backup og meta

မျက်ကပ်မှန်ကပိုကောင်းလား။ မျက်မှန်က ပိုကောင်းလား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်ကပ်မှန်ကပိုကောင်းလား။ မျက်မှန်က ပိုကောင်းလား ။ ။

    အမြင်အာရုံ အားနည်းတဲ့သူတွေအတွက် မျက်မှန်တို့ မျက်ကပ်မှန်တို့ဆိုတာ တကယ်မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ တစ်ခုရှိတာက မျက်လုံးအားနည်းနေလို့ မျက်မှန်တပ်မလား မျက်ကပ်မှန်တပ်မလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှု အပေါ်မှာ မူတည်တာများပါတယ်။ မျက်မှန်ကျတော့ တပ်ထားရင် ရုပ်ရင့်စေလို့ မျက်ကပ်မှန်ကျတော့ တပ်ထားမှန်းမသိဘဲ နဂိုပုံစံအတိုင်းလေးပဲဆိုတော့ ပိုကောင်းစေလို့ဆိုပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်တတ်ကြပါတယ်။ နှစ်ခုလုံးက အမြင်အာရုံကို ပြန်ပြီး တည့်မတ်ပေးတယ်ဆိုပေမယ့် သူတို့နှစ်ခု ဘယ်သူကပိုကောင်းလဲဆိုတာ အငြင်းပွားလာကြတာခုထိပါ။

    မျက်မှန်နဲ့ မျက်ကပ်မှန် ဘယ်ဟာက ပိုကောင်းလဲ ။ ။

    မျက်မှန်

    အားသာချက် –

  • မျက်မှန်က မျက်လုံး အပြင်ပိုင်းကနေ အမြင်အာရုံကို တည့်မတ်ပေးတာဖြစ်လို့ မျက်လုံးကို လက်နဲ့ထိစရာမလိုပါဘူး။ ဒီတော့ မျက်လုံးထဲဖုန်ဝင်တာ၊ ပိုးဝင်တာတွေ ကင်းပြီး မျက်စိနာတာတွေဖြစ်ေစေမှာ မဟုတ်ပါဘူး။
  • နဂိုတည်းက ကွန်ပျူတာ အကြည့်များပြီး မျက်လုံးခြောက်တဲ့သူတွေအတွက်ဆို မျက်မှန်က ကွန်ပျူတာက အလင်းရောင်တွေကို ကာကွယ်ပေးနိုင်လို့ မျက်လုံးခြောက်တာကိုလည်း သက်သာစေဦးမှာပါ။
  • နောက်တစ်ခု ပိုကောင်းတာကတော့ မျက်မှန်က မျက်ကပ်မှန်တွေထက် ဈေးသက်သာပြီး အချိန်ကြာကြာ အသုံးပြုလို့ရတဲ့အပြင် သုံးရတာလည်း လွယ်ကူပါတယ်။ ဒီဂရီ အတိုးအလျှော့ပြန်လုပ်ချင်ရင် ကိုင်းလေးကိုချန်ခဲ့ပြီး မှန်အသစ်လဲလိုက်ရုံပါပဲ။
  • ပြင်ပက ဖုန်တွေ၊ လေတွေနဲ့ အခြား အမှုန်အမွှားတွေ မျက်လုံးထဲ မဝင်အောင် မျက်မှန်က ရှေ့ကနေ ကာကွယ်ပေးထားနိုင်ပါသေးတယ်။
  • ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုင်းလေးရွေးပြီး အဝိုင်းပုံစံနဲ့ တပ်မလား၊ လေးထောင့်ပုံစံနဲ့တပ်မလား စတိုင်ကျနေဦးမှာနော် ။
  • အားနည်းချက် ။ ။

    • မျက်မှန်တွေက မျက်လုံးကနေ ၁၂ မီလီမီတာ အကွာအဝေးလောက်မှာပဲ ရှိနေရတာကြောင့် peripheral vision ဘေးဘက်အမြင်အာရုံတွေ ယိုင်သွားတတ်ပါတယ်။ ဒါ့ကြောင့် မျက်မှန်စစတပ်ချင်းမှာ ၊ ဒီဂရီပြောင်းလဲလိုက်ချင်းချင်းမှာ အမြင်အာရုံ နှစ်ထပ်ပေါ်တာ၊ အမြင်အာရုံ ဝေဝါးတာတွေ ဖြစ်ရတာပါ။
    • တစ်ချို့ကတော့ မျက်မှန်တပ်ထားလိုက်ရင် ရှိရင်းစွဲ အသက်ထက်ပိုရင့်သွားတတ်ကြပါတယ်။
    • ဒီဂရီများလေလေ မျက်မှန်ထူလေလေဖြစ်ပြီး မျက်မှန်ချွတ်ထားတဲ့အခါ မျက်လုံးကြီး စင်းပြီး ကြည့်ရဆိုးတတ်ပါတယ်။
    • ဆောင်းတွင်းလို အေးတဲ့အချိန်ရေငွေ့ရိုက်တာ၊ လက်တွေနဲ့ကိုင်မိပြီး မျက်မှန်မှာ လက်ဆီတွေ ပေနေတာမျိုးတွေက မျက်မှန်တပ်သူတိုင်းကို စိတ်အနှောင့် အယှက်ဖြစ်စေတဲ့ အရာပါ။
    • တစ်ချို့လေးတဲ့မျက်မှန်တွေက နှာခေါင်းသားပေါ်မှာချိုင့်လေးတွေ ပေါ်စေတာ၊ တင်းနေတဲ့မျက်မှန်ကြောင့် နားထင်သားကိုဖိမိပြီး ခေါင်းကိုက်တာမျိုးတွေ လည်းဖြစ်တတ်ပါတယ်။

    မျက်ကပ်မှန် ။ ။

    အားသာချက် ။ ။

    • မျက်ကပ်မှန်မှာကျတော့ မျက်လုံးမှာ ကပ်လိုက်ရတာဖြစ်တာကြောင့် မြင်ကွင်းကျယ်ကျယ်ကို ပြန်တည့်မတ်ပေးနိုင်ပြီး မျက်မှန်လိုမျိုး ဘေးဘက် အမြင်အာရုံ ယိုင်တာမျိုးတွေကို မဖြစ်စေနိုင်ပါဘူး။
    • လေ့ကျင့်ခန်း ဘယ်လောက်လုပ်လုပ် ၊ ဘယ်လောက်ခုန်ခုန် ပြုတ်ကျသွားမှာ မကြောက်ရတဲ့အတွက် အဆင်ပြေစေပါတယ်။
    • မျက်ကပ်မှန်ဆိုတော့ မျက်မှန်လိုမျိုးပေါ်လွင်နေတာမဟုတ်လို့ ကိုယ်တပ်လို့တပ်ထားမှန်း ဘယ်သူမှသိမှာတောင် မဟုတ်ပါဘူး။
    • လက်ဆီ ပေတာ၊ ရေငွေ့ရိုက်တာကြောင့် မြင်ကွင်းမကြည့်တဲ့ ဒုက္ခတွေကနေလည်း ကင်းဝေးစေဦးမှာပါ။
    • ကိုယ့်လက်ရှိမျက်လုံးအရောင်မဟုတ်ဘဲ နောက်ထပ်ကိုယ်ကြိုက်တဲ့ အရောင်ရအောင် မျက်ကပ်မှန်မှာ ရွေးချယ်လို့ရတာကြောင့် ဖက်ရှင်လည်းကျစေဦးမှာနော်။

    အားနည်းချက် ။ ။

    • အားလုံးသိကြတဲ့အတိုင်း မျက်ကပ်မှန် စစချင်းတပ်တဲ့သူတွေတိုင်း မျက်လုံးထဲ မျက်ကပ်မှန် ရောက်အောင် မနည်းကြိုးစားရတာချည်းပါပဲ။
    • မျက်ကပ်မှန် တပ်ထားတော့ မျက်လုံးနဲ့ အောက်ဆီဂျင်ထိတွေ့နိုင်မှုကို ကာထားသလိုဖြစ်တာကြောင့် မျက်လုံးခြောက်တဲ့ ပြဿနာကို ဖြစ်စေပါတယ်။
    • မျက်ကပ်မှန်က ကွန်ပြူတာက ထွက်လာတဲ့ အလင်းတန်းတွေကို ကာကွယ်မပေးနိုင်တာကြောင့် မျက်ကပ်မှန် တပ်ထားပြီး ကွန်ပြူတာကြည့်တဲ့အခါ မျက်လုံးညောင်းတာတွေကို ပိုဖြစ်စေပါတယ်။
    • ဒါ့အပြင် မျက်မှန်လိုမျိုး ထားချင်တဲ့နေရာမှာ ချထားလိုက်လို့မရဘဲ ပြင်ပကဖုန်တွေ အမှုန်အမွှားတွေနဲ့ မတွေ့အောင် သေချာ သိမ်းဆည်းထားရတာကြောင့် အလုပ်ပိုရှုပ်စေပါတယ်။ ဒီလို သေချာသိမ်းဆည်းတာမျိုး မလုပ်နိုင်ဘူးဆိုရင် တစ်ခါသုံး မျက်ကပ်မှန်တွေ တပ်ဆင်ဖို့ အကြံပေးချင်ပါတယ်။ ပိုက်ဆံတော့ ပိုကုန်တာပေါ့။
    • မျက်ကပ်မှန် ချွတ်ဖို့မေ့ပြီး အိပ်ပျော်သွားတဲ့အခါ ကိုယ်ဝတ်ထားတဲ့ မျက်ကပ်မှန်ကပဲ မျက်လုံးခြောက်စေတာ၊ မျက်လုံး နီပြီး ယားတာတွေကိုဖြစ်စေလို့ နိုးလာတဲ့အခါ မသက်မသာဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်ကပ်မှန် တပ်တဲ့သူတွေ အနေနဲ့ ညအိပ်ရာဝင်တိုင်း မျက်ကပ်မှန် ပြန်ချွတ်ဖို့ အရေးကြီးတာပါ။

    ဒါတွေကတော့ အမြင်အာရုံကို ပြန်ပြီး တည့်မတ်ပေးတဲ့နေရာမှာ လူသုံးများ နာမည် အကြီးဆုံး ၂ ခုဖြစ်တဲ့ မျက်မှန်နဲ့ မျက်ကပ်မှန်တို့ရဲ့ အားသာချက် အားနည်းချက်တွေပဲ ဖြစ်ပါတယ်။ သူတို့ ၂ ခုမှာ ဘယ်ဟာကပိုကောင်းပါတယ် ဆိုတာမျိုးတော့ မရှိပါဘူး။ ကိုယ်နဲ့ အဆင်ပြေရင် အားလုံးက အကောင်းချည်းပဲမို့ သူတို့နှစ်မှာ ဘယ်သူက ပိုကောင်းတယ်ဆိုတာ တပ်ဆင်ထားတဲ့သူရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်တာပါ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement