အသီးအရွက်လေးတွေ တော်တော်များများက အာဟာရဓာတ် ကြွယ်ဝကြသလို ကျန်းမာရေးအာနိသင်လည်းများပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေး အတွက် ဥသျှစ်ရွက် က ဘယ်လိုအကျိုးပြုလဲဆိုတာကို ကြည့်လိုက်ရအောင်လား………..
ဥသျှစ်ရွက် ဆိုတာ
ဥသျှစ်ပင်ဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ဥသျှစ်ရွက်က အစိမ်းရောင်ရှိပြီး ခပ်ရှိန်ရှိန်းအနံ့မွှေးမွှေးလေးရှိပါတယ်။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလိုမြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်းပေါက်ရောက်ကြပါတယ်။
ဥသျှစ်ရွက်ကပေးတဲ့ ကျန်းမာရေး….
ဥသျှစ်ရွက်နုနုလေးတွေက တို့စားလို့ရပါတယ်။ ဒီတို့စားလို့ကောင်းတဲ့ ဥသျှစ်ရွက်လေး စားသုံးပေးတာက
ဆီးချိုကို ထိန်းပေးနိုင်တယ်
ဥသျှစ်ရွက်က သဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ ဒီအာနိသင်က သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းမှန်တာက ပန်ကရိယကကို အင်ဆူလင်ထုတ်လွှတ်အောင် လှုံဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးတာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။
ဝမ်းမှန် စေနိုင်တယ်
နှလုံးရောဂါ သက်သာစေနိုင်တယ်
ဥသျှစ်ရွက်က နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ သွေးတွင်းကိုလက်စထရောပမာဏကို ကျစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါ မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ပန်းနာရင်ကျပ် နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်နိုင်တယ်
ဥသျှစ်ရွက်က အအေးမိတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ကူးစက်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဥသျှစ်ရွက်ကို အစိမ်းပဲ တို့စားစား၊ ရေနွေးဆူဆူထဲကို ထည့်ပြီး ပေါင်းခံရည်ကိုပဲ သောက်သောက် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပြီ အအေးမိတာ နဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။
ပါးစပ်ထဲက အနာတွေကို သက်သာစေနိုင်တယ်
ဥသျှစ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေပြီး ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တာကြောင့် ခံတွင်းထဲက အနာတွေကို သက်သာစေဖို့ စားသုံးပေးလို့ ရပါတယ်။
ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်တယ်
ပူပြင်းတဲ့ နွေရာသီလို ရာသီမျိုးမှာ ခန္ဓာကိုယ် အပူချိန်ကို အကောင်းဆုံး ထိန်းညှိနိုင်ဖို့ ဥသျှစ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ဥသျှစ်ရွက်က ကိုယ်တွင်း ကအပူချိန်ကို ထိန်းညှိပေးပြီး ရေဓာတ်ဖြည့်ပေးနိုင်သလို အစာအိမ်တွင်းက အက်ဆစ်ပမာဏကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။
အရေပြား ဓာတ်မတည့်တာကို သက်သာစေနိုင်တယ်
အရေပြားမှာ ဓာတ်မတည့်မှု တစ်ခုခုကြောင့် အဖုအပိမ့်တွေ ထွက်တဲ့အခါ ဥသျှစ်ရွက်ကို ရေစင်အောင် ဆေးလို့ ကြိတ်ခြေပြီး လိမ်းပေးလို့ ရပါတယ်။ ဥသျှစ်ရွက်ပြုတ်ရည်ကို သောက်ပေးလို့လည်း ရပါတယ်။
ဥသျှစ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုပေမယ့် တန်ဆေး လွန်ဘေးဆို သလိုပါပဲ။ ဥသျှစ်ရွက်ကို အလွန်အကျွံ စားသုံးမယ် ဆိုရင်
- ဝမ်းချုပ်တာ
- လေအောင့်တာ
- အစာအိမ်နာတာ
- သွေးတွင်းသကြားဓာတ် ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတိပေးချင်တာက ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် ဥသျှစ်ရွက်ကို စားမယ်ဆိုရင်တောင် သင့်တင့်တဲ့ ပမာဏပဲ စားပါ။
>> တတိုင်းမွှေး အခုလို ဆေးဖက်ဝင်ပါတယ်
[embed-health-tool-bmi]