backup og meta

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ ….. အရာရာက အစွန်းနှစ်ဖက်ရှိစမြဲပါနော်။ ဒီလိုပါပဲ သွေးတိုးတယ်၊ သွေးပေါင်တက်တယ်ဆိုတာမျိုးရှိသလို သွေးပေါင်ကျတယ်ဆိုတာကလည်း ရှိပါတယ်။ ဘယ်အစွန်းမှကတော့ မကောင်းဘူးပေါ့။ သွေးပေါင်တက်တာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်နိုင်သလို သွေးပေါင်ကျတာကလည်း ထိခိုက်စေတာပါပဲ။ ဒါကလည်း အသက်ဆုံးရှုံးသည်အထိပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ သွေးတိုးလောက်အဖြစ်မများပေမယ့် သတိထားသင့်ပါတယ်နော်။

ဒီတစ်ခေါက်တော့ မြင်ရခဲပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာခဲ့ရင် အကောင်းဆုံးကူညီပေးနိုင်စေဖို့အတွက် သွေးပေါင်ကျတဲ့အခါ လုပ်ဆောင်ပေးသင့်တဲ့ ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးပါရစေနော်။

သွေးပေါင်ကျတယ်ဆိုတာ

သွေးပေါင်ကျတယ်ဆိုတာက လူတစ်ယောက်မှာရှိသင့်တဲ့ သွေးပေါင်ချိန်ထက် လျော့နည်းနေတဲ့အနေအထားပါ။ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပေမယ့် အပေါ်သွေးက ၉၀ mmHg ရှိပြီး အောက်သွေးက ၆၀ mmHg ဖြစ်နေမယ်ဆိုရင် သွေးပေါင်ကျနေပြီလို့သတ်မှတ်ရပါမယ်။ သွေးပေါင်ကျတဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို သွေးလုံလောက်အောင် မရောက်ရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

လက္ခဏာတွေက

သွေးပေါင်ကျတာက သွေးတိုးတာထက်စာရင် လက္ခဏာပြတတ်တာကြောင့် သတိထားမိလွယ်ပါတယ်။ သွေးပေါင်ကျနေတဲ့အခါ ဒီလိုမျိုးလက္ခဏာတွေခံစားရနိုင်ပါတယ်။

  • ခေါင်းထဲက မူးနောက်နောက်ဖြစ်နေမယ်
  • ခေါင်းထဲမှာ ပေါ့ပေါ့ကြီးဖြစ်နေမယ်
  • ထိုင်ရကနေ ထလိုက်ရင်ဖြစ်ဖြစ်၊ ရုတ်တရက်ထရာကနေထိုင်လိုက်ရင်ဖြစ်ဖြစ် ခေါင်းထဲကနေ မိုက်ခနဲမူးမယ်
  • ကတုန်ကယင်ဖြစ်မယ်
  • အိပ်ချင်နေမယ်
  • ချွေးစေးတွေပြန်မယ်
  • ကယောင်ကတမ်းပြောမယ်
  • ခြေလက်တွေမသယ်ချင်ဖြစ်မယ်
  • ခြေဖျားလက်ဖျားနဲ့ အသားတွေ အေးစက်မယ်
  • အသက်ရှူရခက်လာမယ်
  • အသက်ရှူနှုန်းကျလာမယ်။

ပြင်းထန်တဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်မလဲ

သွေးပေါင်ကျတာက သွေးတိုးတာလောက် သိပ်မပြင်းထန်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ သွေးပေါင်ကျတာကလည်း အချိန်ကြာမြင့်လာတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေအနေနဲ့

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ ဆိုတော့ သွေးပေါင်ကျနေသူကို ဆေးရုံဆေးခန်းကိုမပို့ခင်မှာ ဒီနည်လေးတွေသုံးပြီး ပြုစုပေးလို့ရပါတယ်။

သက်သောင့်သက်သာလှဲခိုင်းပါ– သွေးပေါင်ကျတာကြောင့် ခေါင်းမူးနေတယ် ဒါမှမဟုတ် ရီဝေဝေဖြစ်နေတယ်၊ သတိလစ်တာတွေဖြစ်မယ်ဆိုရင် အရင်ဆုံး သက်တောင့်သက်သာဖြစ်အောင်လှဲထားပေးပါ။ မျက်လုံးလေးတွေကို မှိတ်ထားခိုင်းပါ။ အသက်မှန်မှန်ရှူခိုင်းပါ။

ဓာတ်ဆားရည်တိုက်ပါ – ပါးစပ်ကနေသောက်လို့ရတဲ့ အငန်ဓာတ်ပါတဲ့ သောက်စရာတွေဖြစ်တဲ့ ဓာတ်ဆားရည်၊ သီးစုံဓာတ်ဆားနဲ့ အခြားသော ခန္ဓာကိုယ်အတွက် ဆားဓာတ်နဲ့ ရေဓာတ်ဖြည့်ပေးတဲ့ သောက်စရာလေးတွေကို တိုက်ပေးပါ။ အုန်းစိမ်းရည်တိုက်ပေးလို့လည်း ရပါတယ်။ ကိုယ်တွင်း Electrolyte တွေမျှတသွားစေဖို့အတွက်ပါ။ တစ်ခွက်စာကုန်အောင်တိုက်ပေးပါ။

ရေတိုက်ပါ – ဓာတ်ဆားအဆင်သင့်မရှိဘူးဆိုရင် ရေများများတိုက်ပေးလို့ရပါတယ်နော်။ ရေထဲကို ဆားနည်းနည်း၊ သကြားနည်းနည်းထည့်တိုက်လို့ရပါတယ်။ ဒီလိုတိုက်ပေးတာက သွေးပေါင်တက်စေသလို ကိုယ်တွင်း ဂလူးကို့စ်ပမာဏကိုလည်း တိုးတက်စေနိုင်ပါတယ်။

ဆားနည်းနည်းစားခိုင်းပါ – ဆားက သွေးပေါင်တက်စေဖို့ အမြန်ဆုံးလုပ်ပေးနိုင်မှာပါ။ ဒါကြောင့် ဆားလက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ စာလောက်ကို စားခိုင်းပေးပါ။

ဒါက အကြောင်းအရင်းခံ မယ်မယ်ရရ မရှိဘဲ သွေးပေါင်ကျတတ်သူတွေမှာပဲ အသုံးဝင်ပါတယ်။ ဒါတောင် မကြာခဏ ကျတတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

ရုတ်တရက် ဘာကြောင့်မှန်းမသိ သွေးပေါင်ကျရင်ပဲဖြစ်ဖြစ်၊ ခြေဖျားလက်ဖျားတွေ အေးစက်ပြီး သွေးပေါင်ကျရင်ပဲဖြစ်ဖြစ် ဒီနည်းလမ်းတွေကို အသာထားပြီး နီးရာဆေးရုံဆေးခန်းကို အမြန်ဆုံး သွားဖို့ လိုပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်အလွန်အကျွံ ဆုံးရှုံးတာ ဒါမှမဟုတ် ကိုယ်တွင်းသွေးယိုတာတွေကြောင့် ဖြစ်နိုင်လို့ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Nine ways to raise blood pressure https://www.medicalnewstoday.com/articles/319506.php Accessed Date 2 March 2019

Low blood pressure (hypotension) https://www.mayoclinic.org/diseases-conditions/low-blood-pressure/diagnosis-treatment/drc-20355470 Accessed Date 2 march 2019

Understanding Low Blood Pressure — Diagnosis and Treatment https://www.webmd.com/heart/understanding-low-blood-pressure-treatment#1 Accessed Date 2 March 2019

First-aid for low blood pressure https://www.thehealthsite.com/diseases-conditions/first-aid-for-low-blood-pressure-b1215/ Accessed Date 2 March 2019

ယခုပုံစံ

29/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုအတက်အကျ အရေးပေါ်အခြေအနေ ဘယ်လိုပြုစုမလဲ

အပူလျှပ်တဲ့အခါ အရေးပေါ် ဘယ်လိုပြုစုကုသရမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 29/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement