backup og meta

ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့

လူတွေရဲ့ စည်းကမ်းမဲ့မှုနဲ့အတူ ကမ္ဘာကြီး ပူနွေးလာပြီး ရေခဲမြစ်တွေ အရည်ပျော်တာ၊ သစ်တောတွေ ပြုန်းတီးမှုရဲ့ အကျိုးဆက်အနေနဲ့ မိုးတွင်း ရောက်လာတိုင်း ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ အနေအထားကို ကျော်လွန်ပြီး ရေကြီး ရေနစ်မြုပ်တဲ့ အဆင့်ကို ရောက်ရှိလာနေပါတယ်။

ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့

တစ်နှစ်ထက် တစ်နှစ် ရေကြီးမှုတွေ က ပိုများလာသလို ပိုပြီးလည်း ပြင်းထန်လာနေပါတယ်။ ဒီတစ်ခေါက်တော့ မိုးတွင်းမှာ မျှော်လင့်မထားတဲ့ ရေကြီးမှုတွေ အန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ကာကွယ်နိုင်စေမယ့် နည်းလမ်းလေးတွေကို ဒီ ဆောင်းပါးလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။ ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့ လိုက်နာစရာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

ရေကြီးမှုကြောင့် ထိခိုက်မှုကင်းစေဖို့

ရေကြီးမှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

ရေမကြီးခင် ဘာတွေပြင်ဆင်ရမလဲ

ရေကြီး လာနိုင်တဲ့ အလားအလာတွေ ရှိနေမယ်၊ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်တဲ့ အခါမျိုးမှာ ဒီအချက်တွေကို ပြင်ဆင်ထားဖို့ လိုပါမယ်။

  • သောက်သုံးရေ သိုလှောင်ပါ
  • အဝတ်လျှော်စက်၊ အဝတ်ခြောက်စက်၊ ဆံပင် အခြောက်ခံစက် စတဲ့ လျှပ်စစ်နဲ့ အသုံးပြုရတဲ့ ပစ္စည်းတွေကို ရေမရောက်နိုင်တဲ့ နေရာမှာ ထားပေးပါ
  • အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို လုံခြုံအောင် သိမ်းဆည်းပါ
  • ရေသန့်ဆေး ကြိုဆောင်ထားပါ
  • လိုအပ်မယ့် ဆေးဝါးအသုံးအဆောင်တွေ ပြင်ဆင်ထားပါ
  • စားစရာတွေ သိုလှောင်ထားပါ
  • လက်နှိပ်ဓာတ်မီး
  • ရေဒီယို
  • ဓာတ်ခဲအပို
  • ရေမလို လက်သန့်ဆေးရည် စတာတွေကို ပြင်ဆင်ထားသင့်ပါတယ်။

ရေကြီးနေချိန်မှာ ဘာတွေပြင်ဆင်ရမလဲ

ရေကြီး နေချိန်မှာ အကောင်းဆုံး စောင့်ရှောက်မှုက မဖြစ်မနေ လိုအပ်မှာပါ။

  • လျှပ်စစ်မီး စီးဝင်မှုမရှိစေဖို့ မိန်းချထားပါ
  • အစားမစားခင် စားပြီးချိန်နဲ့ အိမ်သာဝင်ပြီးချိန်တွေမှာ လက်ကို သေချာသန့်စင်ပါ
  • သိုလှောင်ထားတဲ့ ရေကိုပဲ အသုံးပြုပေးပါ
  • ရေဒီယိုကို နားထောင်ပေးပါ
  • ရေကြီးနေတဲ့ ရေထဲကို ဖြတ်မလျှောက်ပါနဲ့
  • ရေကြီးနေတဲ့ ရေတွေကို မသုံးပါနဲ့
  • ဝမ်းနူးစာတွေ မစားပါနဲ့
  • ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။

ရေကျသွားတဲ့အခါ ဘာတွေဂရုစိုက်ဖို့လိုမလဲ

ရေကြီး ပြီး ပြန်ကျသွားပြီဆိုရင်

  • အိမ်မှာ ပျက်စီးမှု တစ်စုံတရာ ရှိ၊ မရှိ သေချာ စစ်ဆေးပါ
  • မှောင်တဲ့ နေရာတွေကို လက်နှိပ်ဓာတ်မီးနဲ့ သွားပါ
  • ရေကြီးတုန်းက ရေတွေကို ပြန်မသုံးပါနဲ့
  • ရေတွေကို ကလိုရင်းခတ်ပြီးမှ သုံးပါ
  • ရေကျပြီးသွားချိန်မှာ လျှပ်စစ်မီးတွေကို အလောတကြီး မဖွင့်ပါနဲ့
  • နေအိမ်ကို သေချာ သန့်ရှင်းသွားအောင် လုပ်ပါ၊ လိုအပ်ရင် ပိုးသတ်ဆေးတွေသုံးပါ
  • သန့်ရှင်းရေး လုပ်တဲ့အခါ လည်ရှည်ဖိနပ်၊ လက်အိတ်တွေဝတ်ပါ
  • ရေတက်စဉ်က အသုံးပြုထားတဲ့ အသုံးအဆောင်တွေ အားလုံးကို သန့်စင်ပါ၊ လိုအပ်ရင် ပိုးသတ်တာမျိုးတွေ လုပ်ပါ
  • အာဟာရ ပြည့်ဝအောင် စားသုံးပါ
  • ပြည့်ပြည့်ဝဝ အနားယူပေးပါ
  • သန့်ရှင်းမှု အားနည်းတဲ့ အစားအသောက်တွေ မစားပါနဲ့
  • အသုံးပြုမယ့် ရေအရင်းအမြစ်ကို သေချာဂရုစိုက်ပါ။

ဒီအချက်တွေကို သေချာ ဂရုစိုက်ပြီး ရေကြီးတဲ့ အချိန်မှာ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ရေကြီးမှုကြောင့် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ် နဲ့ ကျန်းမာရေး ထိခိုက်မှုတွေကနေ ကာကွယ်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Flood safety tips: what to do before, after and during a floodhttps://www.nationwide.com/floods.jsp Accessed Date 30 July 2019

What To Do Before, During, and After a Floodhttps://www.ci.patterson.ca.us/488/What-To-Do-Before-During-and-After-a-FloAccessed Date 30 July 2019

ယခုပုံစံ

12/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရေလွှမ်းမိုးချိန်တွင် အဖြစ်များသော ရောဂါများ

မိုးရာသီမှာ လိုက်နာရမယ့် အခြေခံကျန်းမာရေး ဂရုစိုက်မှု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/10/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ