အစာအဆိပ်မသင့်အောင်ဘာတွေ ဂရုစိုက်ရမလဲ…………
အစာအဆိပ်သင့်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက သန့်ရှင်းမှုအားနည်းခြင်းပါ။ ဒီတော့ ဆင်ခြင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။
- တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
 - လက်ကိုသန့်စင်အောင်ဆေးကြောပါ။
 - အစားအစာတွေကိုသေချာကျက်အောင်ချက်ပြုတ်ပါ။
 - အသားစိမ်း၊ ငါးစိမ်းတွေ မစားပါနဲ့။
 - သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေကိုမစားပါနဲ့။
 - သောက်သုံးရေ သန့်ရှင်းမှုကို ဂရုပြုပါ။
 - သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကိုသေချာလေးဆေးကြောသန့်စင်ပါ။
 - နို့တွေကို ကျိုပြီးမှသောက်ပါ။
 - ကြက်ဥအပါအဝင် ဥအမျိုးမျိုးကို အစိမ်းမစားပါနဲ့။
 
အစာအဆိပ်သင့်နေတာလား ဘယ်လိုသိနိုင်မလဲ………..
အစာအဆိပ်သင့်တဲ့အခါ ခန္ဓါကိုယ်မှာ အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။
- ဗိုက်အောင့်မယ်
 - ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်
 - ခေါင်းကိုက်မယ်
 - အော့အန်မယ်
 - အဖျားတက်မယ်
 - စားချင်စိတ်မရှိဖြစ်မယ်
 - ခြေကုန်လက်ပမ်းကျမယ်
 - ချမ်းတုန်မယ်
 - မအီမသာဖြစ်မယ်
 - ကြွက်သားတွေနာကျင်ကိုက်ခဲမယ်
 - ရေငတ်မယ်
 - နှုတ်ခမ်းခြောက်မယ်၊ ခံတွင်းခြောက်မယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
 
ဘယ်လိုအချိန်မှာ ဆရာဝန်ပြဖို့လိုမလဲ………….
အစာအဆိပ်သင့်တာကြောင့် ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့လိုပါမယ်။
- ခန္ဓါကိုယ်မှာရေဓါတ်ခမ်းခြောက်လာမယ်၊ ခံတွင်းခြောက်မယ်၊ ဆီးမသွားတော့ဘူး။ မျက်လုံးတွေရောင်လာမယ် ဆိုရင်
 - ဝမ်းတွေတစ်ချိန်လုံးသွားနေမယ်ဆိုရင်
 - ဘာအရည်မှသောက်လို့မရတော့ဘူးဖြစ်နေမယ်ဆိုရင်
 - အော့အန်နေမယ်
 - အဖျားက ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက်ကျော်နေမယ်
 - ဝမ်းတွေက အမဲရောင်တွေဖြစ်နေမယ်၊ ဝမ်းထဲမှာသွေးပါမယ်
 - ကြွက်သားတွေအားနည်းနေမယ်
 - အမြင်အာရုံတွေဝါးနေမယ်
 - အာရုံတွေရှုပ်ထွေးမယ်
 - အသားတွေဝါလာမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြဖို့လိုပါတယ်။
 
[embed-health-tool-bmi]
















