backup og meta

သွေးနီဥအားနည်းတယ် ဘာတွေစားရမလဲ

သွေးနီဥအားနည်းတယ် ဘာတွေစားရမလဲ
အားနည်းနေသလိုခြေကုန်လက်ပမ်းကျသလိုခံစားနေရပြီလား။ ဒါတွေကသွေးအားနည်းမှုရဲ့ လက္ခဏာတွေဖြစ်နေနိုင်တယ်နော်။ တစ်နေ့တာရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ အားမရှိသလို ခံစားနေရပြီဆိုရင် ခန္ဓါကိုယ်ထဲမှာသွေးနီဥအားနည်းနေတာကြောင့်သွေးအားနည်းရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။ ကိုယ်တွင်းမှာသွေးနီဥအားနည်းလာတဲ့အခါ ခန္ဓါကိုယ် အစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင် ရောက်ရှိနိုင်မှုက ခက်ခဲလာပြီး ပင်ပန်းနွမ်းနယ်မှုကို ပိုမိုခံစားရနိုင်ပါတယ်။

သွေးနီဥဆဲလ်တွေဆိုတာက

သွေးနီဥဆဲလ်တွေက လူတွေရဲ့သွေးတွေထဲမှာ အများဆုံးတွေ့ရနိုင်တဲ့သွေးဆဲလ်တွေပါ။ ခန္ဓါကိုယ်က တစ်နေ့တာမှာသွေးနီဥဆဲလ် သန်းပေါင်းများစွာကို ထုတ်လွှတ်ပါတယ်။သွေးနီဥဆဲလ်တွေကို ရိုးတွင်းခြင်ဆီတွေကနေ ထုတ်လုပ်ပေးတာဖြစ်ပြီး ခန္ဓါကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀လောက်လှည့်လည် စီးဆင်းပါတယ်။ပြီးတဲ့နောက်မှာတော့ အသည်းဆီကိုရောက်ရှိသွားပြီးနောက်တစ်ကြိမ် အသစ်ဖြစ်ပေါ်မှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါတယ်။

သွေးနီဥအားနည်းနေရင် ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ

ခန္ဓါကိုယ်မှာသွေးနီဥအားနည်းနေတဲ့အခါ
  • နှလုံးခုန်မြန်မယ်
  • နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲဖြစ်မယ်
  • အရေပြားကဖျော့တော့နေမယ်
  • သွားဖုံးတွေဖြူနေမယ်
  • မကြာခဏဆိုသလို အရေပြားမှာ အညိုအမဲစွဲမယ်
  • မကြာခဏခေါင်းကိုက်မယ် စတဲ့
  • ပင်ပန်းနေမယ်
  • ကြွက်သားတွေ အားနည်းလာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

သွေးနီဥအားနည်းစေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ……..

ခန္ဓါကိုယ်မှာသွေးနီဥ အားနည်းစေတဲ့အချက်က တစ်ခုမကရှိနေနိုင်ပါတယ်။သွေးနီဥအားနည်း အများစုကသွေးအားနည်းရောဂါကို ခံစားနေကြရတာပါ။

  • သံဓါတ်ချို့တဲ့မှုကြောင့်
  • ဗီတာမင် B12 ချို့တဲ့မှုကြောင့်
  • သွေးဆုံးရှုံးမှုကြောင့်
  • သွေးကင်ဆာခံစားနေရတာ
  • ကင်ဆာရောဂါတစ်ခုခုခံစားနေရတာ
  • ကေျာက်ကပ်ရောဂါခံစားနေရတာ
  • အသည်းရောဂါခံစားနေရတာ
  • သိုင်းရွိုက်ဂလင်းကဟော်မုန်းအလုံအလောက်မထုတ်နိုင်တဲ့ အခြေအနေကို ခံစားနေရတာ
  • အဆုတ်ရောဂါရှိတာ
  • ဆေးလိပ်အလွန်အကျွံသောက်သုံးတာ
  • အပူလောင်ထားတာ
  • ကိုယ်လက်လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာတို့ကြောင့် ကိုယ်တွင်းမှာသွေးနီဥဆဲလ်အရေအတွက် နည်းနေနိုင်ပါတယ်။

သွေးနီဥအားနည်းသူတိုင်းမေ့ထားလို့မဖြစ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေက ဘာတွေဖြစ်မလဲ……….

သွေးနီဥအားနည်းသူတွေအနေနဲ့နေ့စဉ်စားသုံးမှုမှာ ဒီ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို ပါဝင်အောင်ထည့်သွင်းစားသုံးပေးသင့်ပါတယ်။

ဘာတွေစားပေးရမလဲ…….

သွေးနီဥဆဲလ် အားနည်းနေသူတွေအနေနဲ့

သံဓါတ်ပြည့်ဝစေဖို့အတွက်

  • အနီရောင်အသား (အမဲသား)
  • လိမ္မော်ရောင်အသား (ကျောက်ကပ် နဲ့ အသည်း)
  • အစိမ်းရောင် ဟင်းသိးဟင်းရွက်တွေ ( ဟင်းနုနွယ်၊ ကိုက်လန်)
  • သစ်သီးခြောက်တွေ ( ဇီးသီးခြောက်၊ စပျစ်သီးခြောက်)
  • ပဲအမျိုးမျိုး
  • ကြက်ဥအနှစ် တို့ကို စားပေးသင့်ပါတယ်။

ဖောလစ်အက်ဆစ်ပြည့်ဝစေဖို့အတွက်

  • ဖောလိတ်ဓါတ် ဖြည့်စွက်ထားတဲ့ပေါင်မုန့်
  • ဖောလိတ်ဓါတ် ဖြည့်စွက်ထားတဲ့ ဆီရီယယ်
  • အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် ( ဟင်းနုနွယ်၊ ကိုက်လန်)
  • ပဲအမျိုးမျိုး
  • ပဲနီလေး
  • အခွံမာသီးတွေ စားပေးလို့ရပါတယ်။

ဗီတာမင် B12ပြည့်ဝနေစေဖို့အတွက်

  • အနီရောင်အသား (အမဲသား)
  • ငါး
  • နို့ထွက်ပစ္စည်း (နွားနို့၊ ချိစ်)
  • ဥအမျိုးမျိုး တို့ကို စားပေးလို့ရပါတယ်။

ကော့ပါးပြည့်ဝနေစေဖို့အတွက်

  • ကြက်သား
  • ပင်လယ်ငါး
  • အသည်း
  • ပဲအမျိုးမျိုး
  • ချယ်ရီသီး
  • အခွံမာသီးတွေစားပေးလို့ရပါတယ်။

ဗီတာမင် Aပြည့်ဝနေစေဖို့အတွက်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် ( ဟင်းနုနွယ်၊ ကိုက်လန်)

  • ကန်စွန်းဥ
  • သစ်သီးဖျော်ရည်တွေ
  • မုန်လာဥနီ
  • ငရုတ်ပွ
  • ဖရဲသီး
  • ဂရိတ်ဖရုစ်
  • သခွားမွှေးစတာတွေ စားပေးလို့ရပါတယ်။

ကိုယ်တွင်းမှာသွေးနီဥဆဲလ်မနည်းစေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေက

ကိုယ်တွင်းမှာ သွးနီဥဆဲလ်တွေမနည်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လည်း လိုပါမယ်။

  • ဆေးလိပ်လျှော့သောက်ပါ
  • အရက်လျှော့သောက်ပါ
  • အာဟာရပြည့်ဝအောင်စားသုံးပါ
  • ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ
  • တောင်တက်ပါ
  • အပြေးလေ့ကျင့်ပါ
  • ရေကူးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

28/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးဖြူဥ နည်းနေတာလား

သွေးဖြူဥနည်းသူတွေ ဘာတွေစားရမလဲ



Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement