယ်
ပန်းသစ်တော်သီးမှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့်နှလုံးကျန်းမာစေနိုင်သလို အာရုံကြောနဲ့ကြွက်သားတွေကို ကျန်းမာစေနိုင်ပါတယ်။ ပိုတက်ဆီယမ်က ဦးနှောက်ကို အာဟာရဓာတ်တွေ အကောင်းဆုံးဖြည့်တင်းပေးနိုင်ပြီး အာရုံကြောတွေကို အကောင်းဆုံးလှုပ်ရှားနိုင်အောင် လှုံ့ဆော်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေနိုင်တယ်
ပိုတက်ဆီယမ်ကြွယ်ဝမှုက အာရုံကြောတွေနဲ့ သွေးပေါင်ချိန်ကိုတင် ကောင်းမွန်စေတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်စုပ်ယူနိုင်စွမ်းကို မြင့်မားစေပြီး ရိုးတွင်းခြင်ဆီတွေကို အကောင်းဆုံးဖြစ်ပေါ်စေပါတယ်။ အရိုးသိပ်သည်းဆကို ကောင်းစေပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။
အရည်ရွှမ်းတဲ့ ပန်းသစ်တော်သီးကိုစားရင်း ခန္ဓာကိုယ်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်လိုက်ပါ…………..
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။